စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 17, 2012

၈၈မျိုးဆက်တွေရဲ့ တေးဂီတပွဲ စက်တင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမည်


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေအတွက် စေတနာဝဿန်လို့ နာမည်ပေးထားတဲ့ ရံပုံငွေဂီတဖျော်ဖြေပွဲကျင်းပဖို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ M(3) စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီ ရံပုံငွေဂီတဖျော်ဖြေပွဲဟာ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် ဂီတအနုပညာရှင်တွေက ပထမဆုံး ပံ့ပိုးကူညီတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီဂီတပွဲဟာ မျိုးဆက်သစ် ကျောင်းသားတွေနဲ့ ဂီတပညာရှင်တွေရဲ့ ညီညွတ်ရေး သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်တဲ့ပွဲဖြစ်တယ်လို့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အဲဒီရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့မရန်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာမှာ လာမယ့်စက်တင်ဘာ (၁) ရက်နေ့ ကျင်းပမှာဖြစ်ပြီး၊ ခင်မောင်တိုး၊ ဇော်ဝင်းထွဋ်၊ ဆောင်းဦးလှိုင်၊ မေခလာ၊ ကော်နီ၊ ချစ်သုဝေ စတဲ့ နာမည်ကျော်အဆိုတော် (၅၀) နီးပါး ပါဝင်သီဆိုကြမယ်လို့ သိရပါတယ်။ ၀င်ကြေးလက်မှတ်တွေကို (၁)သောင်း၊ (၁)သောင်းခွဲ၊ (၂) သောင်း စသဖြင့် သတ်မှတ်ထားပြီး၊ အခုလ (၂၀) ရက်နေ့ကစတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

မဇ္ဈိမလှိုင်း၊ Lazy Club, Metal Zone, ရွှေသံစဉ် စတဲ့ တီးဝိုင်း (၁၆) ၀ိုင်းလောက် တီးခတ်ပေးမှာ ဖြစ်ပြီး၊ ကဗျာရွတ်ပွဲတခုပါ ပူးတွဲကျင်းပသွားမယ်လို့လည်း သိရပါတယ်။

RFA

0 comments: