စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 18, 2012

မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် မြှုပ်နှံသူများအား စတင်သောနှစ်မှ ငါးနှစ်အထိ ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြု၊ နိုင်ငံပိုင်လုပ်ငန်းများအား BOTစနစ်ဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ၊ အရက်၊ ဘီယာ၊ စီးကရက်စက်ရုံများ အကျိုးပိုဖြစ်ထွန်းနိုင်

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Myanmar Brewery Ltd၏ ဘီယာစက်ရုံ ဓာတ်ပုံ -၀င်းမြင့်ကျော်

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် မြှုပ်နှံသူများအား လုပ်ငန်းစီးပွားဖြစ် စတင်သည့် နှစ်အပါအ၀င် တစ်ဆက်တည်း ငါးနှစ်အထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြု ထားကြောင်း သြဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းအတွက် နိုင်ငံပိုင်လုပ်ငန်းများအား BOT စနစ်ဖြင့် ရယူ လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့် အရက်၊ ဘီယာ၊ စီးကရက်ကဲ့သို့ သောလုပ်ငန်းများမှာ အခြားကုန် ထုတ်လုပ်လုပ်ငန်းများထက် ပိုမို အကျိုးဖြစ်ထွန်းဖွယ် ရှိနေသည်ဟု သိရသည်၊၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း၊ အခန်း(၁၂)၊ ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ အခန်း၊ ပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)တွင် ‘နိုင်ငံတော်မှအထူးလိုအပ်ချက်အရ ဆောင်ရွက်သော ကုန်ထုတ်လုပ် ငန်း၊ သို့မဟုတ် ၀န်ဆောင်မှုလုပ် ငန်းတစ်ခုခု စီးပွားဖြစ်စတင်သော နှစ်အပါအ၀င်တစ်ဆက်တည်း ၅ နှစ်အထိ ၀င်ငွေခွန်ကင်းလွတ်ခွင့်’ ဟူ၍ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Myanmar Brewery Ltd၏ ဘီယာစက်ရုံ ဓာတ်ပုံ -၀င်းမြင့်ကျော်

ယင်းအပြင် အဆိုပါ အခန်းတွင်ပင် ဆက်လက်၍ နောက်ဆက်တွဲ အခွန်သက်သာခွင့်များ၊ လုပ်ငန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ပစ္စည်းများ တင်သွင်းအသုံးပြုခြင်းအတွက်လည်း အဆိုပါပစ္စည်း များအတွက် အခွန်သက်သာခွင့်များကို ပေးထားကြောင်း သိရသည်။

ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့သည့် ကုန်စည်များအတွက် ထိုသို့ သတ်မှတ်မှုမှာ နိုင်ငံသား ကုန်ထုတ်လုပ်သူများအား အကျိုးပိုမို ဖြစ်ထွန်းစေမည် ဖြစ်သော်လည်း ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချမည့် ဘီယာ၊ စီးကရက် စက်ရုံ များကိုမူ အဆိုပါ ခံစားခွင့် လုံးဝ မပေးသင့်ကြောင်း ပြည်တွင်းကုန်ထုတ် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

‘‘ဘာကြောင့်လဲဆိုတော့ နိုင်ငံပိုင်လုပ်ငန်းတွေကို BOT နဲ့ယူတုန်း က နှစ်ပေါင်း ၃၀ နဲ့အထက်ချည်း ပဲ လုပ်ခွင့်ရထားကြတာ။ ဒီလို လုပ်ခွင့်ရထားတဲ့ လုပ်ငန်းအတွက် အခွန် သက်သာခွင့်က မများလွန်းဘူးလား။ နောက်တစ်ချက်က ပြည် တွင်းက လုပ်ငန်းရှင်တွေထဲမှာ ကိုယ့် ကုန်ကြမ်းနဲ့ကိုယ် ကုန်စည်ထုတ်ပြီး ပြည်တွင်းမှာလည်းရောင်း၊ ပြည်ပကိုလည်း တင်ပို့တာရှိတယ်၊ ပြည်ပက ကုန်ကြမ်းသွင်းပြီး ကုန်ချော ပြန်ထုတ်ပြီးရင် ပြည်ပပြန်ပို့တဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ ဒီလို ကုန်စည်တွေအတွက်ကတော့ အလုပ်အကိုင်လည်း ပေးနိုင်တယ်၊ နိုင်ငံ အတွက်လည်း ကောင်းတာဖြစ်လို့ သက်သာခွင့်ပေးကိုပေးရမှာပါ။ ဒါပေမယ့် ဒီသက်သာခွင့်ထဲမှာ ဘီယာ၊ စီးကရက်လို စက်ရုံမျိုးတွေ ပါမလာဖို့လိုပါတယ်”ဟု ကုန်ထုတ် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါသည်။

Eleven Media Group

0 comments: