စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 6, 2012

ရန်ကုန်တက္ကသိုလ် စာပေသဟာယအသင်းဖွဲ့လိုက်ပြီ


၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ပထမဆုံးတက္ကသိုလ်ကျောင်းသား သဟာယအသင်းအဖြစ် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယအသင်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းသား (၂၀) ကျော်နဲ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲဝင့်အောင်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာပေသဟာယအသင်း ဖွဲ့စည်းနိုင်ရေးအတွက် အခုနှစ်ဆန်းပိုင်းက ကျောင်းသား (၁၀၀) ကျော် သဘောတူလက်မှတ်ရေးထိုးပြီး စတင်ကြိုးပမ်းခဲ့ကြရာမှာ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဦးဆောင်လှုပ်ရှားသူ ကျောင်းသား (၅) ဦးကို ခေါ်ယူတွေ့ဆုံပြီး ကျောင်းထုတ်၊ အရေးယူထောင်ချခံရ မှာဖြစ်ကြောင်း သတိပေး ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖွဲ့စည်းရေးကိစ္စ လအတန်ကြာ နှောင့်နှေးခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယအသင်းအနေနဲ့ မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးမှာ စာပေသဟာယအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကူညီလုပ်ဆောင်သွားမှာဖြစ်ပြီး လွှတ်တော်က တက္ကသိုလ် ဥပဒေအသစ် စတင်ပြဌာန်းတဲ့နေ့မှာ တရားဝင်ရပ်တည်သွားမှာဖြစ်တယ်လို့လည်း စာပေသဟာယ အသင်းခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

RFA

0 comments: