စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 18, 2012

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ) ဖွဲ့စည်း

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)'s Photos

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ) ကို သြဂုတ် ၁၇ ရက် (ယနေ့) တွင် သိမ်ဖြူ ၉၈လမ်း ၌ဖွဲ့စည်းကြောင်း ကြေငြာခဲ့ပြီး ပွဲတက်ရောက်သူ ၁၀၀ကျော် ဖြင့်အောင်မြင်စွာကျင်းပခဲ့သည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်

ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ) ကို အမှုဆောင်(၇)ဦး၊ အဖွဲ့ဝင်(၃၀)ဦးပါဝင်ပြီး အလံလွှဲအပ်ပွဲ ကျင်းပခဲ့ရာ ရန်ကုန်ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ) မှ အလုပ်အမှုဆောင်နှင့်အဖွဲ့ဝင်များ နှင့်အတူ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ အလုပ်အမှုဆောင် နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ)မှ အလုပ်အမှုဆောင် နှင့်အဖွဲ့ဝင်များ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ)မှ အလုပ်အမှုဆောင် နှင့်အဖွဲ့ဝင်များ လည်း တက်ရောက်ခဲ့ကြပြီး အလံလွှဲပွဲ အား အောင်မြင်စွာ ကျင်းပခဲ့ကြသည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မှော်ဘီ GTC ၊ ပဲခူးတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ် နှင့်ယခု ကွန်ပြူတာတက္ကသိုလ် တို့တွင် ကျောင်းသားများသမဂ္ဂ (ဖြစ်မြောက်ရေး ကော်မတီ) များဖွဲ့စည်းပြီးဖြစ်ကြောင်း ဗိုလ်တထောင်ပညာရေးကောလိပ်တွင်လည်း ဆက်လက်ဖွဲ့စည်းရန်ကြိုးစား လျက်ရှိသည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) - facebook

0 comments: