စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 18, 2012

ချဲနံပါတ်ရချင်ရင် အနမ်းခံရမယ်


၈ မိနစ်ကျော်ကြာ ဗီဒီယိုပြကွက်တခုကို အွန်လိုင်းမှာ မနေ့က ထပ်ပြီး ဖြန့်နေကြပြန်ပါပြီ။

ချဲနံပါတ်ပေးတယ် ဆိုတဲ့ သင်္ကန်းဝတ်ပုဂ္ဂိုလ် နဲ့ ချဲနံပါတ်တောင်းဟန်တူတဲ့လူအုပ်စုတခုတို့ကို မှတ်တမ်းတင်ထားတာပါ။

နံပါတ်တွေက ဒီတိုင်းပေါ်လာဟန်မတူပါ။

လူအုပ်ထဲက အမျိုးသမီးတဦးကို အချိန်အတော်ကြာ ပွေ့၊ ဖက်၊ နမ်းပြီးမှ နံပါတ်တွေ ထွက်လာပါတယ်။

ထွက်လာတဲ့နံပါတ်များကို တခြားသူများက လိုက်လံတွက်ချက်မှတ်သားဟန်တူတဲ့ ပြကွက်များလည်း ပါဝင်ပါတယ်။

ရမည်းသင်းမြို့နယ် တနေရာမှာရိုက်ကူးထားတယ်လို့ပဲ မှတ်တမ်း အစမှာ စာတန်းထိုးပါတယ်။

သို့သော်လည်း "အဲဒီကိစ္စက 2008 ခုနှစ်ကထဲကဖြစ်တဲ့ကိစ္စပါ။ ------ အရေးယူပြီးပါပြီ။ သာစည် ဘက်မှာပါ" လို့ တယောက်က မှတ်ချက်ပြုထားပါတယ်။

ဘယ်မှာရိုက်ထားသလဲ ဆိုတာ သိချင်ကြသလို နှစ်လုံးထီ၊ သုံးလုံးထီဂဏန်းရဖို့ ဘာကြောင့် ဒီလောက်တောင် ၀ါယမစိုက်နေရသလဲ ဆိုတာကိုလည်း သိချင်ကြမှာပါ။


"လောဘနောက်လိုက်တော့ ရှက်ရကောင်းမှန်းမသိကြဘူး စာမဖတ်ကြဘူး စာမတတ်ကြဘူး အသိဥာဏ်နည်းလိုက်ကြပုံများ" လို့ မှတ်ချက်ပေးသူ ရှိသလို တချို့ကလည်း အာဏာပိုင်များကို အပြစ်တင်ကြပါတယ်။

"အဲ့တာ ဘာသာရေး အသိနည်းလို့ဖြစ်ရတာ။ အသိများအောင် ဟောကြားဆုံးမနေတဲ့ ဆရာတော်တွေကျတော့ နည်းနည်းလေး အတိမ်းစောင်း မရှိနဲ့ ပညာပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ မဟန" လို့ ဆိုသူက ဆိုနေကြပါပြီ။

မြန်မာပြည်မှာ လောင်းကစားမှု နှိမ်နင်းမှုများ ရှိတယ်လို့ သိရပါတယ်။ နှိမ်နင်းတဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အသီးသီးက ၀န်ထမ်းတွေကြားထဲမှာတောင်မှ တရားမ၀င်ထီထိုးသူ၊ ဂဏန်းတွက်ဝါသနာပါသူ၊ ဂဏန်းရှာသူ၊ အတိတ်ကောက်သူတွေ ရှိမှာပါ။

တရားမ၀င်ထီကို နှိမ်နင်းဖို့ ဖမ်းဆီး စစ်ဆေး အပြစ်ပေးတဲ့နည်းလမ်းတခုတည်းနဲ့ အလုပ်ဖြစ်မယ် မထင်ပါဘူး။

ရမည်းသင်းမြို့နယ် တနေရာမှာရိုက်ကူးထားတယ်ဆိုတဲ့၊ Facebook မှ မနေ့က အစပြုပြီး ပြန်လည် လက်ဆင့်ကမ်း ကြည့်ရှုနေကြတဲ့ ဗီဒီယိုပြကွက်ထဲက ဂဏန်း အလေးအနက် ရှာဖွေနေကြပုံကို ကြည့်ရင် မြန်မာပြည်အနှံ့ ဒီပြဿနာ ဘယ်လောက် အမြစ်တွယ်နေတယ် ဆိုတာ သိနိုင်ပါပြီ။

တရားမ၀င်ထီအရေး ဖြေရှင်းရေးက ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ကို တာဝန်ပေးထားတာအပြင် တခြား နည်းလမ်းများကိုလည်း အာဏာပိုင်တို့ စဉ်းစားနေကြပြီလို့ ယူဆရပါတယ်။

ဘယ်နေရာဖြစ်ဖြစ် ယုံလွယ်သူတွေ ရှိတတ်ပေမယ့် ချဲဂဏန်းအတွက် အဲဒီလောက် ယုံလွယ်တာကတော့ လွန်လွန်းပါတယ်။

ဒီလို အယုံမလွယ်ကြဖို့ စာသင်ကျောင်းတွေက အများကြီး မသင်ပေးနိုင်သလို စာနယ်ဇင်းတွေကလည်း အမြဲတမ်း ရေးသားဖော်ပြ အသိပေးဖို့ ခက်ခဲပါလိမ့်မယ်။ ဒီလိုဖြစ်ရပ်များကို ထိန်ချန်မထားဘဲ ဖွင့်ချမှ၊ အများသိအောင် ရေးသားမှ အလိမ်တွေပေါ်ကြ၊ အသိအမြင် ပိုပွင့်လင်းကြမှာ ဖြစ်ပါတယ်။ ဖွင့်ချခွင့်ရဖို့လည်း လိုအပ်ပါတယ်။

အထက်မှာပြောခဲ့တဲ့ ဗီဒီယိုပြကွက်ထဲကပုဂ္ဂိုလ်များ ရရှိခဲ့တဲ့ ဂဏန်းတွေ ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့ကြသလဲ၊ အဲဒီတုန်းက ထီပေါက်ခဲ့ကြသလားမပေါက်သလား ဆိုတာတော့ မသိရပါ။

သေချာတာကတော့ အဲဒီ ဗီဒီယိုပြကွက်က အွန်လိုင်းမှာ ပေါက်နေပြီ ဆိုတာပါပဲ။

0 comments: