စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 18, 2012

သတင်းမီဒီယာများ ဒုတိယအကြိမ် ဆန္ဒပြမည်


သြဂုတ်လ ၁၆ရက်နေ့ ရက်စွဲဖြင့် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် သြဂုတ်လ ၂၂ရက်၊ ၂၃ရက်နှင့် ၂၄ရက်နေ့များ၌ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းမီဒီယာအသီးသီးမှ မီဒီယာသမားများ ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတစ်ခုအား ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း ယင်း ကော်မတီမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ဒီတစ်ခါတော့ ကျွန်တော်တို့က ဥပဒေအတိုင်း ဒီလ ၂၁ရက်နေ့ မြို့တော်ခန်းမနားမှာ ဆန္ဒပြဖို့ သက်ဆိုင်ရာ ကျောက်တံတားရဲစခန်းမှာ လျှောက်ထားတင်ပြပြီး လုပ်မှာပါ။ ဒီလိုလုပ်တဲ့အခါမှာ ၂၂ရက်နေ့မှာ ဆန္ဒထုတ်ဖော်တဲ့ မီဒီယာသမားတွေအားလုံးက Press Freedom ဆိုတဲ့တံဆိပ် တွေပါတဲ့ တီရှပ်အမည်းရောင်နဲ့ ဦးထုတ်ကိုဆောင်းပြီး ဆန္ဒထုတ်ဖော်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုအား သုံးရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပြီး သြဂုတ်လ ၂၂ရက်နေ့တွင် မြို့တော်ခန်းမအနီး ၌ ဒီမိုကရေစီနှင့် ထိုက်တန်သည့် သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကာ သြဂုတ်လ ၂၃ရက်နေ့တွင် ဒဂုံမြို့နယ်တရားရုံး၌ The Voice ဂျာနယ် အမှုရင်ဆိုင်နေရသည့် သတင်းနှင့် ပတ်သက်၍ သတင်းမီဒီယာများမှ အဆိုပါတီရှပ်အမည်းရောင် ဦးထုပ်များ ဝတ်ဆင်၍ သတင်းရ ယူမည်ဖြစ်ကြောင်း သိရှိရသည်။

"သြဂုတ်လ ၂၂ရက်နေ့ ဆန္ဒထုတ်ဖော်ပြီးသွားရင် သြဂုတ်လ ၂၃ရက်နေ့မှာ ဒဂုံမြို့နယ်တရာရုံးမှာ တရားရင်ဆိုင်နေရတဲ့ The Voice ဂျာနယ် အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့် တရားရုံးက အမိန့်ချမယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီးလည်း သတင်းယူတဲ့အခါမှာ သတင်းသမား တွေအားလုံး Press Freedom တံဆိပ်ပါတဲ့ တီရှပ်အမည်းရောင်နဲ့ ဦးထုပ်တွေဆောင်းပြီး သတင်းယူမယ်။ ပြီးရင် သြဂုတ်လ ၂၄ရက်နေ့မှာ ပုဇွန်တောင် တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ လျှပ်တပြတ်ဂျာနယ်အမှုနဲ့ ပတ်သက်တဲ့သတင်းကိုလည်း တီရှပ်အမည်းနဲ့ ဦးထုပ်တွေဆောင်းပြီး သတင်းယူမှာဖြစ်ပါ တယ်"ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းသို့ Press Freedom တံဆိပ်ပါ တီရှပ်အမည်းရောင်းနှင့် ဦးထုပ်များဝတ်ဆင်၍ သြဂုတ်လ ၂၄ရက်နေ့၌ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် လျှပ်တပြက်ဂျာနယ်၏ အမှုစီရင်ချက်နှင့် ပတ်သက်၍ သတင်းရယူပြီးပါက နေ့လည် ၃နာရီအချိန်တွင် ဗဟန်းမြို့ နယ် ရွှေဂုံတိုင်မှတ်တိုင်အနီးရှိ တော်ဝင်နှင်းဆီခန်းမ၌ သတင်းလွတ်လပ်ခွင့်မရရှိသေးသည့်ကိစ္စ၊ ဆင်ဆာ မဖျက်သိမ်းသည့်ကိစ္စအပါအဝင် မီဒီယာ ဥပဒေရေးဆွဲရာ၌ မီဒီယာသမားများအား အသိပေးခြင်းမရှိပဲ ရေးဆွဲနေမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာထိန်းချုပ်မှုများ ဖယ်ရှားပေးရန်ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်း ရှင်းလင်းသွားမည်ဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ မီဒီယာသမားများမှ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခြင်းမှာ ယခုအကြိမ်နှင့်ဆိုပါက ဒုတိယအ ကြိမ်မြောက် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး မီဒီယာသမားများ၏ ပထမဦးဆုံး ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်မှုအား သြဂုတ်လ ၄ရက်နေ့၌ ပြုလုပ်ခဲ့ပြီး ယင်းအချိန်၌ စာပေစိစစ်ရေးဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်နှစ်စောင်အား အကြောင်းအရင်း ခိုင်လုံခြင်းမရှိ ပဲ ပိတ်ပင်တားမြစ်ခဲ့ခြင်းကြောင့် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ATM (Yangonchronicle) 

0 comments: