စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, February 10, 2013

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)။

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)။

 ကဲ ဘယ်လို လုပ်မလည်း၊ သိန်းစိန်တောင် စိုးသိန်းပေးတာ ရခဲ့သေး၊ ပြည်သူလူထုကို ညာရုံမက သိန်းစိန်တို့ ကိုပါ ညာခဲ့တာ။ စိုးသိန်းတစ်ယောက် စက်မှု (၁/၂) ဝန်ကြီးအနေနဲ့ လုပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံက ထုတ်တဲ့ Landmark ကားတွေကို စက်မှု (၂) တံဆိပ် ခပ်တည်တည်နဲ့ကပ်ပြီး လူကြီးတွေနဲ့ စစ်တပ်က တပ်ရင်းမှုးတွေအတွက် Grand Tiger တွေပေးခဲ့ပါတယ်။

တရုတ်ကနေ တစ်စစီ ဝယ်လာတဲ့ မော်တော်ကားအပိုပစ္စည်းတွေကို ဒီမှာ အကုန်တပ်ဆင် ပြီးတော့ စက်မှု (၂) တံဆိပ်ကို ခပ်တည်တည်နဲ့ ကပ်လိုက်တဲ့အခါမှာ ကမ္ဘာမှာ ဘယ်မှာမှ မရှိဖူးသေးတဲ့ ဂိုဒေါင်တွေကနေ ကားထုတ်တဲ့ စက်ရုံဖြစ်စေတဲ့ စနစ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မော်တော်ကားတွေ သွင်းလာတာနဲ့ အားမရသေးဘဲ လိမ်တဲ့နေရာမှာ အကြီးကြီး ပီပီပြင်ပြင် လိမ်ဖို့ကြိုးစားတာမှာ မော်တော်ကားမှာ တပ်ဆင်မယ့် စက်ယန္တရားတွေကို မလိုအပ်ဘဲ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သလို ဝယ်ယူတပ်ဆင်ပြန်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီး ပေးချေခဲ့ရတဲ့ ဂီယာထုတ်စက်ကို စက်ရုံအနေနဲ့ပါ တည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာကို ဖောက်ခဲ့ပြန်ပါတယ်။

စက်ရုံကနေ အခုထိ ဘာပစ္စည်းမှ ထုတ်လုပ်ခြင်း မရှိသေးဘူးဆိုတာလည်း စိတ်မကောင်းခြင်းများစွာနဲ့ သိရပါတယ်။ ဒီကြားထဲ ပြုပြင်ထိန်းသိမ်းရေး စရိတ်တွေ၊ လုပ်ငန်းလည်ပတ်စရိတ်တွေ တိုးလာတာပဲ အဖတ်တင်ပါတယ်။ ဒေါ်လာ သန်းဂဏန်း ရင်းနှီးဝယ်ယူထားရတဲ့ ဒီစက်ပစ္စည်းများအတွက် ဘယ်သတင်းစာ ရှင်းလင်းပွဲမှာမှ ထုတ်မပြောခဲ့သလို မသိချင်ယောင်ဆောင်နေသလိုပါ နေခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ရင်း သူ့အိပ်ထောင်ထဲကို ပွဲခအနေနဲ့ ဒေါ်လာငွေပမာဏများစွာ စီးဝင်နေတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ လူတကာအပေါ်မှာ ညာဝါးတတ်တဲ့ အကျင့်ကို လက်ကိုင်စွဲထားရင်း စစ်တပ်ကိုပါ လိမ်လည်တဲ့ ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။

အဲဒီအထဲက ဗြောင်ကျကျညာဝါးလိုက်တဲ့ကိစ္စကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း သိသိနဲ့ခံလိုက်ရတဲ့ကိစ္စပါပဲ။ အိန္ဒိယကနေ သွင်းလာတဲ့ မြေသယ်ကား (၈) စီးကို ခပ်တည်တည်နဲ့ စက်မှု (၂) တံဆိပ်ကောက်ကပ်ပြီး လွှဲပြောင်းပေးလိုက်ပါတယ်။ ထော်လာဂျီစက်တစ်လုံးတောင် မထုတ်လုပ်နိုင်တဲ့ စက်မှု (၂) ရဲ့ နည်းပညာမြင့်မားမှုကို နိုင်ငံနေထိုင်သူ ပြည်သူလူထုလည်း ခန့်မှန်းလို့ရနိုင်သလို စစ်ဘက်အရာရှိကြီးတွေနဲ့ တပ်မတော်အသိုင်းအဝိုင်းများလည်း သိပြီးဖြစ်ပေမယ့်လည်း အထက်အုပ်ချုပ်သူ အရာရှိကြီးများနဲ့ အလွမ်းသင့်တဲ့ ဦးစိုးသိန်းကို ဘယ်သူမှ မလွန်ဆန်ဝံ့ဘူးဖြစ်နေရပါတယ်။ ဘယ်လို ပစ္စည်းကောင်းကို တွေ့သည်ပဲ ဖြစ်ပါစေ စက်မှု (၂) ထုတ်လုပ်သည် ဆိုတဲ့စကားမျိုးကို အရှက်မရှိပြောတဲ့ကိစ္စတွေထဲမှာ ရယ်ပွဲဖွဲ့စရာ အကောင်းဆုံးဖြစ်စေခဲ့တဲ့ ကိစ္စကတော့ သာဂရမှာ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ တာဘိုင်စက်ထောင်တဲ့ ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ရုံကို တာဝန်ရှိ နိုင်ငံတော်အကြီးအကဲတွေ လာရောက်စစ်ဆေးတဲ့အခါ မျက်နှာလိုအားရ ဗြောင်ကျကျညာလိုက်ရမှ ကျေနပ်သူ ဦးစိုးသိန်းဟာ တာဘိုင်စက်ကို လက်ညှိုးထိုးပြီး စက်မှု (၂) က ထုတ်လုပ်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

 ဒါ့အပြင် စိုးမင်းသန့်ဆိုတဲ့သူနဲ့ ပူးပေါင်းလို့ ကိုရီးယားကနေ ချွေလှေ့စက်တွေ ထင်သွင်းပြန်ပါတယ်။ ဒီချွေလှေ့စက်တွေကိုလည်း ထုံးစံအတိုင်း စက်မှု (၂) တံဆိပ်ကပ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးတာတွေကို ထုတ်ပါတယ်ပြောပြီး သမ္မတကို လက်ဆောင် (၂) စီးပေးပြီး စက်မှု (၂) က ထုတ်ပါတယ်လို့ ပြောင်ကျကျ ညာပြောခဲ့ပါတယ်။ ဒီစက်တွေဟာ ကိုရီးယားကနေ သွင်းလာတယ်ဆိုတာ သမ္မတခမျာမယ် မသိတာလား သိသိနဲ့အညာခံရသလားဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ကြားထဲမှာ ဖြတ်ပြီးစဉ်းစားမိတာက သူလုပ်ခဲ့တဲ့ ကိစ္စတွေဟာ အလိမ်အညာတွေ အပြည့်ဖြစ်နေတဲ့ အပြင်၊ ဒီလို ထင်ထင်ပေါ်ပေါ်ကြီး ညာနေခဲ့တာတွေဟာ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာတွေအပြည့် ဖြစ်နေတယ်ဆိုတာ သိလာရပါတယ်။

လက်ရှိအနေအထားမှာ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီး ဖြစ်ပါတယ်။ သမ္မတရုံးဟာ ကျွန်တော်သိသလောက် နိုင်ငံတော်ရဲ့အမြင့်ဆုံးပါပဲ။ နိုင်ငံတော်အုပ်ချုပ်မှု အမြင့်ဆုံးမှာ ရှိနေတဲ့သူတစ်ယောက်ရဲ့ အနားမှာရှိနေသူဟာ စိတ်ထား မပြည့်ဝတဲ့အပြင် အတွေးအခေါ်ပါ ချွတ်ချော်နေသူ၊ စကားကို လူကြီးတစ်ယောက်မဆန်စွာ ပြီးစလွယ်ပြောပြီး လိမ်လည်သူတစ်ယောက် ဖြစ်နေတယ်ဆိုတာကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ စဉ်းစားသုံးသပ်စေချင်တဲ့အပြင် ပြည်သူလူထုအနေနဲ့လည်း သိထားဖို့ လိုအပ်ပါတယ်။

 (အပိုင်း ၃ မှာ ဆက်လက်ရှုစားပါခင်ဗျာ)။ 

 ပေးပို့ သူ - တီအေကေ ။

Nik Nayman

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။

 မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ်ထင်ပါတယ်။

ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော် မြန်မာ့နိုင်ငံရေးသမိုင်းတချို့ကို ထိတွေ့ခွင့်ရသူတစ်ဦးပေါ့လေ။ အခုတော့ သတင်းလေးတွေဖတ်ရင်း စဉ်းစားမိတာလေး မြင်မိတာလေးတွေ ချရေးမိတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပြောင်းလဲမှုတွေလုပ်တဲ့အချိန် ကျွန်တော် ရင်တဖိုဖိုနဲ့စောင့်ကြည့်ဖူးပါတယ်။ ဒါပေမယ့် ရင်ဖိုရတာ အမောသားဖြစ်သွားစေတဲ့ အကြောင်းက အရင်ဝန်ကြီး (၆) ဦးကို မဖြုတ်ဘဲ သမ္မတက သူ့အနားကို ခေါ်ထာလိုက်ခြင်းပါပဲ။

တခြားသူတွေ ဘေးချိတ်လို့ အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း ပါလာတာကိုက တိုင်းပြည်နေ ပြည်သူလူထုအတွက် ရတက်မအေးစရာပါပဲ။ သူဟာ နေရာတကာ နေရာရလိုတဲ့အတွက် သူ့ကိုယ်သူ lobby လုပ်နေသူ တစ်ဦးလည်းဖြစ်တဲ့အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဦးစိုးသိန်းဆိုတာက တပ်မတော်ရေတပ်စခန်းမှုး အဆင့်လောက်ကနေ ရေတပ်ဦးစီးချုပ်၊ နောက်တော့ စက်မှုဝန်ကြီးအဆင့်ထိတက်ဖြစ်၊ အခု သမ္မတရုံး ဝန်ကြီးအဆင့်ထိ ရောက်နေတဲ့ ဒုသမ္မတတွေ နေရာပျောက်လောက်အောင်ကို သမ္မတကို အိပ်ထောင်ထဲ ထည့်ထားသူလို့ သူ့ကိုယ်သူကြုံးဝါးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကိုလည်း သူအရင်လုပ်ခဲ့တဲ့ ဌာနတွေထဲမှာ ကြိုက်သလို စုံစမ်းလို့ရပါတယ်။ သူလုပ်ခဲ့တာတွေထဲက တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဖြုန်းတီးပြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စက်မှု (၁/၂) ဝန်ကြီး၊ MIC ဥက္ကဌဘဝမှာတုန်းက ပြည်ပကနေ ပစ္စည်းဝယ်ရင် Board အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ရဲ့ သဘောတူညီချက်၊ မဲခွဲဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ဝယ်ဖို့ သူ့ကို အထက်လူကြီးတွေအနေနဲ့ ညွှန်ကြားထားပါတယ်။

 ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း သဘောနဲ့ဘဏ္ဍာဖြုန်းတီးမှု မဖြစ်အောင် ဆိုတာကို ဒီစာဖတ်မိတဲ့ ကလေးကအစ နားလည်မယ်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။ ဦးစိုးသိန်းဆိုတာ ခေသူမဟုတ်ဘူးပဲ။ Board အဖွဲ့မဖွဲ့ဘဲ ဝန်ကြီးဌာနပိုင်တဲ့ ငွေတွေကို သူ့ခြေသူ့လက် သူ့စိတ်တိုင်းကျကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သူကိုယ်တိုင်ဝယ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနအတွင်းမှာ စာရင်းတွေကို လိမ်လည်ပြခိုင်းပါတယ်။

ဝန်ကြီးဘဝတုန်းကတင်မဟုတ်ပါဘူး။ ရေတပ်ဦးစီးချုပ်ဘဝတုန်းက ရေတပ်အတွက် ပစ္စည်းတွေ ဝယ်တာမှာ သူကိုယ်တိုင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဝယ်ပါတယ်။ စီးပွားရေးလာဘ်မြင်တာ နိုင်ငံအတွက်လား သူ့အတွက်လားတော့ မသိပေမယ့် သေချာတာတော့ ရေတပ်မှာသုံးရတဲ့ 108 m freegate ၂ စီးကတော့ သုံးစားလို့မရဘူးဆိုတာ ရေတပ်အရာရှိတွေအသိပဲဖြစ်ပါတယ်။ လုပ်ချင်သလိုလုပ်တဲ့ ဥပဒေလွတ်လုပ်ရပ်တွေလည်း ရှိပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့သလို အထက်လူကြီးတွေက သိပ်တော်သိပ်တတ်တယ်လို့ ချီးကျူးခံချင်တဲ့ သူတော်ယောင်စိုးသိန်းဟာ သူ့ကိုယ်သူ လည်း Lobby သိပ်လုပ်ပါတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။

၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ ဆကျော်လောက် စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းပျောက်လုပ်ခဲ့ ပါတယ်။ သူလုပ်ခဲ့တဲ့နည်းလမ်းကတော့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်တဲ့ အမျိုးသမီးကို အငြိမ်းစားပေး လိုက်တာပါပဲ။ သူ့လုပ်ရပ်ကို အဲဒီတုန်းက ဘဏ္ဍာရေးညွှန်ကြားရေးမှုးဖြစ်သူလည်း ကောင်းကောင်း သိပါတယ်။ ပြည်သူ့ဘဏ္ဍာကို ဖောက်ထုတ်ရင်း အိပ်ထောင်ထဲထည့်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေထဲမှာ လုပ်ရပ် တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာတာကုမ္ပဏီကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။ အဲဒီစက်ကို ဒုတိယဝန်ကြီးအပါအဝင် အခြားသောပြောရေးဆိုခွင့် ရှိတဲ့သသူတွေက မလိုအပ်တဲ့ အတွက်မဝယ်ဖို့ ကန့်ကွက်ပေမယ့်လည်း တစ်ဦးတည်းသဘောနဲ့ ရအောင်ဝယ်ခဲ့ပါတယ်။ အဲသလို လုပ်ချင်သလို အာဏာကိုအသုံးချ၊ ပြည့်သူ့ဘဏ္ဍာကို စီရင်ချင်သလို စီရင်လိုက်လို့လည်း အကောင်းဖြစ် လာသလားဆိုတော့လည်း မဖြစ်လာပါဘူး။

 စက်ရုံကြီးတော့ ကုန်ချင်သလောက်ကုန် ဆောက်ချင် သလိုဆောက်၊ ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်လိုက်ပြီးတဲ့နောက်၊ ပွဲစားခတွေ အိပ်ထဲမြိုးမြိုးမြတ်မြတ် ထည့်လို့ အိန္ဒိယကနေ ၁၀ ဘီးကား အစီး (၈၀)လောက် သွင်းပြီး လုပ်ငန်းကိုရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဆေးစိမ်တဲ့စက်ဆိုတာ သုံးတောင်မသုံးလိုက်ရပါဘူး။ အဲဒီ သုံးမရတဲ့ စက်ကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်လိုက်ပြီး ဘဏ္ဍာကိုဖြုန်းတီးလိုက်တဲ့အတွက် အလုပ်သမား လူတန်းစားနဲ့ ပြည်သူလူထု နစ်နာခဲ့ပါတယ်။

 (အပိုင်း ၂ မှာဆက်လက်ရှုစားပါခင်ဗျာ။)။ 

 ပေးပို့ သူ - ဇူရီ။

Nik Nayman
 

Friday, February 8, 2013

ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင်....


ပါလီမန်တို့ ရွေးကောက်ပွဲတို့ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လုံးလုံးကြီး အဆက်ပြတ်သွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီ ဖြစ်လေတော့ ဒီနေ့ အသက် ၆ဝ တန်းရောက်နေ သူတွေတောင် ကြားဖူးနားဝ သိနေတာတွေပဲ ရှိလိမ့်မယ်။ သေသေချာချာ ရေရေရာရာ သိကြမှာ မဟုတ်ဘူး။

 လိမ်လို့လိမ်မှန်း မသိ

 စာလေးပေလေး ဖတ်ရကောင်းမှန်းသိလို့ အတန်အသင့် သိနေတယ်ဆိုလည်း မလုံလောက်ဘူး။ ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတာလောက်တော့ ဘယ်ဟာမှ မပြည့် စုံဘူး။ ဒါပေမဲ့ လုံးလုံးမသိတာ ထက်တော့ အများကြီးသာတယ်။ ဒါကြောင့် စာတော့အချိန်ရသလောက် ဖတ်နေသင့်တယ်။ စာမဖတ်ရင် လိမ်လို့ လိမ်မှန်းမသိ၊ ညာလို့ ညာမှန်းမသိ ဖြစ်တတ်တယ်။ အထူးသဖြင့် အခုလို သမိုင်းလှည်းဘီး တစ်ပတ်ပြန်လည်လာချိန်မှာ ရှေးကအလိမ်ခံခဲ့ ရတာတွေကို သိထားဖို့ ပိုလိုအပ်တယ်။ ဘာကြောင့် လဲဆိုတော့ သမိုင်းဖြစ်စဉ်တွေဟာ ထပ်ခါတလဲလဲ တစ်ကျော့ပြီး တစ်ကျော့ ပြန်ပြန်ဖြစ်တတ်တဲ့ သဘောရှိလို့ပဲ။  

နဝေတိမ်တောင်

ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ပညာရှင်ပီသစွာ လိုရင်းကို ‘ဒက်’ခနဲ ပြောလိုက်တယ်။ ‘သမိုင်းသင်တာ မအ,အောင်’လို့တဲ့။ တစ်ခွန်းတည်းပဲ။ ဒါပေမဲ့ အဓိပ္ပာယ် အများကြီး ထွက်တယ်။ အ,ရင် လိမ်လို့ လိမ်မှန်းမသိ၊ ညာလို့ညာမှန်း မသိဖြစ်ပြီး ‘နဝေတိမ်တောင်’နဲ့ ခဏခဏ အလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့ အခါကျတော့၊ လိမ်တဲ့သူတွေက ကိုယ့်ကိုလူလို့ သဘောထားပြီး လိမ်ပြောဖို့တောင်ကြိုးစား မနေတော့ဘဲ သူလုပ်ချင်တာ ကို ပြောင်ပြောင်တင်းတင်းပဲ လုပ်ချတော့တယ်။ ဒီလိုနဲ့ပဲ လစ်ဗျားကက ဒါဖီလို၊ ဆီးရီးယားက အာဆတ်လို၊ အီရတ်က ဆက်ဒမ်ဟူစိန်လို အာဏာရှင်တွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။

 လူတိုင်း စာတတ်မြောက်ဖို့လို

 အဲဒီနိုင်ငံတွေမှာ စာမတတ်သူ ဦးရေလည်း အတော်များတယ်။ အထူးသဖြင့် အမျိုးသမီး စာမတတ်သူတွေ များတယ်။ ဒါကြောင့် အာဏာရှင်တွေ သက်ဆိုးရှည်ခဲ့ကြ တယ်။ ဒီမိုကရေစီစနစ် ထူထောင်မယ်ဆိုရင် နိုင်ငံသားတိုင်း စာတတ်မြောက်ရေးကို မဖြစ်မနေလုပ်ဆောင် ကြရတယ်။ ဒီမိုကရေစီစနစ် ဆိုတာ နိုင်ငံသားတွေ ကိုယ်တိုင်နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဘုရင်တွေ အာဏာရှင်တွေက ရာဇပလ္လင်ကြီးတွေမှာ ထိုင်ပြီး၊ တိုင်းသူပြည်သားတွေကို ကျေးကျွန်တွေလို တစ်ချက်လွှတ် အမိန့်အာဏာနဲ့ အုပ်ချုပ်တာမဟုတ်ဘူး။ တိုင်းသူပြည်သားတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေကို သူတို့စိတ်ကြိုက် ဆန္ဒပေးရွေးချယ်ပြီး အဲဒီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်က တစ်ဆင့် တိုင်းရေးပြည်မှု ကိစ္စမှန်သမျှကို ဆောင်ရွက်တာဖြစ်တယ်။  

ဒီမိုကရေစီရဲ့ သော့ချက်

လူမှန်နေရာမှန်ကို ရွေးချယ်ခြင်းဟာ ဒီမိုကရေစီရဲ့ သော့ချက်ဖြစ်တယ်။ အဲဒီလို ရွေးချယ်တတ်ဖို့၊ လူကို အကဲခတ်တတ်ဖို့ဆိုတာ စာတတ်ရုံနဲ့တင်မရဘူး။ စာများများ ဖတ်ထားဖို့လိုတယ်။ ကိုယ်စားလှယ် အဖြစ် အရွေးခံမယ့်သူတို့၊ နိုင်ငံ ရေးပါတီတို့ဆိုတာက ထုံးစံအတိုင်း တိုင်းပြည်တိုးတက်အောင် ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောကြ တာ ချည်းပဲ။ အဲဒီတော့ သေသေချာချာ ဆန်းစစ်ဝေဖန်ပြီး အရွေးမမှားဖို့အတွက် အဲဒီလူတွေနဲ့ အဲဒီပါတီတွေအကြောင်း ကောင်းကောင်း သိထားဖို့လိုတယ်။ သူတို့ ဘာတွေ ပြောတယ်ဆိုတာထက် သူတို့ဘာတွေ လုပ်ခဲ့တယ်၊ ဘာတွေလုပ်နေတယ် ဆိုတာကို ဆန်းစစ်ရမယ်။ စာဖတ်မထားရင် ဒါတွေဘာမှ မသိနိုင်ဘူး။

 မီးမရှိ မီးခိုးမရှိ

လတ်တလော ကိစ္စလေးတွေ ကို ကြည့်ရုံနဲ့လည်း မလုံလောက် သေးဘူး။ သမိုင်းဟာ သူ့အလိုလို တစ်ကျော့ပြန်လည်လာတတ်တယ် ဆိုတဲ့စကားအတိုင်း လူ့သမိုင်းဖြစ် ရပ်တွေဟာ ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့သဘောကို နားလည်ထားဖို့လည်း လိုတယ်။ အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ခုကို ဆန်းစစ်တဲ့အခါမှာ ဘာကြောင့်ဖြစ်လာ ရတယ် ဆိုတဲ့ အကြောင်းရင်းဇာစ်မြစ်ကို ရှာကြည့်ရတယ်။ မီးမရှိဘဲနဲ့ မီးခိုးမရှိနိုင်ဘူးဆိုတဲ့ ကျိုးကြောင်းဆက်စပ်မှု သဘောတရားကို အခြေခံပြီးဆန်းစစ်မှ အမှန်ကို သိနိုင်တယ်။ ဒီလိုသိမှ လူမှန်နေရာမှန် ဖြစ်အောင် ရွေးချယ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အတိတ်သမိုင်းကို မေ့ပစ်လို့မရဘူး။ ဖျောက်ပစ်လို့ မရဘူး။ အတိတ်ကြောင့် ပစ္စုပ္ပန် ဖြစ်လာ တယ်။ ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးမှာ ဖြစ်တယ်။

 ဖွင့်ပြီး ပျောက်သွားတာ မဖြစ်ရအောင်

 လူတွေကို စာတတ်အောင် အရင်ဆုံးလုပ်ရမယ်။ ပြီးတော့ စာဖတ်အောင် အမြဲနိုးဆော် နေရမယ်။ ကျောင်းသားတွေရော ပြည်သူလုထုပါ စာဖတ်ချိန်ရအောင် လည်း လုပ်ပေးရမယ်။ နောက်ပြီး လူတွေစာအုပ်ဝယ် ဖတ်နိုင်အောင်လည်း မဖြစ်မနေလုပ်ဆောင်ပေးဖို့ လိုတယ်။ စာတတ်ပြီး စာမဖတ်သူ တွေများနေတာ မကောင်း ဘူး။ ကျောင်းတိုင်း ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေ ရှိသင့်တယ်။ ရှိတယ်ဆိုရုံ ရှိနေတာမျိုး ပြောတာ မဟုတ်ဘူး။ စာအုပ်တွေရော စာဖတ်သူတွေပါ အမြဲတမ်း စည်ကားနေတဲ့ တကယ့်စာကြည့်တိုက်ကို ပြောတာ။ ဖွင့်ပြီးမကြာခင် ပျောက်သွားတာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းတတ်ဖို့ လိုတယ်။ တိုင်းသူပြည်သားတွေ စာများ များ ဖတ်မှ လူမှန်နေရာမှန် ရွေးပေးတတ်မှာပါ။ ဒါကြောင့် ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် စာဖတ်သူတွေ များလာအောင် မဖြစ်မနေလုပ်ကြဖို့ လိုတယ်လို့ သတိပေး နှိုးဆော်လိုက် ချင်ပါတယ်။

လူထုစိန်ဝင်း ၂ဝ.၃.၂ဝ၁၂

Sunday, February 3, 2013

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေပါတော့မယ်။

ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။ အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ် မြို့ တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ် တန်းကာ တည်ရှိ လာတော့မယ်ဖြစ်ပါတယ်။

 နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်းကြောင်း အတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။ ပိုက်လိုင်းတွေနဲ့အတူ ကားလမ်းနဲ့ ရထားလမ်းတွေကလည်း လိုက်လာပါတော့မယ်။ တရုတ်ဟာ ပထဝီအနေအထားအရ အမေရိကန်လို တစ်ဖက်စီမှာ ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာတွေ တည်ရှိနေပြီး ပင်လယ်ထွက် ပေါက် အတွက် ပူစရာမရှိတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့ တရုတ်ဟာ နောက်ထပ်အကောင်းဆုံးတစ်ခုလို့ ဆိုရမယ့် ပင်လယ်ထွက်ပေါက်တစ်ခုကို မြန်မာထံမှ ရရှိတော့မှာ ဖြစ်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဖြစ်ပြီး မြန်မာ အစိုးရရဲ့ အကြံပေးတစ်ဦးလည်း ဖြစ်သူ ဦးသန့်မြင့်ဦး ကတော့ “တရုတ်မှာ ချို့တဲ့နေတာကတော့ သူ့ကိုယ်ပိုင် ကာလီဖိုးနီးယားပဲ ဖြစ်ပါတယ်။ အဲဒါက နောက်ထပ် ပင်လယ် ကမ်းရိုးတန်း တစ်ခုဖြစ်ပြီး ဟိုးအတွင်းပိုင်းက ဝေးလံခေါင်ဖျားတဲ့ ပြည်နယ်တွေဆီကို ကုန်စည်ဆက်သွယ် ပို့ဆောင်နိုင်ဖို့ ပါ” လို့ ပြောပါတယ်။ မြန်မာရဲ့ ပထဝီနိုင်ငံရေးအရ ထူးခြားစွာတည်ရှိမှုကို ၎င်း၏ Where China Meet India စာအုပ်တွင် ရေး သားဖေါ်ပြခဲ့သော ဦးသန့် မြင့်ဦးက တရုတ်-မြန်မာ ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်းဟာ ပေကျင်းရဲ့ “ပင်လယ်နှစ်ခု ပေါ်လစီ” မှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။

 ထို့ အတူပင် သြဇာကြီးမားတဲ့ ပညာရှင်၊ စာရေးဆရာ ရောဘတ် ကတ်ပလန်က ကမ္ဘာကြီးရဲ့ တတိယအကြီးဆုံးရေပြင်ဖြစ်သော အိန္ဒိယ သမုဒ္ဒရာ တွင် တည်ရှိရေးတရုတ် တို့ စွမ်းဆောင်မှသာ ယင်းအချက်က တရုတ်တို့ ကမ္ဘာ့အင်အားကြီး စစ်အင်အား နိုင်ငံဖြစ်လာမည်လား၊ သို့မဟုတ် ပစိဖိတ်သမုဒ္ဒရာနဲ့သာ ထိတွေ့ နေရသည့် ဒေသတွင်းအင်အားကြီးနိုင်ငံ အဆင့်ဖြင့်သာ ရှိနေမလားဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ ပြောထား ပါတယ်။ ကတ်ပလန်က ၎င်းရဲ့ခန့်မှန်းမှုကို နိုင်ငံခြားရေးရာမဂ္ဂဇင်းကြီး Foreign Affairs မှာ စိတ်ဝင်စားစရာ ဆောင်းပါးအမည် နှစ်ဆယ့်တစ် ရာစုအတွက် ဗဟိုချက်နေရာ-အိန္ဒိယသမုဒ္ဒရာ ထဲမှာ ကစားရမယ့်ပါဝါ "Center Stage for the 21st Century: Power Plays in the Indian Ocean " ဖြင့်ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။

 နှစ်ပေါင်းများစွာ ကြာအောင်ပဲ အနောက်တိုင်းဟာ မြန်မာကို လူ့အခွင့်အရေး၊ဒီမိုကရေစီ ရှုထောင့်များကသာ ကြည့်ခဲ့တာ ပါ။ဒီဇာတ်လမ်းထဲမှာ အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင် စနစ်ကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ရုန်းကန်နေခဲ့တာ ပါဝင် ခဲ့ပါတယ်။ ဒါကလည်း လူဦးရေ သန်း ခြောက်ဆယ် ပမာဏရှိတဲ့ မြန်မာပြည်အတွက် အထူးအရေးကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ဒီလိုကိစ္စကြီးက နောက်ထပ်အရေးပါတဲ့ အချက်တစ် ချက်ဖြစ်တဲ့ အာရှရဲ့ မဟာဗျူဟာအမြောက်ဆုံး နိုင်ငံတွေထဲက တစ်ခုကို အလုအယက် ဖြစ်နေကြတဲ့ပွဲကြီးကို အမြင်မှုန်ဝါးအောင် လုပ်ထားပါတော့တယ်။

 တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးထားတဲ့ ဒီပိုက်လိုင်းဟာ ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ ဆိုတာ သတိရသင့်ပါတယ်။ ၁၉၉၀နှစ် များ အတွင်းမှာပဲ မြန်မာဟာ ပြင်သစ်တိုတယ် ရေနံကုမ္ပဏီက တည်ဆောက်ပေးတဲ့ ပိုက်လိုင်း ကတဆင့် ထိုင်းဆီကို ၎င်းရဲ့ကမ်းလွန်ဓါတ်ငွေ့ တွေကို စတင် ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက အိန္ဒိယ၊ တောင်ကိုရီးယားနဲ့  တရုတ်တို့ဟာ နောက်ထပ် ပိုကြီးတဲ့ လုပ်ကွက်တစ်ခုကိုလည်း ထပ်ရ ခဲ့ပါသေးတယ်။ ၂၀၀၆ မှာတော့ ပေကျင်းဟာ ကုလ လုံခြုံရေးကောင်စီမှာ မြန်မာရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေကို ရှုတ်ချကြောင်း ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။ ဒီနောက် အချိန်တိုလေးအတွင်းမှာပဲ ယူနန်ပိုက်လိုင်းစာချုပ်ကို တရုတ်တို့ ရရှိသွားပါတော့တယ်။ အခုလို အိန္ဒိယသမုဒ္ဒရာဆီ မြန်မာကို ဖြတ်လို့ လမ်းပေါက်သွား တာဟာ အခုရာထူးကအနားယူတော့မယ် သမ္မတ ဟူကျင်တောင် ပြောတဲ့ “တရုတ်ရဲ့  မာလက္ကာရေလက်ကြား ပြဿနာ” ကို ဖြေရှင်းဖို့ စတင်နိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။

တရုတ်ဟာ ၎င်းတင်သွင်းသမျှ ရေနံ စုစု ပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အခု အချိန်ထိ အမေရိကန်ရေတပ်က ထိန်းချုပ်နိုင်စွမ်းရှိတဲ့ မလေး ရှားနဲ့ ဆူမတြားကျွန်းတို့ကြားက ကျဉ်းမြောင်းတဲ့ အဲဒီ ရေလက် ကြားလေးကို အသုံးပြုနေရတာပါ ။ဒါ့ကြောင့် သူ့အတွက် အန္တရာယ်ရှိတဲ့ ဒီလမ်းကြောင်းလေးကို ရှောင်လွှဲချင်နေတာ သဘာဝ ကျပါတယ်။ အခု မြန်မာကဖြတ်မယ့် ပိုက်လိုင်းသစ် ကတော့ တရုတ်တို့ အရှေ့အလယ်ပိုင်းက သင်္ဘောနဲ့ သယ်လာတဲ့ ရေနံတွေကို ရခိုင်ကမ်း လွန်ကနေ မြန်မာကိုဖြတ်ပြီး ပို့မှာဖြစ်လို့ မာလက္ကာရေလက်ကြားကို မှီခိုရမှုမှာ သုံးပုံတစ်ပုံလောက် လျော့ကျသွားမှာ ဖြစ်ပါတယ်။ မြန်မာကပို့ မယ့် ဓါတ်ငွေ့ပိုက်လိုင်းဟာ တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလီယံ ပို့နိုင်ပြီး ဒါဟာ တရုတ်ပြည်အနေနဲ့ တင်သွင်းနေသမျှ ဓါတ်ငွေ့စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းအထိ ရှိနေတာပါ။ မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကလည်း ဆက်ရှိနေ ပါဦးမယ်။ မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံသား သန်းချီပြီး ပြောင်းရွှေ့ဝင်ရောက်လာခဲ့ ပြီး နိုင်ငံရဲ့ဒုတိယမြို့တော် မန္တလေးဟာ ဆိုရင်လည်း တရုတ်မြို့လို့ လူတွေခံစားနေ ကြရတယ်။ ဝ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ကြတဲ့ နယ်ဟာ တရုတ်နဲ့ ကပ်လျက်ရှိနေပြီး မြန်မာဘက်က သွားရင် တော့ စစ်တပ်ကင်းစခန်းတွေကနေသာ ဖြတ်သွားနိုင်မှာ ဖြစ်တယ်။

ဒါပေမဲ့ တရုတ် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံထဲ နှစ်ပါင်းများစွာကြာအောင် ဝင်လာခဲ့တာမို့  အခုဆို သတ္တုတွင်း တွေနဲ့ ဆည်မြောင်းတွေ တည်ဆောက် ရေး လုပ်ငန်းတွေမှာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားနေပြီးပါပြီ။ ဒါ့ကြောင့် မြန်မာမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ သိပ်ကြီး နေတာကို ၂၀၁၀ တုန်းက အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်တဲ့ ဂျင်မ်ဝက်ဘ်က တချိန်က ဗြိတိသျှ အိန္ဒိယပြည်ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ခဲ့တဲ့ မြန်မာဟာ “တရုတ်ရဲ့ ပြည်နယ်တစ်ခု ဖြစ်ဖို့ အန္တရာယ် ရှိလာနေပြီ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 တကယ်တော့ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို ကြောက်တဲ့ အကြောက်တရားတွေဟာ ဗိုလ်ချုပ်ကြီးတွေနဲ့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရတို့ကို အပေးအယူလုပ် ညှိနှိုင်းမှုတွေ ရအောင် ပြုလုပ်ပေးလိုက်တာပါပဲ။ မြန်မာရဲ့ ၂၀၁၁ မှာ အစိုးရသစ်တက်လာပြီး အပြောင်းအလဲအတွက် လမ်း ဖွင့်ပေးလာတာတွေဟာ အာရှကို ဦးတည်ချဉ်းကပ်လာနေတဲ့ အမေရီကန်ရဲ့ အလှည့်အပြောင်းနဲ့ လာတိုက်ဆိုင်နေပါတယ်။ ဒီအချက်က ရုတ်တရက် အောင်မြင်မှု ရသွားတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေထက် ပထဝီနိုင်ငံရေးအရ စဉ်းစားမှုတွေက ပိုပြီးအဆုံးအဖြတ်ကျနေတာကို ပြ သနေတာလည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်ကြီးတွေရဲ့ ပထမဆုံးသော အချက်ပြမှုကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး လိုက်တာမဟုတ်ပါဘူး။ တန်ဖိုးငွေ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိတဲ့ တရုတ်တို့ ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည် ကြီးကို ရပ်ဆိုင်းခိုင်းလိုက် ခြင်းပါပဲ။ အဲဒီကစလို့  မြန်မာကို ယှဉ်ပြိုင်လွန်ဆွဲလုရတဲ့ ပွဲကြီးဟာ စတင်လာခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဥရောပတို့ဟာ လက်ရှိအချိန်ထိတော့ မြန်မာ မှာ ထောက်ပံ့ရေးအေဂျင်စီ တွေ၊ အဖွဲ့ အစည်းပေါင်းစုံတွေကတဆဆင့်သာ ဝင်ရောက် နေပါတယ်။ ဒီကာလအတွင်း ဆန်ရှင်တွေလုပ် ပြီး မြန်မာကို ပိတ်ဆို့ထားတဲ့အချိန်တွေ အတွင်းကတောင် တစ်ခါမှထွက် မသွားဖူးတဲ့ ဂျပန်ဟာ ကြွေးမြီ ဒေါ်လာ ခြောက်ဘီလီယံခန့်ကို လျှော်ပစ်ကာ မြန်မာနဲ့ ထိတွေ့ဆက်သွယ်မှုတွေ လျင်လျင် မြန်မြန် ပြန်လုပ်လာနေပါတော့တယ်။ ဒါဟာ ပြည်တွင်းမှာ ဂျပန်အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်တော့မယ်ဆိုတဲ့ သဘောကို ပြသနေတာပါ။ ဒါ့အပြင် ဒီတစ်ပတ် အတွင်းမှာပဲ ပါရီကလပ်ကနေ မြန်မာကို ကြွေးမြီတွေ လျှော်ပစ်ဖို့နဲ့ နောက်ထပ် ငွေစီးကြောင်းအသစ်တွေဝင်လာဖို့ လမ်း ဖေါက်ပေးတာတွေ ဖြစ်လာခဲ့ပါပြီ။ အခုအချိန်မှာ ဘယ် အနောက်နိုင်ငံကမှရော၊ ဂျပန် ကပါ ရင်းနှီးမြုပ်နှံမှု ကြီးကြီး မားမားတွေကို အသစ်စတင်လုပ်ဆောင်ဖို့ မရှိသေးပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ ကိုတော့ စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။ သံတမန်ရေး အဝန်းအဝိုင်းမှာလည်း အမေရိကန်ဟာ မြန်မာကို ၎င်းရဲ့ အရှေ့တောင်အာရှ ကော်ဘရာဂိုးလ်မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ် ထားပါတယ်။

ဒီလိုဖြစ်စဉ် တွေထဲမှာ တရုတ်ကတော့ နောက်ကျကျန်နေပါတယ်။ နေပြည်တော်ဟာ ပြည်တွင်းမှာ အကြီးမားဆုံး ကြေးနီမိုင်း ဖြစ်တဲ့ လက်ပတောင်းတောင် စီမံကိန်းတည်ဆောက်မှု နောက်ကွယ်က မြေယာသိမ်းယူမှုတွေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းနေပြီး မကြာမီက တရုတ်နယ်စပ်မှာ ကချင်တပ်တွေကို ဗုံးကြဲတိုက်ခိုက်ရင်း တရုတ်နယ်စပ်ထဲ အမြောက်ဆံတွေ ကျရောက်စေကာ စိတ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ နိဂုံးချုပ်အနေနဲ့  လက်ရှိဖြစ်ပေါ်မှု အခင်းအကျင်းများကို သုံးသပ်ရရင် နေပြည်တော်ဟာ တရုတ်ကို စွန့်လွှတ်ပစ် လိုက်မှာတော့ မဟုတ်သေးပါ ဘူး။ အခြေအနေက အရှေ့ ကို လွှင့်ပစ်ပြီး အနောက်ကိုဖက်တွယ်လိုက်ဖို့ကလည်း အများကြီး ဖြစ်နိုင်သေးပါဘူး။

 ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တစ်ဦးကတောင်မှ အခုအနေအထားကို မဟာဗျူဟာကျကျ ကောင်းကောင်းကြီး သိထားနေပါတယ်။ သူမက “တရုတ်ဟာ မြန် မာနဲ့ ကပ်လျက်မှာရှိနေပြီး အမေရိ ကန်ကတော့ ခပ်လှမ်းလှမ်းမှာ ရှိနေတယ်ဆိုတာကို မေ့ပစ် လို့ မရပါဘူး”လို့ ပြောထားတာပါ ။တကယ်လို့ သူမသာ သမ္မတဖြစ်လာခဲ့ရင်တော့ သူမဟာ အမေရိကန်နဲ့ တရုတ် ကြားက မြန်မာရဲ့အနေအထားကို ပထဝီနိုင်ငံရေးကစားပွဲ တစ်ခုအဖြစ်ရော၊ ဒီမိုကရေစီရေး ကစားပွဲတစ်ခုအဖြစ်ပါ ဘယ်လို ကစားသွားမလဲဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

 ကိုသွင်

 Ref: David Pilling, Pipeline marks scramble for Myanmar. Fanicial Times,30 th Janaury. 

မူရင်းဆောင်းပါးရှင် ဒေးဗစ်ပေးလင်းသည် Financial Times သတင်းစာ၏ အာရှအယ်ဒီတာဖြစ်ကာ ၎င်း၏ ပင်တိုင်ကဏ္ဍတွင် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။

Wednesday, October 3, 2012

လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့တန်ဘိုးရှိတဲ့ ဥပဒေစနစ်တစုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား။


လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့ တန်ဘိုးရှိတဲ့ ဥပဒေစနစ်တစုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား။
 အောင်ထူး (ရှေ့နေ) 

 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး တရားသူကြီးကိုးဦးအား အရေးယူ ဖိအားပေး နုတ်ထွက်စေလိုက် ပြီး နောက် လွှတ်တော်သည် ဥပဒေစနစ်တစုံလုံးကိုပါ အနှစ်သာရအားဖြင့် ဖျက်သိမ်းတော့မည့် စိုးရိမ်ဘွယ်အနေအထားများအား တွေ့မြင်နေရသည်။

 မြန်မာ နိုင်ငံသည် ငါးပါးသာ မက သံဃာစင်ပါ မှောက်ပါ တော့မည်။ အဘယ်ကြောင့်နည်း။

လွှတ်တော်တရပ်ခြင်းစီက ဖွဲ့စည်းလိုက်သည့် ကော်မတီ များသည် ပြည်ထောင်စု အဆင့်မရှိကြောင်း တိုင်းပြည်၏ အမြင့်ဆုံး ခုံရုံး က ချမှတ်လိုက်သော စီရင်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ဖြစ်နေပါလျှက် ဤဆုံးဖြတ်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်း၏ ကော်မတီများအား ပြည်ထောင်စု အဆင့်ဖြင့် ဇွတ်အတင်းကျင့်သုံးစေလျှင်၊ မြန်မာနိုင်ငံ၏ ဥပဒေစနစ်အား အခြေခံအားဖြင့် ဖျက်သိမ်းပြီးရာ ရောက်သွားသောကြောင့်ဖြစ်သည်။

ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးအားလုံး နုတ်ထွက်သွားပြီ ဖြစ်သဖြင့် ၄င်းတို့ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်မှာ အလိုအလျှောက် ပျက်ပြယ်သွားပြီဟူ၍ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးသိန်းညွန့်က ပြောဆိုသွား ခဲ့ကြောင်း ဘီဘီစီက စက်တင်္ဘာလ (၆) ရက်နေ့ တွင် အသံလွှင့်သွားခဲ့သည်။

ဤအတိုင်းပင် လွှတ်တော်အမတ်အများစုကလည်း ထင်မှတ်နေကြပုံရသည်။ ယင်းအချက်မှာ လုံးဝ လွဲမှား နေပါသည်။ ယင်းကို သာမန်လူထုများ နားလည်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဥပဒေစနစ်ကို ပြန်လည်လေ့လာဘို့ လိုပါမည်။ ကမ္ဘာတွင် အဓိကအားဖြင့် ဥပဒေစနစ်နှစ်ခုသာ ရှိပါသည်။ အင်္ဂလိပ်ဘာသာအားဖြင့် Common Law နှင့် Civil Law ဥပဒေ စနစ်များ ဟူ၍ခေါ်သည်။

 မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုအောက်တွင် နေခဲ့ ရစဉ်အတွင်း ကွန်မွန်းလော Common Law ဥပဒေ စနစ်ကို အမွေဆက်ခံခဲ့သည်။ နယ်ချဲ့စနစ်ကို မည်သူမျှ မကြိုက်ကြပါ။ သို့ရာတွင် နယ်ချဲ့စနစ်အောက်မှ ရရှိခဲ့သော ကွန်မွန်းလော ဥပဒေစနစ်ကို မူ မြန်မာနိုင်ငံ သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မည်သည့် နိုင်ငံရေးခေါင်းဆောင်၊ မည်သည့် ဥပဒေ ပညာရှင် ကမျှ တိုက်ခိုက်ပြောဆိုခဲ့ခြင်း မရှိ၊ ယနေ့တိုင် တန်ဘိုးထား ကာ လက်ခံကျင့်သုံးနေဆဲဖြစ်သည်။

 ကွန်မွန်းလော ဥပဒေစနစ်၏ကြောရိုးကြီးမှာ တရားစီရင်ရေးနှင့် ၄င်းကစီရင်လိုက်သည့် စီရင်ထုံးများဖြစ်သည်။ ဘက်နှစ်ဘက်အငြင်း ပွားကြသော မှုခင်းများ အားလုံးတွင် တရားသူကြီးသည် ဘယ်ဘက်ကမှ မနေဘဲ အလယ်မှာတည့် တည့်ရပ် ခါ တရားရုံး ရှေ့တွင် တင်ပြလာသော သက်သေ အထောက်အထား များအပေါ်အခြေခံပြီး မှုခင်းများ ကို ဆုံးဖြတ် ကြရသည်။

သက်ဆိုင်ရာမှုခင်းများတွင် အမြင့်ဆုံး တ၇ားရုံးကြီးများ၏ ဆုံးဖြတ်ချက်များကို စီရင်ထုံးများ အဖြစ် ရွေးချယ်မှတ်တမ်းတင်ပြီး တရိုတသေ လေးစား လိုက်နာကျင့် သုံးကြရသည်။ အမြင့်ဆုံးတ၇ားရုံးကြီး တရုံး၏ ဆုံးဖြတ်ချက်အပေါ် ဥပဒေအကြောင်း အရာအရ တူညီသော မှုခင်းအသစ်တရပ်တွင် နောက်ထပ် စီရင်ထုံးအသစ် ထွက်ပေါ်လာပြီး ပြင်ဆင်ဆုံးဖြတ်မှုမပြုမချင်း ပထမ စီရင်ထုံးကို တပြည်လုံး လက်ခံ ကျင့်သုံးကြရသည်။

စီရင်ချက်ချမှတ်ပြီးနောက် အဆိုပါချမှတ်သူ တရားသူကြီးများနုတ်ထွက်သွားရုံမျှ၊ (သို့မဟုတ်) သေဆုံးသွားရုံမျှဖြင့် ၄င်းတို့ ချမှတ် ခဲ့သည့် စီရင်ချက် ပျက်ပြယ်သွားပြီဟူ၍ ကမ္ဘာတခြမ်းနီးပါး ကွန်မွန်းလော ဥပဒေစနစ် ကို ကျင့်သုံးလျှက်ရှိ သော မည်သည့် နိုင်ငံက မျှ လက်ခံမည် မဟုတ်ပါ။ ရယ်မောလှောင်ပြောင်ဘွယ် ပင် ဖြစ်ပါဦးမည်။

ဥပဒေ နယ်ပယ်တွင် Living by the dead ဟူသော စကားလုံးပင် ရှိပါ သေးသည်။ “ သေသွားသူတို့ကို အခြေပြု၍ ရှင်သန်ခြင်း” ဟူသော အဓိပ္ပါယ် ရှိသည်။ ဆိုလိုသည်မှာ စီရင်ချက် ချမှတ်လိုက်သော တရားသူကြီးများ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သော်လည်း ၄င်းတို့ချမှတ်လိုက်သည့် စီရင်ချက်များအား (နောက် ထပ် စီရင်ထုံး အသစ်တခု မထွက်မခြင်း) လေးစား လိုက်နာကျင့်သုံးကြရခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံ ကြောရိုးကြီးဖြစ် သည်။

 မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ပါ။ လွတ်လပ်ရေးရပြီးနောက် ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံကြောရိုးကြီးကို အားကောင်းစွာ ဖေါ်ဆောင်ခဲ့သည်။ လွတ်လပ်သည့်တရား စီရင်ရေးစနစ်ကျင့်သုံးခွင့်ရခဲ့သည့် ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဥပဒေ စနစ်ကို အာရှနိုင်ငံများက လေးစားကြရပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ကွန်မွန်းလောဥပဒေစနစ် က များစွာ ကျားကန်ပေးခဲ့သည်။

၁၉၆၂ တွင် စစ်အာဏာသိမ်းခံခဲ့ရပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် နိုင်ငံရေးစနစ်တစုံ လုံးကို ဖျက်ဆီးခဲ့သော်လည်း ကွန်မွန်းလော ဥပဒေ စနစ် ကို မထိပါးခဲ့။ ယခုအချိန်အထိ ဆက်လက်ရှင်သန် ကျင့်သုံးနေဆဲဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း ဖျက်ဆီးခဲ့သည်များအနက် အခြေခံကြီးတရပ်မှာ လွတ်လပ်သော တရားစီရင်ရေး ဖြစ်သည်။ မြန်မာနိုင်ငံအား ဟောင်ကောင်နှင့် နိုင်းယှဉ်ကြည့်ပါ။

 ဟောင်ကောင်သည်လည်း ဗြိတိသျှ ကိုလိုနီအောက် တွင် နေခဲ့ရပြီး စီးပွားရေး အရ တောင့်တင်း လာသဖြင့် အာရှကျား လေးကောင် စာရင်း တွင် ထည့်သွင်း ခြင်းခံခဲ့ရသည်။ ၁၉၉ရ ခုနှစ်တွင် တရုပ်ပြည်မ ကြီးနှင့် ပေါင်းသွားပြီးနောက်ပိုင်း ဟောင်ကောင်၏ စီးပွားရေးအားကို ရှန်ဟိုင်းနှင့် နိုင်းယှဉ်ကြည့်ကြ သည်။ ရှန်ဟိုင်းသည် မြို့အလွန်ကြီး သောကြောင့် စီးပွားရေးထုထည်မှာမူ ဟောင်ကောင်ထက် ပိုကြီးသည်။

သို့ရာတွင် စီးပွားရေး၌ အားကောင်းထက်မြက်မှု အရ ဟောင်ကောင်ကို မမှီဟု သုံးသပ်ကြသည်။ အဘယ် ကြောင့် နည်းဟု အဖြေ ရှာသောအခါ ဟောင်ကောင်တွင် ကွန်မွန်းလော ဥပဒေ စနစ်အခြေခံ၌ လွတ်လပ်သော တရားစီရင်ရေးစနစ် ကျင့်သုံးနိုင်မှုကို တွေ့ခဲ့ ကြသည်။ ဟောင်ကောင် တက္ကသိုလ်အား အာရှတိုက် ၌ အကောင်းဆုံးတက္ကသိုလ် အဖြစ်ပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအကြားဖြစ်ပွားခဲ့သော အငြင်းပွား မှု အပေါ်အခြေခံကာ ခုံရုံးက ချမှတ်ခဲ့သော စီရင်ချက်သည်အလိုအလျှောက် ပျက်ပြယ်ခြင်း ရှိ မရှိ အကြီးမားဆုံး ဥပဒေပြသနာ ပေါ်လျှက်ရှိသည်။

 ယင်းနှင့် စပ်လျှဉ်း၍ ဟောင်ကောင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ Simmon Young က အာက်ပါအတိုင်းသုံးသပ်သည်။ “ တကယ်လို့ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကြေနပ်ရင် ကွန်မွန်းလော ဥပဒေစနစ် အရ သက်ဆိုင် ရာ ဥပဒေကိုပြင်ပြီး ( တရားရုံးနဲ့ဆွေးနွေး ညှိနိုင်းတဲ့ အခြေခံမှာ) အမှုကို နောက်တခါပြန်စီရင်၊ ဒါမှ မဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဘို့ သာရှိတယ်။

 ကွန်မွန်းလော ဥပဒေစနစ်အရ ဆိုရင် တရားသူကြီးတွေ ပြောင်းလဲသွားပေမယ့် တရားရုံးရဲ့စီရင် ချက် က မပြောင်းဘူး။ ဆက်လက်တည်ရှိနေတယ်။ ဒါကို ပြောင်းနိုင်ဘို့ဆိုရင် သင့်တော်တဲ့ မှုခင်းတခုမှာ ဥပဒေနဲ့အညီဖွဲ့စည်း ထားတဲ့ တရားရုံးတခုက တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တခု ထပ်မံချမှတ်ဘို့လိုအပ်မှာဖြစ်တယ်။” စာရေးသူသည် မြန်မာနိုင်ငံတွင် ကွန်မွန်းလော ဥပဒေစနစ်နောက်ခံ၌ လက်ရှိ ပေါ်ပေါက်လျှက်ရှိသော ဤဥပဒေရေးရာ ပြသနာ ကြီးနှင့် စပ်လျှဉ်း၍ နိုင်ငံတကာမှ ဥပဒေပညာရှင်များထံ ထပ်မံချည်းကပ်လေ့လာပါသည်။

ဆွီဒင် နိုင်ငံ စတော့ဟုမ်း တက္က သိုလ် ဥပဒေပညာဌာနမှ နိုင်ငံတကာ ဥပဒေပါမောက္ခ ဒေါက်တာ ဒေးဗစ် ဖစ်ရှာနှင့် အင်္ဂလန်နိုင်ငံတွင် အခြေစိုက် နေထိုင်လျှက် ရှိသော ၀တ်လုံတော်ရ နှင့် ဥပဒေပညာရှင် တဦး (အိုင်ယာလန်နိုင်ငံမြောက်ပိုင်း၏ ဥပဒေကော်မရှင်နာ မင်းကြီး ဖြစ်သော) ဒေါက်တာ ဗင်းခက် အိုင်ယာ တို့ကလည်း ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ ဆိုင်မွန်ယန်း နှင့် အလားတူ သဘောထား များ ပေးကြသည်။

 (၄င်းတို့ ၏ သဘောထားမှတ်ချက် မူရင်းများအား စာရေးသူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဤ ဆောင်းပါး တွင် ရှုပါ။

 http://www.dvb.no/analysis/rule-of-law-and-reality-in-burma/24042)

 ထိုနည်းတူပင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ် မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေးဗစ် ၀ီလီယမ် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ အရ ခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ်ဖြစ်ကြောင်း ထောက်ပြ ၍ အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

 “In a common law system, the tribunal’s decision stands even though the justices have been impeached. The decision is precedent unless and until a future tribunal overturns it. Though the Hluttaw may have the power to impeach judges, it does not have the power to overturn judicial decisions, which is purely judicial business, not legislative. Clearly, the 2008 constitution contemplates that arrangement. Section 322 gives the constitutional tribunal the power to interpret the constitution, and Section 324 says that decisions of the tribunal shall be final and conclusive.”

 အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် တရားစီရင်ရေးကဏ္ဍတွင် အထင်ကရ ထည့်သွင်း ပြဌာန် တည်ဆောက် ထားသော တရားရုံးကြီးဖြစ်သည်။ အင်မတန်မှ သေချာသောအချက်မှာ လွှတ်တော်အနေဖြင့် ခုံရုံးတရားသူကြီး များအား ဖြုတ်ထုတ် နိုင်သော်လည်း ခုံရုံးမှ ချမှတ်ထားခဲ့ပြီး ဖြစ်သော ဆုံးဖြတ်ချက်ကို ၄င်းတို့အလိုကျ ပြောင်းပြန်လှန်၍ မရပါ။

တရား သူကြီးများကို ဖြုတ်လိုက်ရုံဖြင့်ခုံရုံး၏ ဆုံးဖြတ်ချက်သည် အလိုအလျှောက်ပျက်ပြယ်မသွားပါ။ ဤတွင် ပြသနာ ရှိလာပါသည်။ လွှတ်တော်သည်လည်းကောင်း သမတ သည် လည်းကောင်း ဘာဆက်လုပ်ကြမည် နည်း ဟူ၍ဖြစ်သည်။ လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံး တရားသူကြီးများအား ဖြုတ်ထုတ်စေလိုက်ခြင်းဖြင့် တရားစီရင်ရေးမဏ္ဍိုင်သည် ကြီးကြီး မားမား ယိမ်းယိုင်သွားခဲ့ပြီ။

လွတ်လပ်သော တရားစီရင်ရေး ၏ အခြေခံကို ပြောင်ပြောင်တင်းတင်း ရိုက်ချိုးလိုက်ခဲ့ပြီ။ အမြင့်ဆုံး တရားရုံးကြီး၏ တရားသူကြီးများသည် နိုင်ငံရေးအစုအစည်းဖြစ်သော လွှတ်တော်ကို ဒူးထောက်ခဲ့ရပြီ။ မြန်မာနိုင်ငံ၏ တရားစီရင် ရေးရာဇ၀င် ရိုင်းသွားခဲ့ပြီဖြစ်သည်။ လူထုအတွက် အားကိုးရာ လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင်ဟူသည်မှာ စိတ်ကူးအိပ်မက် ဖြစ်သွားခဲ့ပြီ။ ထိုမှ တဖန် လွှတ်တော်သည် ဘာဆက်လုပ်ဦးမည်နည်း။

 အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်းဖာသာချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဇွတ်အတင်း အကောင်အထည်ဖေါ် သွားမည်ဆိုလျှင် ကွန်မွန်းလော ဥပဒေစနစ် အခြေခံတွင် တည်ဆောက်ထားသည့် ဥပဒေစိုးမိုးရေး ပျက် သွားပြီ ဟု ပြောရပါမည်။ မှုခင်းများ၏ အပြီးအပြတ် အဆုံးအဖြတ်သည် တရားစီရင်ရေးတွင် မရှိတော့ဘဲ လွှတ်တော်က ယူလိုက် သည့် သဘောသက်ရောက်သွားခြင်းကြောင့် ဖြစ်သည်။

 ယင်းသို့ဖြစ်လျှင် ဥပဒေစနစ်တစုံလုံးပျက်သွားပါမည်။ အကျိုးဆက် အနေ ဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ကြီးကြီးမားမား လာရောက်ရန် မမြှော်လင့်ပါနှင့်တော့။ ဥပဒေစိုးမိုးရေးကင်းမဲ့သော နိုင်ငံ တွင် မည်သည့် နိုင်ငံခြားကုမ္မဏီကြီးများကမျှ ရေရှည် အခြေတကျ လာရောက်မြှုပ်နှံရန်မရှိ။ ပေါ်ပင် အညွန့်ခူးစားနိုင်သည့် လုပ်ငန်း မျိုးတွင်သာ လုပ်ကိုင်ကြမည်။ လူထုများ ဆင်းရဲတွင်း ဆက်နက်နေပါမည်။

အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ဆက်လက်၍ မိုက်တွင်း နက်နေမည်၊ တရားစီရင်ရေး ကဏ္ဍ၏ အရေးပါမှုကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုထားမည် ဆိုလျှင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း ရွှေပြည်တော် မြှော်တိုင်းဝေး ဖြစ်သွားပါတော့မည်။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရများအကြား၊ ပြည်နယ်အစိုးရအချင်းချင်းအကြား၊ နိုင်ငံသား တဦးချင်းစီနှင့် အစိုးရများ အကြား ဖြစ်ပွားသည့် ပြသနာများမှာ အစိုးရ၏တာဝန်၊ နိုင်ငံသားများ၏အခွင့်အရေး၊ ပြည် ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ရပိုင်ခွင့် စသည်တို့နှင့် သက်ဆိုင်နေလျှင် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၏ ဖြေရှင်းမှုကို အပြီးသတ်နှင့် နောက်ဆုံးအနေနှင့် လက်ခံရပါမည်။

ဤနည်းဖြင့်သာ နိုင်ငံရေးပြသနာကြီးများအား လက်နက်ကိုင် ဖြေရှင်းစရာ မလိုတော့ဘဲ ငြိမ်း ချမ်းစွာ ဖြေရှင်းခွင့်ရခြင်းအားဖြင့် စစ်မှန်သော ငြိမ်းချမ်းမှု၏ အခြေခံကို တည်ဆောက်နိုင်ပါမည်။ ယင်းသို့ဖြစ်စေရန် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတို့မှာ လွတ်လပ် ၊ထက်မြက်၊ အားကောင်း နေဘို့ လိုပါ သည်။ ဤ အခြေခံကို ပြန်လည်တည့်မတ်ရန်နည်းလမ်း မရှာဖွေနိုင်ပါက တစစီပြိုကွဲလျှက်ရှိသော ပြည်ထောင်စုကြီးကို ငြိမ်းချမ်း စွာ ပြန်လည်တည်ဆောက်ရန် မမြှော်မှန်းပါ နှင့်တော့။

 ယခုကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လည်းကောင်း၊ ပင်လုံကဲ့သို့ အလားတူညီလာခံကြီး တခုကျင်းပရန်ကြိုးစား နေကြသည် စသည်တို့သည်လည်းကောင်း၊ တံလျှပ် ကို ရေထင်၊ ရွှေသမင် အလိုက်မှားသည့် ကိန်းဖြင့်သာ နိဂုံးကမ္ပတ် အဆုံးသတ်ဘွယ် ရှိပါသည်။ သမတ ဦးသိန်းစိန်သည် များမကြာမီ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးများကို ခန့်ရပါတော့မည်။ ခန့်ပြီးလျှင် သမတ အနေဖြင့် ဘာဆက်လုပ်မည်နည်း။ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီ များအား လွှတ်တော်၏ အလိုကျပြည်ထောင်စု အဆင့် သတ် မှတ်ကာ ခံစားခွင့်များ ထုတ်ပေးတော့မည်လော။

သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံနှင့် အညီ ခုံရုံး၏ ဆုံးဖြတ်ချက်မှာ အပြီးအပြတ် နှင့် အတည်ဖြစ်သည် ဟူသော အချက်ကို လက်ခံကာ လွှတ်တော်၏ ဆန္ဒကို အတိအလင်းငြင်းဆန်မည်လား။ ခုံးရုံးဆုံးဖြတ်ချက်ကြီး အထင်အရှားရှိနေပါလျှက် လွှတ်တော်၏ အလိုကို လိုက်နာမည်ဆိုလျှင် သမတသည်လည်း ဥပဒေစိုးမိုးရေးကို ဖျက်ဆီးသည့် ကြံရာပါ ဘ၀နှင့် နိဂုံးချုပ်သွားပါမည်။ ယင်းသို့ မဖြစ်စေလိုလျှင် သမတသည် အသစ်ခန့်လိုက်သော ခုံရုံးတရားသူကြီးများရှေ့မှောက်တွင် မှုခင်းကို ပြန်လည်တင်သွင်းပြီး ထပ်မံ ဆုံးဖြတ်စေ ရပါမည်။

ဤတွင် ခုံရုံးအသစ်သည် ခုံရုံးအဟောင်း၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုရပ်တည်သွားမည် ဆိုပါက လွှတ်တော်သည် ဘာဆက်လုပ်မည်နည်း။ ခုံရုံးတရားသူကြီး အသစ်များကို ထပ်မံဖြုတ်ဦးမည်လော။ ယင်းသို့ ဖြစ်ပါက မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းသည် ရိုင်းသည့်  အဆင့်ထက်ပင်ကျော်လွန်ကာ ပျက်ရယ်ပြုဘွယ်ဖြစ်သွားပြီး လွှတ်တော်သာမက တနိုင်ငံလုံး ပါ နိုင်ငံတကာရှေ့မှောက်တွင် အရှက်ကွဲပါတော့မည်။ အထက်ပါ အကြပ်အတည်းများကို ကျော်လွှားရန်မှာ တနည်းသာ ရှိသည်။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားစီရင် ရေး ကဏ္ဍမှ စတင်၍ ထိထိရောက်ရောက် ပြင်လိုက်ရန် ဖြစ်သည်။

မိမိတို့ယုံကြည်လေးစားသည့် တရားသူကြီးများ ရရှိရေးအတွက် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများ အားရွေးချယ်ခန့်အပ်မှု မည်သို့ ဖြစ်သင့်သည် ဟူသည်ကို လူထု ထံမှ သဘောထားတောင်းခံသည့် လုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် လိုသည်။ ခန့်အပ်ပြီးသော တရားသူကြီးများ ရာထူးနေရာ တည်မြဲမှုအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဌာန်းရပါမည်။ လွှတ်တော်၏ ရေးရာ ကော်မတီများ မှာ မည်သည့် အဆင့်ဖြစ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံပြီး ဖွဲ့စည်းပုံတွင် အတိအလင်း ဖေါ်ပြရပါမည်။

 ၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေး ကဏ္ဍမှ စတင် ပြင်ဆင်မည် ဆိုလျှင် တဆက်တည်းလုပ်သင့်သည်မှာ စစ်ဘက်ဆိုင်ရာ တရား ရုံးများ ဟူသည်ကို လုံးဝထုတ်ပယ်လိုက်ရန် ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများ သီးခြားခွဲ တည်ထောင်ထားမှုမှာ လုံးဝ မဖြစ် သင့်ပါ။ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲတည်ထောင်ပြီး အယူခံစီရင်ပိုင်ခွင့်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူထားခြင်းအားဖြင့် ၄င်းသည် ဥပဒေ၏ အထက်တွင် ရောက်နေပါသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မည်သည့် တရား ရုံးကမျှ စီရင်ပိုင်ခွင့် မရှိတော့သောကြောင့် ဖြစ်သည်။ ယင်းသို့ ဖြစ်နေသမျှ မြန်မာနိုင်ငံသည် မည်သည့်အခါ တွင်မျှ ဥပဒေစိုးမိုးရေး မရနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများသည် အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးတရားရုံးကြီးများ၏ ကြီးကြပ်ကွပ် ကဲမှုအောက်တွင် ရှိရ ပါမည်။ ဤအတိုင်းပင် တည်ဆဲဖြစ်သော ၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေတွင် ပြဌာန်း ထားရှိပြီး ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများ သီးခြားခွဲတည်ထောင်ထားမှုကို ဖျက်သိမ်းပြီး ၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေ အတိုင်း ပြန်လည် အသက်သွင်း ကျင့်သုံးခြင်းဖြင့်သာ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေး ကဏ္ဍမှ စတင် ပြင်ဆင်ရန်ကိုပင် လွှတ်တော်အမတ်ဟူသော ပုဂ္ဂိုလ်များက မသိကျိုးကျင် ပြုနေကြပါက တချိန်တွင် လူထုသည် အုံကြွကာ (၁၉၇၄ ဖွဲ့စည်းပုံတခုလုံးအား ဆုတ်ဖြဲလွှင့်ပစ်ခဲ့သကဲ့သို့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံးအား သမိုင်းအမှိုက်ခြင်းထဲသို့  ထည့်ပစ်လိုက်နိုင်ဘွယ် အရိပ်အယောင်များ စတင်တွေ့မြင်နေရပါပြီ။

 အောင်ထူး (ရှေ့နေ) 
 အောက်တိုဘာလ (၂) ရက် ၂၀၁၂ ခုနှစ်

Tuesday, September 25, 2012

ချစ်ဇနီး


မိမိဇနီးသည်ကို အတူတစ်ကွ အသက်ရှင်နေထိုင်ခွင့်ရနေတုန်း သူမ ရဲ့ တန်ဖိုး ကို အသိအမှတ်ပြု နားလည်ပေးရင်း တုံ့ပြန်ချစ်တတ်ဖို့ သိပ်အရေးကြီးတယ်ဆိုတဲ့ အသိကို ရစေတဲ့ စာလေးတစ်ပုဒ်ပါ။

ရိုးရိုးလေးရေးထားပေမယ့် ရင်ထဲကို လေးနက်စွာ စိုက်ဝင်သွားခဲ့ပါတယ်။ 




အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။ ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?” ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။

ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။ ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။

ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို… တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။ တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။
သူဒီလိုတစ်ခုခုလွဲနေသလိုလိုခံစားနေရပြီးသူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။

 ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။

 နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊” သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။

ဒါပေမဲ့ အခုတော့… တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။ သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။ မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။ အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။

ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။ မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့… ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။ အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။ သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။

ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်… အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။ တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။

ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ် “ရှင်တို့နဲ့ မခွဲရက်ဘူး… ” သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး… ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို… ဒါပေမဲ့… အဲဒီအချိန်မှာ… ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။

 “သူ ငါ့ကိုထားခဲ့လို့မရဘူး” “ငါသူ့ကိုလိုအပ်တယ်” ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…” ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။ ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။

 အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။ ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့… ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်… ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား… ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ… ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။

အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား… ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။ ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို… ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို … ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ… သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ… ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။

 ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။ တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။ ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်… တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။

ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”… သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့… ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ… အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။ ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။

အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။ နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…” ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီးတော့… သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ… သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။

 ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ… သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်… ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။ သူကျွန်တော့ကို ပြောသေးတယ်… “ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…” “ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…” သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။ နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။

ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ… ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်… မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။

ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ… ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။ ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်… ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ… ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ… သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်… မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။

 မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ… အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။ လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး… အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်… သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်… သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။

သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။ အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ… ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်… “ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး” အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။

သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း” ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ… ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး… သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်… အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်… ကျွန်တော့ရဲ့ “ချစ်ဇနီး”… မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?

 Zane facebook

မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

Tuesday, August 21, 2012

ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?


ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?


ကျွန်တော်ကတော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေအနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်းအလဲတွေမြင်ရတော့ အားတက်မိပါတယ်။ အဲလိုအပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကို တပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရွှေမန်းက တတိယအဆင့်ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ပြောနိုင်မယ်ထင်ပါတယ်၊ ညှိကွပ်ဘ၀မှာ သဘောကောင်း တယ်လို့တော့ တပ်မတော်သားတွေက ပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော်တိုးတက်ရေးမှာ ဘာတွေစွမ်း စွမ်းတမံလုပ်ခဲ့သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါကတော့ သူကိုယ်တိုင်က လူအထင်ကြီးမခံချင်လို့ နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလို ကျွန်တော် အကြားအမြင်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်၊ တပ်မတော်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ နာမည်အကြီးဆုံးကိစ္စကတော့ မြောက်ကိုရီးယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံစာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့ အရေးယူမခံခဲ့ရဘူးဆိုတာ သေချာပါတယ်။

ဗိုလ်ချုပ်ကြီးဘ၀ကနေပြီးတော့ ၂၀၁၁ ခုနှစ် အစိုးရသစ်ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ထမ်း ဆောင်တဲ့အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင်အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီကမဟုတ်တဲ့ အမတ်တွေကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစားတဲ့ အသံတွေကြားရပါတယ်။

လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော်တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံးကောင်းပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်တွေးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမဆိုင် အားတက်မိပါတယ်။ စိတ်သဘောထားဖြောင့်မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးရေးကောင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံအချိန်တိုအတွင်း တိုးတက်လာမှာ မြေကြီး လက်ခတ်မလွဲဆိုပြီးတော့ပေါ့။

ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးလဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက်လို့ရတဲ့ကိစ္စကို အဲဒီမှာတော့မကန့်ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုးသား အကျိုးစီးပွားနဲ့ ဘာမှမဆိုင်ပါဘူး။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူ အာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံလုပ်တာပါ။ အဲဒီကိစ္စဖြစ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌအပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့် ဘေးကမြောက်ပေးတဲ့လူတွေရှိလို့ နားယောင်ပြီး လုပ်တာဖြစ်မယ်လို့ လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။

ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယအကြိမ်တိုက်ကွက်ကို မြင်ရတဲ့အခါမှာတော့ ဥက္ကဌရဲ့လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိအပေါ် ကျွန်တော်ရဲ့သံသယက ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၀န်ထမ်းအားလုံးမျှော်လင့်တောင့်တနေတဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ်ထုတ်ပြတာလို့ပြောလို့ရမယ်။ ၀န်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေဖက်က ရှေ့နေလိုက်ပေး တဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော်အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် - (၇-၂-၂၀၁၂)ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ အဆိုအပေါ် ရှုမြင်သုံးသပ်ချက် (ထိန်လင်း)


သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင်တန်းမှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီတစ်ချက်မစွမ်းဘူး။ တပ်ထဲမှာလူစွာလုပ်ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင် ယောင် လုပ်တော့မယ်ပေါ့။ သူရဦးရွှေမန်းရဲ့ အကြံကလည်းအကြီးသား။ သားကြီးကို အဖေအရှိန်နဲ့ စီးပွားရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်းမျိုးဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။

တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန်လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလို လေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ဆို အောက်တန်းစာရေးတောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက်တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင်အဖွဲ့ဝင်ပေးပြီးတဲ့အချိန် မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက်တော့ တကယ့်အကွက်ကောင်း ရတော့တာပဲ။ အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ခဏချွေးသိပ်ထားတော့ ဘာလဲပေါ့၊ ကျွန်တော်မျက်စိလည်သွားသေးတယ်၊ လွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးမှာ ဒေါ်စုကို ကော်မတီဥက္ကဌ ပေးတော့မှပဲရှင်းတော့တယ်။

ဒါဆိုရင် ကော်မတီများပြည်ထောင်စုဖြစ်ရေးတိုက်ပွဲမှာ ပြည်သူ လူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့အကျိုးအတွက် လုပ်ပေးနေတယ် ပေါ့။ အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်းများဖြစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။

လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကို ဒီလူကြီးတွေကတော့ အားတက် သရောထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်အများစု (ကျွန် တော့်စကားမဟုတ်ပါ၊ လယ်ဆည်ဝန်ကြီးစကားကို အငှားယူသုံးခြင်းသာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။ နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ်ဒေါ်ဒွဲဘူရဲ့ပြောစကားကိုပြချင်ပါတယ်။

“ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလိုအတွေးအခေါ်မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင်စုပါတီဆိုပြီးပါတီထောင်လိုက်ရင် ချက်ချင်း ပြည်ထောင်စုအဆင့်ဖြစ်သွားမလားမသိဘူး။

နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့်ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့အဖွဲ့ဝင်အားလုံး ထွက်ရမယ်ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊ ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ်လို့ အာဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့ သူတို့လုပ်ငန်းဆောင်တာ တွေကို ပြည်ထောင်စုအဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့ တတိယအကြိမ်လွှတ်တော်တုန်းက လယ်ဆည်ဝန်ကြီးကို လွှတ်တော်အခွင့်အရေးကော်မတီက ခေါ်ယူကြားနာခဲ့ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ဒါဆိုရင် လွှတ်တော်ကော်မတီတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူ လုပ်နိုင်တဲ့အခွင့်အာဏာရှိဖို့က လိုရင်းပဲ မဟုတ် လား။

ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ရန်အဆို ကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ပယ်ချရသလဲ ဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော်ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါတွေကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်း ပြည်သူလူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော်တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက်ရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။ ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ်အရေးမကြီးလှဘူးလို့ ယူဆပါတယ်။

တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ်ကြောင်းပြလိုက်တာပါ။ သူဆန့်ကျင်ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက်လိုက်တာပါ။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအတွက်လုပ်ပေးတယ်ဆိုပြီး ကိုယ်စားလှယ်တွေကိုစည်း ရုံးတယ်။ အမေစုကို ကော်မတီဥက္ကဌပေးထားပြီး အမေစုကို ထောက်ခံတဲ့သူတွေကို စည်းရုံးတယ်။ ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးနဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် ၊ ကုန်ကုန်ပြောရ ရင် အမျိုးသားလွှတ်တော်ကိုပါ ခြိမ်းခြောက်တယ်။

သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-

(၁) ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။

(၂) လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။

(၃) ကိုယ်စားလှယ်တွေကို အပေါစားစည်းရုံးရေးနဲ့စည်းရုံးပြီးတော့ အခြေခံဥပဒေခုံရုံးဆိုတာ ပြည်သူ့လွှတ် တော်အလိုကျဆုံးဖြတ်ပေးရမယ်ဆိုတဲ့ပုံစံလုပ်တယ်။

ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားကဘာလဲ။ နောက်ထပ်ဘာဆက်လုပ်ဦးမှာလဲ။ အဖြေက ရှင်းနေတာပဲလို့ မြင်တယ်။ နောက်အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့လွှတ်တော်က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသမ္မတဖြစ်လာမယ်။

ဘာလို့ဒီလိုလုပ်မှာလဲလို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင်ငံတော်ရဲ့နံပါတ်(၁) နေရာ ကိုမှန်းထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေရတဲ့သူတယောက်ရဲ့ အာဏာမက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်။

သူရဦးရွှေမန်းသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက်ကွက်တွေအောင်မြင် ပြီး သမ္မဖြစ်သွားတဲ့အခါမှာ မင်းသားခေါင်းဆောင်းကျွတ်သွားမှာကိုပဲ စိတ်ပူပါတယ်။ နဂိုကတည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်းစားပဲ နေရာပေး တတ်တဲ့လူမျိုးသာ နိုင်ငံတော်အကြီးအကဲ ဖြစ်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြပါ။ အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာလည်း သူပြောသမျှနားထောင်မဲ့သူကို ဥက္ကဌအဖြစ်ထားခဲ့ပါလိမ့် မယ်၊(တစ်နာရီလောက်မတ်တပ်ရပ်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူကို ကျွန်တော့်စကားနားထောင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာမလိုတော့ဘူးလို့ ပြောပြီးနေရာပေးတာမျိုးဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေးတိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာရလိုမှုမှာ အသိမဲ့ အသုံးချမခံကြရပါစေနဲ့လို့ ကျွန်တော်ဥာဏ်မီသမျှတင်ပြလိုက်ရပါတယ်။

written by Myanmar Myochit- facebook 

Saturday, August 18, 2012

ထောင့်ပြောင်း မန္တလေးညများ

မန္တလေးတောင်ပေါ်မှ တွေ့မြင်ရသော စန္ဒာမုနိဘုရား၊ အတုမရှိကျောင်းတော်ကြီးနှင့် နန်းတော်ရှေ့မြင်ကွင်း (ဓာတ်ပုံ – နေရောင်)

အရင်က မန္တလေးမြို့ရဲ့ ညချမ်းတွေမှာ ဈေးချိုတော် ညဈေးတန်းကို လမ်းလျှောက်ထွက်ကြရင်း ဈေးဝယ်ကြတယ်၊ အအေးဆိုင် ထိုင်ကြတယ်၊ လက်ဖက်ရည် သောက်ကြတယ်။ အထူးသဖြင့် ညဈေးတန်း စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်အဟောင်းတွေ ၀ယ်ကြတယ်၊ စာအုပ်အသစ် မဂ္ဂဇင်းအသစ်တွေ မြည်းစမ်းကြတယ်။ ပြီးရင် ဆိုင်းသံ ဗုံသံကြားရာ အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေဆီ သွားရောက် ကြည့်ရှုကြတယ်။

သေချာတာ တခုကတော့ ဘယ်သူမှ သန်းခေါင်ထက် ညဥ့်မနက်ကြပါ။ ညဈေးတန်း လျှောက်ကြတယ် ဆိုတာကလည်း လူငယ်တွေက နာရီစင်အောက် အအေးဆိုင်တွေက အကိုင်း ရီကော်ဒါ စက်ကြီးတွေနဲ့ ဖွင့်တဲ့ လာရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ တက္ကသိုလ် ထွန်းနောင်တို့ရဲ့ စတီရီယို သီချင်းတွေ နားထောင်ချင်ကြလို့ပါ။ ညဈေးတန်း ဆိုတာကလည်း
၉ နာရီဆိုရင် ပိတ်ပါသည်။ မအိပ်ချင်သေးလျင် ကထိန်ပွဲ ဘုရားပွဲတွေ ၁၂ ရာသီပြည့်နေတဲ့ ဇာတ်ပွဲ အငြိမ့်ပွဲတွေ သွားကြည့်ရုံပါပဲ။

ဇာတ်ပွဲကတော့ မိုးအလင်းကြည့်လို့ ရတယ်။ အငြိမ့်ပွဲက လွန်ရောကျွံရော နာရီပြန် တချက်ပေါ့။ အငြိမ့်သိမ်းရင် အငြိမ့် မင်းသမီးအကြောင်း လူရွှင်တော်တွေရဲ့ ပြက်လုံးတွေအကြောင်း အလင်းဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စားမြုံ့ ပြန်ကြတယ်။ ဒါပါပဲ။

သောက်တတ် စားတတ်ရင်တော့ ရုံတော်ကြီး (၈၄ လမ်းနှင့် ၂၈လမ်း ၂၉ လမ်းကြား) မှာ ဟိုတယ်နှင့် စားပွဲရုံတွေ ရှိတယ်။ လိုင်စင်နဲ့ရောင်းတဲ့ အရက်ဖြူကတော့ ညနေစောင်းကတည်းက တန်းစီမှရမယ်။ ပြည်တွင်းဖြစ် နိုင်ငံခြားအရက်
ဆိုတာကိုတော့ လွယ်လွယ်နှင့် ရနိုင်တယ်။ ဒါပေမယ့် ဟိုတယ်ကြီးတွေ စားသောက်ဆိုင်တွေကလည်း ည ၉ နာရီထက် အချိန်ပိုပြီး မဖွင့်ဘူး။

မန္တလေးမှာ ညဈေးတန်း လမ်းလျှောက်သလိုပဲ ကျုံးနံဘေးမှာလည်း လမ်းလျှောက်နိုင်တယ်။ ပြီးရင် ည ၉ နာရီခွဲပွဲ ရုပ်ရှင်ကြည့်နိုင်တယ်။ ၀င်းလိုက်၊ မစိုးရိမ်၊ ရွှေနဂါး၊ မြို့မ၊ မြို့ဂုဏ်ရောင်၊ တော်ဝင်ဆိုတဲ့ မြို့လယ် ရုပ်ရှင်ရုံကြီးတွေရှိတယ်။ အဲဒါ ရုပ်ရှင်ရုံကြီးတွေနဲ့ အနီးအနားမှာ အလင်းဖွင့် လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ ဒီတော့ မန္တလေးရဲ့ ညဥ့်သုံးယံ စလုံးမှာ ဈေးချိုနဲ့ မြို့လယ်ခေါင်မှာပဲ ကုန်ဆုံးကြတယ်။

လမ်းလျှောက်မယ်၊ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ အငြိမ့်ကြည့်မယ်၊ စားသောက်ကြမယ် ဒါပါပဲ။ အဲဒီလို အစဉ်အဆက် တည်မြဲခဲ့တဲ့ ဓလေ့မှာ ၁၉၉၀ ၀န်းကျင် စီးပွားရေး အသွင်သဏ္ဌာန် အပြောင်းအလဲနဲ့အတူ တဘက်နယ်စပ် ရွှေလီ၊ ကူမင်း၊ မြို့ကြီးတွေက ကာရာအိုကေ၊ စင်တင် ယဉ်ကျေးမှုကလည်း ဆိုင်းမဆင့် ဗုံမဆင့် အပြေးအလွှား ရောက်လာတော့တယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ကျောက်မျက် စီးပွားရေး၊ သစ်လုပ်ငန်း စီးပွားရေးတွေ တရှိန်ထိုး ဖြစ်ထွန်းလာတာနဲ့ အညီ ရွှေလီ၊ ကူးမင်းမြို့ကြီးတွေနဲ့ အိမ်ဦးကြမ်းဖြစ်လာတဲ့ စီးပွားရေးသမားတွေက အချက်အချာကျတဲ့ မန္တလေးမှာ အိမ်သစ်ရာသစ်တွေ အလုံးအရင်းနဲ့ ထူထောင်လာကြတယ်။ လုပ်ငန်းခွဲတွေလည်း အခြေချလာကြတယ်။ မန္တလေးမြို့ရဲ့ မြို့လယ်နေရာတွေမှာ အထပ်မြင့်ဟိုတယ်ကြီးတွေလည်း တလုံးပြီး တလုံး ပေါ်ပေါက်လာတယ်။

ဧည့်သည်တွေနဲ့ စည်ကားလာတယ်။ မန္တလေးရဲ့ အထင်ကရ ကျုံးမြို့ရိုးကြီးက အနောက်တောင် ကျုံးထောင့်မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးနဲ့ အတူ ရေပေါ်အပန်းဖြေစခန်း ဆိုတာလည်း အရှင်မွေး နေ့ချင်းကြီးဆိုသလို ပေါ်ပေါက် လာတယ်။ ရေပေါ်အပန်းဖြေ စခန်းမှာ တရုတ်စာ၊ ဗမာစာ၊ ဥရောပစာ အစုံရတယ်။ အထူးသဖြင့် မြန်မာတွေနဲ့ ရင်းနှီးပြီးသား ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အစိမ်းကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်ဆိုတဲ့ တရုတ်စာတွေထက် အသစ်အဆန်း ဖြစ်တဲ့ အကင်စုံ ယူနန်စာတွေကို ပိုပြီး ခံတွင်းတွေ့လာကြတယ်။ ရေပေါ်အပန်းဖြေစခန်းမှာ အဲဒီလို အစားအသောက် အသစ်အဆန်းတွေ အပြင် စကပ်ဝတ်၊ ဘောင်းဘီတိုဝတ် မြန်မာ ဆယ်ကျော်သက်မလေးတွေရဲ့ စင်တင်ကာရာအိုကေ သီဆိုဖျော်ဖြေမှု ဆိုတာလည်း ထူးထူးဆန်းဆန်း ခေတ်စားလာတယ်။ အဆိုတော်မလေးတွေက ကြိုးမဲ့မိုက်ကိုင်ရင်း သီချင်းဆိုတယ်။ စားသောက်တဲ့ စားပွဲတွေဆီ သီချင်းဆိုရင်း ရောက်လာတယ်။ တရင်းတနှီး ၀င်ထိုင်တယ်။ ပေါင်ပေါ်ထိ တက်ထိုင်တယ်။ စားသောက်သူက သူတို့လေးတွေကို ပိုက်ဆံတရာတန် အလိပ်လိုက် ရင်ပတ်ကြားထိုးပြီး
ဆုချနိုင်တယ်။ ပွေ့ဖက်ထားနိုင်တယ်။

လာပြီး စားသောက်ကြသူတွေက အများစု မြန်မာစကား မတတ်ဘူး။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ပုံစံတွေ …။ အဲဒီလို လူမြင်ကွင်းမှာ သီဆိုနေထိုင် စားသောက် ပြုမူကြတာတွေကို အထူးအဆန်းဖြစ်ပြီး မန္တလေးသားတွေ အများစုက ရေပေါ်အပန်းဖြေစခန်းထဲ ၀င်ကြေး ၃ ကျပ်ပေးကာ ကြိတ်ကြိတ်တိုး တအံ့တသြ လာကြည့်ကြတယ်။

မှတ်မိပါသေးတယ်။ မန္တလေးရဲ့ အဲဒီ မကြုံစဖူး အဖြစ်အပျက်ကို မန္တလေးသား စာရေးဆရာ ၀င်းစည်သူက “ကာရာအိုကေ ညချမ်း” ဆိုပြီး ၀တ္ထုတပုဒ် ရေးဖူးတယ်။

ကျုံးထောင့် ရေပေါ်အပန်းဖြေစခန်းက ကာရာအိုကေ ဗိုင်းရပ်စ်က မန္တလေးတမြို့လုံး ကူးစက်သွားတယ်။ ဟိုတယ်တွေမှာလည်း ကာရာအိုကေ၊ စားသောက်ဆိုင်တွေမှာလည်း ကာရာအိုကေ၊ အထူးသဖြင့် မြို့သစ်လို ဆင်ခြေဖုံး နေရာတွေမှာ ကာရာအိုကေ စားသောက်ဆိုင်တွေ အသစ်အသစ် အများကြီး ပေါ်ပေါက်လာတယ်။

၁၉၉၃ ခုနှစ် ၀န်းကျင်မှာ မြို့လယ်ခေါင်ကျုံးထောင့်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးကို မြို့စွန် မနော်ရမံ ဥယျာဉ်ထဲ
ရွှေ့ပြောင်းလိုက်တယ်။ ရေပေါ် အပန်းဖြေစခန်းကိုလည်း ဖျက်သိမ်းလိုက်တယ်။ နာမည်ကျော် ရေပေါ် ကာရာအိုကေ ကတော့ ဇာတ်သိမ်းသွားတာပေါ့။ ဒါပေမယ့် ကာရာအိုကေ ရောဂါကတော့ မန္တလေးတမြို့လုံး ၀ါးမြိုသွားပါပြီ။ ကာရာအိုကေနဲ့ ဖွားဘက်တော် ဘီယာ ယဉ်ကျေးမှု၊ အကင်စုံယဉ်ကျေးမှု၊ ပန်းကုံးယဉ်ကျေးမှုတွေကတော့ မန္တလေးရဲ့ အစဉ်အလာကြီးမားတဲ့ “သုခုမသဘင်မှု ယဉ်ကျေးမှု” ကိုလည်း ၀ါးမြိုသွားပါပြီ။

ကာရာအိုကေနဲ့ စားသောက်ဆိုင်တွေကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုတယ် ဆိုပေမယ့်လည်း သန်ခေါင်သန်းလွဲ အထိ
အရှိန်မသတ် နိုင်ကြသေးပါဘူး။ မန္တလေးရဲ့ သန်းခေါင်ကျော် ညချမ်းဟာ မူးယစ်ရီဝေမှုနှင့်အတူ ရမ္မတ်ဇော ပြင်းပြင်းနဲ့ NC17 ဟောင်ကောင် အက်ရှင်ကားများပမာ မိန်းမချောလေးများနဲ့အတူ တုတ်တပြက်၊ ဓားတပြက် သွေးသံရဲရဲ အနိဋ္ဌာရုံ ညချမ်းတွေပါပဲ။ အနုပညာမဆန်တဲ့ ညတွေပဲပေါ့။

အထူးသဖြင့် စားသောက်ဆိုင်နဲ့ ကာရာအိုကေကအပြန် ဂျစ်ကားတွေနဲ့၊ ဆိုင်ကယ်တွေနဲ့ မိန်းကလေး၊ ယောက်ျားလေး လူငယ်အုပ်စုတွေဟာ ကျုံးတောင်ဘက်ခြမ်း၊ ကျုံးအရှေ့ဘက်ခြမ်းနဲ့ မန္တလေးတောင်တက် တောင်ဆင်း ကားလမ်းပေါ်တွေမှာ မိုးလင်းလုနီးထိ အရှိန်ကောင်းကြဆဲပါ။ ထိကြ၊ ငြိကြ၊ တိုက်ကြ၊ ခိုက်ကြတဲ့ ဇာတ်လမ်းတွေလည်း အများကြီးပေါ့။

မန္တလေးတောင်တက်၊ တောင်ဆင်း ကားလမ်းဆိုလို့ စကားစပ်ကာ ပြောရဦးမယ်။ မန္တလေးတောင်ဆိုတာ မန္တလေးမြို့ တည်ခြင်းရဲ့ ဘာသာရေးဆိုင်ရာ အထင်ကရ အထွတ်အမြတ်နေရာ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကြွရောက်လာပြီး ဗျာဒိတ်ပေးတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့တဲ့နေရာပါ။ မန္တလေးရဲ့ ကျက်သရေဆောင်အဖြစ် အထွတ်အမြတ် ထားတဲ့နေရာ မန္တလေးထီးဦး နန်းဦးမှာ သာသနိက အဆောက်အအုံများနဲ့ အထင်ကရ ရှိခဲ့တဲ့ နေရာပါ။ လက်ထက်တော်ကြီး၊ လက်ထက်တော်လေး ကာလမှာလည်း ရှင်ဘုရင်ကိုယ်တိုင် အလေးအမြတ်ပြုခဲ့တဲ့ နေရာပါ။ ဒီအစဉ်အလာကို နောက်ပိုင်း ရသေ့ကြီးဦးခန္တီက အမွေဆက်ခံပြီး ဘာသာရေးဆိုင်ရာ အစဉ်အလာကြီးမားတဲ့ အစဉ်အဖြစ် တည်ထားကိုးကွယ်ခဲ့တာပါ။ ဒါကြောင့် မန္တလေးတောင်တော်ကို ရသေ့ကြီး ဦးခန္တီနှင့်အတူ နာမည်ကျော် ရဟန်းပျိုအဖွဲ့ကလည်း တပဲ တရွေးသားမျှ အစဉ်အလာ အပွန်းအပဲ့မခံဘဲ မျက်စိရှေ့မှောက်ထားကာ ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာပါ။

၁၉၈၀ ၀န်းကျင်ကာလများအထိ ရဟန်းပျိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုသလကိုယ်တိုင် တနေ့နှစ်ကြိမ် စောင်းတန်း တလျှောက် တက်ဆင်းရင်း စောင့်လျှောက်ခဲ့တယ်။ စောင်းတန်းတွေမှာ အမှိုက်တမျှင်မျှ မရှိရအောင် စောင့်လျှောက်တယ်။ ဘာသာ သာသနာနဲ့ ယဉ်ကျေးမှုကို ထိပါးစေမယ့် ပြုမူနေထိုင်မှုမျိုး မရှိရအောင် ထိန်းသိမ်းတယ်။ ဘုရားဖူးဧည့်သည်တွေ စိတ်လက်ချမ်းသာစေရေး၊ လုံခြုံရေးအတွက် ကြည့်ရှုတယ်။ တောင်တော်ပေါ်မှာ အစားအသောက်ကအစ ဂရုတစိုက်နဲ့ ရောင်းချစေတယ်။

၁၉၉၀ ခုနှစ်ကျော်ဝန်းကျင် မန္တလေးတောင်ပေါ်ကို လွယ်လင့်တကူ တက်ရောက်နိုင်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေက တောင်တက်ကားလမ်းတွေ ဖောက်လုပ်ခြင်းနဲ့အတူ တောင်တော် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်တယ်။ တောင်ပေါ်ကို ကိုယ်ပိုင်ကားတွေ ဥဒဟို ရောက်လာခြင်းနဲ့အတူ စားသောက်ဆိုင်တွေလည်း ရုတ်ခြည်း တိုးပွားလာတယ်။

မြို့ထဲမှာ ရနိုင်တဲ့ အစားအသောက်တွေ မှန်သမျှ တောင်ပေါ်မှာရတယ်။ မြို့ထဲက စားသောက်ဆိုင်တွေ ပုံစံအတိုင်း ကာရာအိုကေ ယဉ်ကျေးမှုလည်း တောင်ပေါ်အထိ တက်လာဖူးတယ်။ မန္တလေးတောင် လာသူမှန်သမျှ ကားနဲ့ပဲ တက်ကြတော့တယ်။ ရှေးအစဉ်အဆက် ရှိခဲ့တဲ့ စောင်းတန်းတွေမှာ၊ စောင်းတန်းတလျှောက်က အာရုံခံ ဇရပ်တွေ၊ ဘုရားပုထိုးတွေမှာ လူသူ အရောက်အပေါက် နည်းကုန်တယ်။ လူသူအရောက်အပေါက် နည်းတာနှင့်အမျှ ကြီးကြပ်မှုတွေလည်း နည်းကုန်တော့ မသန့်မရှင်း အမှိုက်ရှုပ်ပွမှုတွေ၊ မသင့်တင့် မလျောက်ပတ်တဲ့ အိမ်ထောင်မှုပစ္စည်း အ၀တ်အစား ထားသိုမှုတွေ၊ အိမ်မွေးတိရစ္ဆာန် မွေးမြူမှုတွေနဲ့ အမြင်မတင့်တယ်တာတွေ၊ လုံခြံမှုဆိုင်ရာ အနှောင့်အယှက် ဖြစ်ဖွယ်ရာတွေ ပေါ်ထွန်းလာတယ်။

မန္တလေးမြို့တွင် အခါကြီးရက်ကြီးများ၌ ကျင်းပလေ့ရှိသော ပါတီပွဲတခုမြင်ကွင်း (ဓာတ်ပုံ – နေရောင်)

ဒီထက်ဆိုးတာက မန္တလေးတောင်ပေါ်ကနေ နေ၀င်အလှ ကြည့်ရှုခံစားဆိုတဲ့ ခေတ်ပေါ် အပြုအမူနဲ့အတူ လူငယ်တွေရဲ့ ဆည်းဆာနဲ့ ညဥ့်ဦးယံ အချိန်တွေကို မန္တလေးတောင်ပေါ် ကုန်ဆုံးစေတော့ မလိုလားအပ်တာတွေ ဖြစ်ကုန်တယ်။ တောင်တက် တောင်ဆင်း ကားလမ်းနဲ့ ဘာသာရေးဆိုင်ရာ နေရာဌာနတွေဟာ ညစ်နွမ်းကြရတယ်။ နောက်ပိုင်း သက်ဆိုင်ရာက မန္တလေးတောင်ပေါ် တောင်အောက် ၀န်းကျင် အရက်သေစာရောင်းချမှု တားဆီးပိတ်ပင်ခဲ့တယ်။

ဘာသာသာသနာနဲ့ ယဉ်ကျေးမှု ရေးရာအတွက်သာမက မလိုလားအပ်တဲ့ ဒုစရိုက်မှုများ ကာကွယ်တားဆီးရေးမှာ
မန္တလေးတောင်ကို စောင့်ရှောက် ထိန်းသိမ်းခြင်းကလည် အဓိကကျပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ သီးခြား စင်တင်ဖျော်ဖြေမှု ပွဲလမ်းတွေ မန္တလေးမှာ မျက်စိကျလာတယ်။ ဘီယာဆိုင်တချို့ နိုက်ကလပ်ဆန်တဲ့ သန်းခေါင်ကျော် စင်တင်ဖျော်ဖြေပွဲတွေ ကျင်းပလာကြတယ်။ အထူးသဖြင့် မြို့သစ်လိုနေရာမျိုးတွေမှာ ပိုမိုကြီးထွားလာတယ်။ နောက်ပိုင်း
ကေတီဗီ အခန်းဖွဲ့ကာရာအိုကေ ဆိုင်များလည်း မိန်းကလေး ၀န်ဆောင်မှုများဖြင့် ပေါ်ထွန်းလာသောအခါ သီးခြားလုံခြုံမှုရှိရှိဖြင့် လူငယ်ကြိုက် ပြုမူဆောင်ရွက်ဖွယ်ကိစ္စများ ပြီးပြည့်စုံစေသောအခါ ထိုကေတီဗီများကလည်း
ရင်းနှီးရကျိုး နပ်လောက်အောင် အဆင်ပြေခဲ့ကြတယ်။

မန္တလေးမှာ လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့အမျှ ဟိုတယ်ဝန်ဆောင်မှုတွေလည်း ကောင်းလာတယ်။ အထူးသဖြင့် စီးပွားရေးအတွက် လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ များပြားလာတာနဲ့အမျှ စံချိန်မီဟိုတယ်ကြီးတွေ ဖွင့်လှစ်လာကြတယ်။
ဒီဟိုတယ်ကြီးတွေမှာ တည်းခိုကြတဲ့ နိုင်ငံခြားသားတွေအတွက် ဟိုတယ် Night Life တွေ ထားရှိလာရတယ်။ နောက်ပိုင်း ဒီဟိုတယ်ကြီးတွေမှာ နိုင်ငံခြားသား အ၀င်အထွက် နည်းလာပေမယ့် ဟိုတယ် Night Life တွေရဲ့ အရှိန်အဟုန်က လျော့ပါးမသွားပါဘူး။

ဆယ်ကျော်သက် လူငယ်လေးတွေ အများစုက ၀င်ရောက် နေရာယူကြတယ်။ ၀င်ကြေးအနေနဲလည်း တယောက်ကို ငွေကျပ် ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားပဲရှိတော့ မတွန့်တိုနိုင်ကြပါဘူး။ လွတ်လွတ်လပ်လပ် ပျော်နိုင်ပါးနိုင်တယ်။ ကနိုင် ခုန်နိုင်တယ်။ ဘီယာ (သို့မဟုတ်) ကော့တေး တခွက်လည်း သောက်ရတယ်။ ဒါကြောင့် မိန်းကလေးများပါမကျန် လူငယ်အများစု ဟိုတယ် Night Life ဆီရောက်သွားကြတယ်။ နိုင်ငံခြားသားအတွက် ဖွင့်တဲ့ ဟိုတယ် Night Life တွေက ဧည့်သည်မလာမှာ ပူစရာ မလိုတော့ပါဘူး။

ဒီအချိန်မှာပဲ တခြားခန်းမတွေ၊ ဟိုတယ်တွေမှာ နေ့ကြီး ရက်ကြီးများကို အကြောင်းပြုပြီး သီးခြား ဖျော်ဖြေမှုအစီအစဉ်တွေ ကျင်းပလာကြတယ်။ ညနေ ၄ နာရီက ည ၁၁ နာရီကျော်အထိ ကျင်းပတဲ့ အဲဒီဖျော်ဖြေမှု အစီအစဉ်တွေမှာ ဒီဂျေတွေပါတယ်။

ဒီပွဲတွေက တရားဝင် ကျင်းပတဲ့ ပွဲတွေပါ။ အထူးသဖြင့် ကဆုန်လပြည့်၊ ၀ါဆိုလပြည့်၊ တော်သလင်းလပြည့်၊ သီတင်းကျွတ် လပြည့်၊ တန်ဆောင်မုန်း လပြည့်စတဲ့ ဘာသာရေးဆိုင်ရာ အခါကြီးရက်ကြီးတွေမှာ ကျင်းပကြတယ်။ ဒါကြောင့် လူငယ်တွေ အဖို့ အခါကြီးရက်ကြီး ဆိုတာ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ပြုမူဆောင်ရွက်ဖို့ ဆိုတဲ့အသိ မရှိကြတော့ဘဲ ဘီယာ သောက်မယ်၊ ကမယ်၊ ခုန်မယ်၊ လည်မယ်၊ ပတ်မယ်၊ အပျော်ကျူးမယ်၊ ခိုက်ရန်ဒေါသ ဖြစ်မယ်ဆိုတဲ့ တလွဲကိစ္စတွေပဲ သိကြတော့တာပါ။

တိုးတက်ပြောင်းလဲလာတဲ့ လူမှုဝန်းကျင်အရ သမရိုးကျမဟုတ်တဲ့ ပွဲလမ်း အခင်းအကျင်းတွေ ပေါ်ပေါက်တယ်ဆိုတာ နိယာမပါ။ ဒါပေမယ့် လူငယ်တွေအတွက် အညွန့် တလူလူတက်နေတဲ့ စိတ်ဓာတ်နဲ့အတူ ကိုယ်ကာယ စွမ်းအားတွေကလည်း အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ ဖိုမကိစ္စတွေနဲ့သာ အချိန်ကုန်နေခြင်းအပေါ် မိဘတွေက စိုးရိမ်ပူပန်ကြတာပေါ့။

မန္တလေးရဲ့ Night Life မှာ လတ်တလော စည်ကားနေတာက မန္တလေး ကျုံးနံဘေး ၀န်းကျင်ပါ။ အထူးသဖြင့် ကျုံးအရှေ့လမ်း (၆၆ လမ်း) နဲ့ ကျုံးတောင်ဘက် လမ်း (၂၆ ဘီလမ်း) တွေပါပဲ။ ကျုံးနဘေး ပလက်ဖောင်းတွေ ပေါ်မှာ ညနေ နေ၀င်ကတည်းက ညဥ့်သန်းခေါင်အထိ ပွဲတော်ကြီးတမျှပါ။

ညဥ့်ဦးပိုင်းမှာတော့ သာမန်သမီးရည်းစား စုံတွဲတွေ အများစုပါ။ မြန်မာစကားပုံအတိုင်း “မြင်သူရှက်” ရတဲ့ အပြုအမူတွေပါပဲ။ နောက်ပိုင်း ညဥ့်နက်လေ လိင်တူကိစ္စ၊ သွေးသားရောင်းကုန်ကိစ္စ ဈေးပွဲတော်ကြီး စည်ကားလေပါပဲ။ ဒီလိုနဲ့ ကျုံးအတွင်း အလောင်းပေါ်တဲ့ ကိစ္စလည်း မကြာမကြာဆိုပါတော့…။ လိုင်စင်ရ ပြည့်တန်ဆာလမ်းမကြီးတွေအဖြစ် လျစ်လျှူရှုထားကြပုံရရဲ့ …။

ဒီလို အပြိုင်နေရာ ဈေးကွက်တခုလည်း မန္တလေးအနောက်ခြမ်း ကန်တော်ကြီးမှာလည်း ရှိလေရဲ့ …။ ဒီမြင်ကွင်းတွေ အတိုင်း မန္တလေးမှာ “အပျိုစစ်” ဆိုတာ ရှိသေးသလားဆိုတာ ယုံမှား သံသယ ရှိလာပါတော့တယ်။

အထူးသဖြင့် ဒီကနေ့အချိန်ဟာ ဟီးရိုးအင်းပေါ်ခါစ ၀ယ်လိုအားဈေးကွက် သုံးစွဲမှုဈေးကွက် အားကောင်းခဲ့သော မန္တလေးရဲ့ အစဉ်အလာဟာ ပြန်လည် ဦးမော့လာတယ်လို့ ဆိုရမယ့် ကာလတွေပါ။ တရုတ်ပြည်ဖြစ် ဆိုင်ကယ်တွေ အစီးရေ သိန်းချီပြီး လိုင်စင်ချပေးခြင်းနှင့် အတူ မန္တလေးမြို့ရဲ့ လမ်းမကြီးတွေပေါ်က ညဥ့်သုံးယံဟာ အုပ်စုဖွဲ့ဆိုင်ကယ်တွေရဲ့ အိတ်ဇောသံ
သံသေးသံကြောင် အော်ဟစ်သံ ဘောင်းဘီတို၊ အင်္ကျီတိုဝတ် မိန်းကလေးတွေမပါမဖြစ် ပါလေ့ရှိတဲ့ ယောက်ျားလေး သုံးယောက်စီး ဆိုင်ကယ်တွေနဲ့ ရမ္မက်ဇောသံ၊ အထိမခံ ပါးလှပ်လှပ် ရီဝေေ၀စိတ်ကြောင့် အချင်းချင်း ထိကြ၊ ခိုက်ကြ၊ တိုက်ကြ၊ ခိုက်ကြမှုမှသည် အုပ်စုဖွဲ့ ရန်ညှိုးကြီးကြီးဖြင့် ထိုးခုတ် တိုက်ခိုက်မှုများထိ အကျည်းတန်ခဲ့သော မန္တလေး ညချမ်းများကို အတိတ်မှာပင် ထားရစ်ခဲ့ချင်ပြီ။

နှစ်ခြိုက်အနားယူ လုံလုံခြုံခြုံ အိပ်မောကျစွာနဲ့ အနာဂတ်ရဲ့ အားသစ်အင်သစ်များအတွက် ချမ်းမြေ့ကြည်နူးဖွယ် မန္တလေး ညဥ့်ချမ်းများ ဖြစ်ထွန်း တည်တံ့စေချင် နေမိပါတော့တယ်။

ဧရာဝတီ

မျိုးဆက်သစ်လို့ ဆိုကြရာမှာ . . . (ဆောင်းပါး – ရဲဘော် ဖိုးသံချောင်း)


နအဖ အစိုးရဟာ ရွေးကောက်ပွဲ လုပ်မယ့်ရက်ကိုတော့ မကြေညာ၊ ကန့်သတ်ချုပ်ချယ်မှုတွေပဲ တခုပြီးတခု ကြေညာနေပါတယ်။ တနေ့တုန်းကပဲ နအဖ “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်အမှတ်(၂)”ဆိုတာကို ကြေညာလိုက်တော့ ရွေးကောက်ပွဲဝင်မယ်လို့ အားခဲတားသူတွေဆီက စိတ်ပျက်သံတွေစီကနဲ ထပ်ပေါ်ထွက်လာပါတယ်။ နအဖရဲ့ ၀ှက်ဖဲတွေက ကုန်-မကုန်နိုင်ဘူးလို့ ပြောရမလိုပါပဲ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်လေးကိုလည်ပင်း ကိုးတောင်ကျော် မျှော်ကိုးနေသူတွေမှာ လည်ပင်းကို တပတ်ပြီး တပတ် မြွေပတ်ခံရသလို ဖြစ်နေပါတယ်။

ဒီလိုအခါမှာ နအဖရဲ့ပိုက်ဆံမပေးရတဲ့ ရှေ့နေတွေဟာ ဒီအချင်းအရာတွေကို မသိကျိုးကျွံပြုပြီး တခြားအကြောင်းအရာတွေကိုပဲ ပုံကြီးချဲ့ပြောဆိုနေကြပါတယ်။ အခုတလော သူတို့ပြောတဲ့ အထဲမှာရော၊ တချို့အလားတူ “ပညာရှင်” များထဲကရော အတော်အပြောများလာတဲ့ အသုံးအနှုန်းသစ်တခုကို သတိထားမိပါတယ်။ အဲဒါကတော့ “မျိုးဆက်သစ်”ဆိုတာ ဖြစ်ပါတယ်။ ဗမာ “နိုင်ငံရဲ့ကံကြမ္မာဟာ မျိုးဆက်သစ်တွေအပေါ်တည်နေတယ်”လို့ ပြောတဲ့ လေသံမျိုးတွေရဲ့ နောက်ကွယ်မှာ စဉ်းစားစရာတွေ အများကြီးရှိနေပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအကြပ်အတည်းကြီးပြီဆိုရင် မျိုးဆက်သစ်ဆိုတဲ့ အသုံးအနှုန်းကို အတော်လေး ကြားလာရတတ်ပါတယ်။ တော်တော်အသုံးတည့်တဲ့ ဝေါဟာရတခုပါပဲ။ ဒါပေမဲ့ေ၀၀ါးလှတယ်၊ ရှင်းဖို့လိုတယ်လို့ ထင်ပါတယ်။ မျိုးဆက်သစ်ဆိုတာ ဘယ်လိုလူတွေကို ရည်ညွှန်းတာလဲ။ နောက်ပြီး ဘယ်မျိုးဆက်ရဲ့မျိုးဆက်သစ်လဲ။ နအဖက မပြတ်
မွေးမြူနေတဲ့ စစ်အာဏာရှင်စနစ်ရဲ့ မျိုးဆက်သစ်တွေကို ပြောတာလား။ ခေတ်အဆက်ဆက်မှာ ဖိနှိပ်မှုအမျိုးမျိုးနဲ့ စစ်အာဏာရှင်စနစ်တွေကို ဆန့်ကျင်တိုက် ပွဲဝင်ခဲ့သူတွေနဲ့ လုံးဝမပတ်သက်တဲ့ အုတ်ကြားမြက်ပေါက်မျိုးဆက်သစ်လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မပတ်သက်ဖူးတဲ့လူကို မျိုးဆက်သစ်လို့ဆိုချင်တာလား။ အဲဒီလူတွေဆိုလိုတဲ့
မျိုးဆက်သစ်ဆိုတာက ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အာဏာရှင်ဆန့်ကျင်ရေး အစဉ်အလာတွေကနေခွဲထွက်တဲ့၊ အဲဒီမျိုးဆက်တွေနဲ့ကင်းလွတ်တဲ့ နအဖ အုပ်စိုးမှုနဲ့ ရင်အုပ်မကွာကြီးပြင်းတဲ့ မျိုးဆက်ကို ပြောနေတာလို့ တွေးစရာဖြစ်နေပါတယ်။

ဒါဖြင့် သူတို့ရည်ညွှန်းတဲ့ မျိုးဆက်သစ်နဲ့မတူတဲ့ တခြားမျိုးဆက်ဆိုတာကကော ရှိပါသလား၊ ဒီနေ့လို အခြေအနေမှာ ရှိနိုင်ပါသလားလို့ မေးကောင်းမေးလာပါမယ်။ ရှိပါတယ်။ တောက်လျှောက်ပေါ်နေမှာပါလို့ပဲ ဖြေရပါမယ်။ ဆရာဗန်းမော်တင်အောင်ပြောတဲ့ ခေတ်ကပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်မယ့် မျိုးဆက်သစ်ဆိုတာ ခေတ်ရဲ့လိုအပ်ချက်၊ တောင်းဆိုချက်အရ မုချ ပေါ်ကိုပေါ်နေမှာ ဖြစ်ပါတယ်။ နည်းတာ၊ နှေးတာတော့ ရှိကောင်းရှိပါမယ်။

ဗမာပြည် ပြည်သူတွေရဲ့ အရေးတော်ပုံဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်ကြီးကိုရာစုနှစ်နဲ့ချီပြီး မျိုးဆက်တဆက်ကို နောက်တဆက်ကဆက်ခံပြီး တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားကို မျိုးဆက်တဆက်ပြီးတဆက် ဆယ်စုနှစ်နဲ့ချီပြီး တွန်းလှန်ခဲ့ရ သလို စစ်အာဏာရှင်တွေကိုလည်း ဆယ်စုနှစ်နဲ့ ချီတိုက်ပွဲဝင်နေကြပါတယ်။ ရှေ့မှာလည်း အဲဒီလိုပဲဆက်ပြီး တိုက်ချင်တိုက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲဝင်ကြရာမှာ ရှေ့က တိုက်ပွဲဝင်သွားသူတွေ၊ စွန့်လွှတ်မှု မျိုးစုံပြုသွားသူတွေနဲ့ အဆက်ဖြတ်လို့ဖြစ်ပါ့မလား။ အလွယ်လေးစဉ်းစားကြည့်ပါ။ ရှေ့က တိုက်ပွဲဝင်ခဲ့တာတွေ မရှိပဲနဲ့ ဒီနေ့ တိုက်ပွဲတွေရှိနိုင်ပါ့မလား။ ရှစ်လေးလုံးအရေးတော်ပုံမရှိခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ န၀တ-နအဖတို့ ရှိနိုင်ပါ့မလား။ ၁၉၇၄-၇၅-၇၆တိုက်ပွဲတွေနဲ့ တခြားမြေအောက်-တောတွင်းလှုပ်ရှားမှုတွေမရှိရင် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်နိုင်ပါ့မလား။ အကုန်လုံးဟာ ဆက်နေတာပါ။ သမိုင်းကြောင်းကို ဖြတ်တောက်ဖို့ကြံစည်-ကြံဆတဲ့ အာဏာရှင်တွေ အနိုင်နိုင်ငံမှာ ပေါ်ခဲ့ဖူးပါတယ်။ တခြားမပြောနဲ့ ဗိုလ်နေ၀င်းကအစ ဗိုလ်သန်းရွှေအထိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းအခန်းကို ဖျောက်ဖျက်ဖို့ ကျိုးပမ်းခဲ့ကြတာ အသေအလဲပဲမဟုတ်လား၊ ဒါပေမဲ့ ဒင်းတို့ ဘယ်မှာ အောင်မြင်လို့လဲ။ အခုဆိုရင် နအဖဟာဒါကို လက်တောင်လျှော့လိုက်ရပြီ မဟုတ်ပါလား။

ဒါကြောင့် နအဖ နဲ့ သူတို့တပည့်လက်သားတွေနဲ့မတူပဲ မျိုးဆက်သစ်လို့ ပြောနေကြသူတွေက ဒီမျိုးဆက်သစ်ဆိုတဲ့ အသုံးအနှုန်းကို ဒီလိုအဓိပ္ပာယ်ဖွင့်ပါတယ်။ အဓိကအားဖြင့် အရင်မျိုးဆက်ဟောင်းတွေဟာ အသက်အရွယ်ကြောင့်အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တိုက်ပွဲဝင်ရာမှာ အကန့်အသတ်အမျိုးမျိုးရှိနေလို့ သူတို့ထက်ပိုပြီး
ထက်ထက်မြက်မြက်လုပ်ကိုင်နိုင်မယ့်၊ လွန်ခဲ့တဲ့ အရေးတော်ပုံတွေရဲ့အစဉ်အလာတွေ၊ ကောင်းမွန်ချက်တွေနဲ့ သင်ခန်းစာတွေကို ဆက်ခံထားတဲ့ မျိုးဆက်သစ်ကို ဆိုလိုတာဖြစ်ပါတယ်။ သမိုင်းပေးတာဝန်လို့ ပြောလေ့ရှိကြတဲ့အရာဟာ ရှေ့ကသွားနှင့်သူတွေနဲ့ ပြည်သူလူထုတရပ်လုံးက ပေးတဲ့တာဝန်ကို ဆိုလိုတာဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူတွေလိုလားတဲ့ မျိုးဆက်သစ်ဆိုတာက ရှစ်လေးလုံးအရေးတော်ပုံနဲ့ ချက်ကြိုးပြတ်ပါတယ်လို့ အသားယူပြောနေတဲ့၊ ၇ ရက် ဇူလိုင်အရေးတော်ပုံနဲ့ ၁၉၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့်ဈာပနတိုက်ပ၊ွဲ ဆရာကြီးမှိုင်းရာပြည့် လှုပ်ရှားမှုတွေဟာ တောထဲက သွေးထိုးလှုံ့ဆော်လို့ ဖြစ်ပေါ်တာလို့ သခင်အားရကျွန်ပါးဝပြောနေတဲ့ “မျိုးဆက်သစ်” မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အဲဒီဟာတွေက ခေတ်အဆက်ဆက်လက်နက်ချတွေရဲ့ ဆိုးမွေနဲ့ အစဉ်အလာကိုဆက်ခံထားကြတဲ့ အလိုတော်ရိမျိုးဆက်သစ်တွေသာ ဖြစ်ပါတယ်။

ဒီသမိုင်းအကွေ့မှာ လူငယ်တွေကို ဘယ်လိုမျိုးဆက်သစ်လဲလို့ စမ်းသပ်မယ့် အဓိက မှတ်ကျောက်ကတော့ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဘယ်လို သဘောထား သလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီတနိုင်ငံလုံး မျိုးဆက်ပေါင်းများစွာ စစ်ကျွန်ဖြစ်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်မလား၊ ဒါကြီးကို မှီပြီး ကိုယ့်တကိုယ် ကောင်းစားမယ့် လမ်းကို ရှာမလားဆိုတာဟာ နိုင်ငံရေးအင်အားစုတွေအားလုံးအတွက် ဓာတုဗေဒ စမ်းသပ်ခန်းထဲက လစ်တ်မတ်စ်ပေးပါပါပဲ။ ဗိုလ်သန်းရွှေတို့ နအဖ စစ်အုပ်စုရဲ့ အရေးတော်ပုံကို ဆက်ခံမယ့် မျိုးဆက်သစ်လား၊ အာဇာနည်သူရဲကောင်း အထောင်အသောင်းရဲ့အရေးတော်ပုံကိုဆက်ခံမယ့် မျိုးဆက်သစ်လားဆိုတာ ကိုယ့်အခန်းကိုယ် ရွေးခြယ်ဆုံးဖြတ်ရမှာပါ။

ပြန်ကြည့်လိုက်ရင် ဗမာပြည်ရဲ့သမိုင်းမှာ ဖွဲ့စည်းပုံတွေဟာ ဖြိုဖျက်လို့ ပြိုပျက်ရတာတွေချည်းပါပဲ။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ ဗိုလ်နေ၀င်းတို့ခြေနဲ့ဖျက်လို့ ပျက်သွားတာဖြစ်ပြီး မဆလ စစ်အစိုးရရဲ့ ၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ မျိုးဆက်သစ်တွေကတိုက်ဖျက်လိုက်လို့ ပျက်သုဉ်းသွားတာ ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီ အစိုးရကချမှတ်ခဲ့တဲ့ ဗမာပြည်ရဲ့ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေလို့ဆိုရမယ့် ဥပဒေဟာလည်း (ကမ္ဘာစစ်ကြီးကိုကျော်ပြီးနောက်) ၁၉၄၆ ခုနှစ်မှာ ပျက်သွားခဲ့ပါတယ်။ အဲဒီလို ပျက်စေခဲ့တာမှာ အဲဒီတုန်းက မျိုးဆက်သစ် နိုင်ငံရေသမားတွေလို့ပြောရမယ့် သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသူတွေဦးဆောင်တိုက်ပွဲဝင်ခဲ့လို့ ဖြစ်ပါတယ်။ အခုနအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့တာဝန်ဟာ မျိုးဆက်သစ်တွေရဲ့ခေါင်းပေါ်ကို ရောက်လာပါပြီ။

ဗမာပြည်လိုနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ မဖျက်ရင် မပျက်ပါဘူးဆိုတာ ရှင်းနေပါတယ်။ နအဖ က လှံစွပ်နဲ့ ရေးထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြည်သူတွေဟာ ညီညွတ်မှုအင်အားနဲ့ တိုက်ဖျက်ရပါလိမ့်မယ်။ ဒီတာဝန်ဟာ ပြည်သူတရပ်လုံးမှာသာမက အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ပုခုံးပေါ်မှာ အထင်အရှား ကျရောက်နေပါတယ်။

ရဲဘော် ဖိုးသံချောင်း

Monday, August 6, 2012

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၃)

လူကြီးရော ကလေးပါမကျန် ဒုတ်၊ ဓါး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီများ

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၂) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှူနိုင်ပါသည်။

လူ့အခွင့်အရေးဆိုတာက အခြေခံ လူသားတိုင်းအတွက် ရှိသင့်တယ်လို့ အသိအမှတ်ပြုထားတာပါ။ နိုင်ငံတခုရဲ့အခြေခံဥပဒေနဲ့ နိုင်ငံတော်လုံခြုံရေးအပေါ်ကို သွားပြီး လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ် သုံးသပ်လို့ မရပါဘူး။ အခု မြန်မာပြည်က ပြဿနာဆိုတာ အစိုးရက ဘင်္ဂလီတွေကို မတရားလုပ်နေတာမဟုတ်ဘူး ဆိုတာ အခြေခံ သဘောပေါက်သင့်ပါတယ်။ ကြံစည်မှုရှိရှိ နယ်မြေဒေသ ထူထောင်ဖို့ လုပ်နေတဲ့ ကျူးကျော်စော်ကားသူ ဘင်္ဂလီတွေနဲ့ ဒေသခံတိုင်းရင်းသားရခိုင်တွေရဲ့ အရေးအခင်းတစ်ခုပါ။ ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်တာမဟုတ်လား။ ရခိုင်တိုင်းရင်းသားဘက်ကနေ ကြည့်ရမယ့် လူ့အခွင့်အရေး ရှုထောင့်တစ်ခုမဟုတ်ပါလား။ ဒါကိုပဲ ဘင်္ဂလီများဘက်မှနေ လူ့အခွင့်အရေးလို့ အော်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အကြမ်းဖက်သောင်းကျန်းသူဖက်ကနေ အားပေးနေကြတာပါ။ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားရခိုင်များကို ဝိုင်းဝန်း စော်ကားနေကြတာနဲ့အတူတူပါပဲ။

လူအခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးတယ်လို့ မျိုးချစ်စိတ်ရှိသူ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မြန်မာပြည်ဖွား မူဆလင်ဘာသာဝင်တွေက တောင်းဆိုကြတယ်။ ပါကစ္စတန်နိုင်ငံက တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို မြန်မာပြည်ဖွား မူဆလင်တွေက လက်မခံဘဲ သွေးစည်းမှုကို ပြသခဲ့တယ်။ အဲ့ဒီ ခြိမ်းခြောက်မှုဖြစ်စဉ်ကို ကြည့်ရင် ဘင်္ဂလီ တချို့ဟာ အကြမ်းဖက် တာလီဘန်အဖွဲ့နှင့် ဆက်သွယ်မှုရှိတာ သက်သေပြနေတယ်။ ဘင်္ဂလီများက မူဆလင်ဘာသာဝင်များ ဖြစ်နေတာနဲ့ ဘင်္ဂလီတွေရဲ့ လူသတ် မုဒိန်းကျင့်လုပ်ရပ်ကို ဘာသာရေး ပြဿနာဖြစ်သွားအောင် ဝိုင်းဝန်းပြီး လိမ်လည် မျက်လှည့်ပြကြတယ်။ လူ့အခွင့်အရေး စကားလုံးသုံးပြီး ပြဿနာကို ပြောင်းလဲလိုက်ကြတယ်။ ဒါဆို ဘာသာရေးပြဿနာအဖြစ် ရှုမြင်အောင် လုပ်သူတွေ လူ့အခွင့်အရေးပါလို့ ရှုမြင်အောင်လုပ်သူ ပြောသူတွေဟာ တရားမျှတမှု မှန်ကန်မှု ရှိမရှိ ကိုယ့်ကိုကိုယ် အရင်ပြန်ဝေဖန် ဆန်းစစ်သင့်ပါတယ်။

တာလီဘန် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့

မြန်မာနိုင်ငံထဲမှာ အတူတကွနေထိုင်နေတဲ့ တိုင်းရင်းသားများထဲမှာတောင်မှပဲ လူမျိုးစုမတူရင် ပြဿနာပိုကြီးတယ်။ အမြင်ပိုစောင်းပါတယ်။ ညွန်ကြားချက်နဲ့ အစီအမံလုပ်ပြီး ရခိုင်တွေအပေါ်မှာ ဘင်္ဂလီတချို့က စနစ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မူတွေပါ။ ယခင်ကလည်း ကျောက်ပန်းနုရွာဘက် လှိုဏ်ဂူတခုထဲမှာ လက်နက်ခဲယမ်းတွေသိမ်းဆည်းထားပြီး မြစ်ကြောင်းကနေ ဘင်္ဂလီတွေ ဝင်ရောက်လာတာဟာ ရခိုင်ဒေသခံတွေကို သတ်ဖြတ်ပြီး နယ်မြေသိမ်းဖို့ဆိုတာ လုံလောက်တဲ့အကြောင်းတစ်ခုမဟုတ်လား။ ဘင်္ဂလီတွေဘက် လိုက်အော်နေတဲ့ ဒေါက်တာဇာနည်ရဲ့ပြောခဲ့ဖူးတဲ့စကားလေးကိုပဲ သက်သေအဖြစ် လုံလောက်အောင် ဘင်္ဂလီအရေးတွေးမိသမျှဆောင်းပါးမှာ ဖေါ်ပြပေးခဲ့ပါတယ်။

အကူအညီပေးတာကို လက်ခံပေမယ့် မမှန်မကန် မဟုတ်မတရားလုပ်နေတာတွေ လူထုနဲ့ နိုင်ငံတော်အပေါ် လူလည်ကျတာမျိုးတွေကိုတော့ ဖေါ်ထုတ်အရေးယူပစ်ရမှာပါပဲ။ အစ္စလာမ်နိုင်င်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်လို အင်ဂျီအိုတွေများစွာ လက်ခံထားတဲ့နိုင်ငံတောင် အင်ဂျီအိုအဖွဲ့ ၅၀၀၀နီးပါး ဖျက်ပစ်လိုက်ပြီး ကန့်သတ်ချက်တွေ ဥပဒေတွေ တိုးပြီးချုပ်ကိုင်ဖို့စီမံနေတယ်ဆိုရင် အင်ဂျီအိုဆိုတာ လက်ခံတိုင်းမကောင်းဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ အကြမ်းဖက်မူတွေဟာ မူဆလင်ဘာသာရေး အစွန်းရောက်တွေနဲ့ အင်ဂျီအိုဝန်ထမ်းတွေ ပါဝင်လှုံ့ဆော်လို့ဆိုတာကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်က ထုတ်ဖေါ်ဝန်ခံထားတာပါ။ ဘင်္ဂလီဒေသမှာလည်း မော်လဝီတွေဟာ အကြမ်းဖက်မူတွေကို အဓိကကြိုးကိုင်နေသူတွေဖြစ်လို့ ဘာသာရေးကို အတင်းလိုင်းသွင်း အော်ဟစ်ပေးနေကြတာပါ။ ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသား အရေးအခင်းအတွင်း အင်ဂျီအိုတွေ ရုံးတင်စစ်ဆေးခြင်းခံနေရတာတွေဟာ ရခိုင်ဒေသမှာတာဝန်ယူနေတဲ့ အင်ဂျီအိုတွေမမှန်ဘူးဆိုတာကို သက်သေပြနေတာပါပဲ။

အပိုင်း (၄) ကို ဆက်လက်တင်ပြပါမည်

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ တဆင့် တင်ပြလိုက်ရပါတယ်။ 

Saturday, August 4, 2012

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၂)

ဘင်္ဂလီများနှင့် လုံခြုံရေး ယူထားသော နစက တပ်ဖွဲ့ဝင်များ

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

လူ့အခွင့်အရေးကိုလည်း ကျွန်တော်တို့တွေက ကောင်းကောင်း နားလည်ကြပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပါးစပ်ပေါ်က သနားစာနာတတ်မူမျိုး မဟုတ်ပဲ ရင်ထဲ အသဲနှလုံးထဲကကို ဖြစ်ပေါ်လာတဲ့ စေတနာ ကြင်နာမူတွေနဲ့ ခွင့်လွှတ်စာနာတတ်တဲ့ လူမျိုးတွေပါ။ သနားအောင်ပြောရင် ကိုယ်ကအငတ်ခံပြီး ကျွေးတတ်တဲ့ လူမျိုးပါ။ လူကို လူလိုမြင်တတ်တဲ့ ဗြဟ္မစိုရ်တရားနဲ့ ကြည့်တတ်တဲ့ လူမျိုးပါ။ လူ့အခွင့်အရေးဆိုပြီး ထုတ်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် ကျေးဇူးရှင်ကို ကျေးစွပ်တဲ့လုပ်ရပ်တွေ ခိုးဝင်နေထိုင်လာကြပြီး ဒေသခံတွေကို သတ်ဖြတ် မုဒိန်းကျင့် အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ ကျူးကျော်စော်ကားမူတွေကိုတော့ ဘယ်နိုင်ငံကမှ လက်ခံမှာ မဟုတ်သလို မြန်မာနိုင်ငံ အနေနဲ့လည်း လက်မခံနိုင်ပါဘူး။ လိုအပ်သလို ထိန်းသိမ်းအရေးယူမူတွေ လုပ်ကြရမှာပါပဲ။ အပြစ်လုပ်သူတွေကို ဖမ်းဆီးအရေးယူတာတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်တာ ခေါ်ပါသလား။ တကယ်တမ်း ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တာဟာ ဘင်္ဂလီတွေ ခိုးဝင်နေထိုင်ပြီး သမိုင်းကြောင်းကို လိမ်လည်လို့ နေရာဒေသကို အပိုင်စီးဖို့ လုပ်တာက စတာပါပဲ။ နောက်ဆက်တွဲ ကုလားဆိုး၊ မူဂျာဟစ် သူပုန်ထတယ်။

ရခိုင်ရွာ တစ်ရွာဖြစ်တဲ့ ကူတောင်ရွာမှာဆိုရင် ရွာကိုဘင်္ဂလီတွေက လာပြီးမီးရှို့ရန်စတယ်။ ပြန်ခုခံတော့ လူအင်အားနဲ့ ဝိုင်းပြီးတိုက်ခိုက်တယ်။ ဖမ်းမိတဲ့ ရခိုင်တိုင်းရင်းသားတွေကို ရက်ရက်စက်စက် ခုတ်ထစ် သတ်ဖြတ်ပစ်ကြတယ်။ ခုတ်ပိုင်း သတ်ဖြတ်ခံထားရတဲ့ ဓါတ်ပုံတွေကို တွေ့ကြမှာပါ။ ကျောက်နီမော် မုဒိန်းကျင့် လူသတ်မှုကိစ္စတောင် ဘီဘီစီသတင်းဌာနက ရခိုင်လူမျိုးပါဆိုပြီး ရခိုင်တိုင်းရင်းသားတို့ နေထိုင်ရာဒေသ မြေပုံပေါ်မှာ ဘင်္ဂလီတွေရဲ့ ဓါတ်ပုံကိုထည့်ကာ လိမ်လည်ထုတ်လွှင့်ချက် အကြောင်းခံက လောလောလတ်လတ် ဖြစ်နေတာကြောင့် ရခိုင်တိုင်းရင်းသားတို့ မခံမရပ်နိုင်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်သွားတာမို့ ပေါ်လွင်လာခဲ့ရတာပါ။ ဒီလတ်တလော အကြောင်းရင်းကြောင့်လည်း ရခိုင်နဲ့ဘင်္ဂလီအရေး ဖြစ်ပေါ်ခဲ့ရတာပါ။

မီးရှို့ရန်ကြံစည်နေသော ဘင်္ဂလီတစ်ဦးနှင့် အပေါင်းအပါများ

သဘောမပေါက်တာက လူ့အခွင့်အရေးအော်နေတဲ့ လူပုဂ္ဂိုလ်အချို့နဲ့ အရေးအခင်း ကိစ္စတစ်ခုကိုပြပြီး နာမည်ယူချင် လုပ်စားချင်နေတဲ့ အဖွဲ့တွေပါ။ မူလဇာတိကိုဖျောက်ပြီး မျိုးရိုးဇာတိဖေါ်ချင်တဲ့ နိုင်ငံတွေတောင် ရှိပါသေးတယ်။ မျက်နှာကြည့်တာနဲ့ ပေါက်ဖေါ်ကြီးဆိုတာ သိပေမယ့် နဂါးမင်းသားကပဲ ဆင်းလာသလို တချို့ဆို ဟိုးနေလုံးကြီးကပဲ ဆင်းသက်လာသလိုလိုနဲ့ ပြောရင် အများကြီးရှိတယ်။ သဘောင်္ပျက်ပြီး ရောက်လာတဲ့ အာရပ်တွေဆိုတာ လိမ်နေတာပါလို့ ပါးစပ်က ထုတ်မပြောတောင် သူတို့ရဲ့မျက်ခွက် ဘာသာစကား သွေး အကုန်လုံးကို ကြည့်တာနဲ့ မျက်မြင်သိနိုင်ပါတယ်။ ခိုးဝင်လာသူတွေကို နိုင်ငံတိုင်းက လက်မခံကြဘူး ဆိုတာလည်း နားလည်ကြမှာပါ။ ဒုက္ခသည်ကို လက်ခံတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခိုးဝင်လာတာကို လက်မခံကြပါဘူး။ ရာဇဝတ်မှုတစ်ခုအဖြစ်တောင် ဥပဒေက သတ်မှတ်ထားပါတယ်။ ထောင်ချမယ်၊ ပြန်ပို့မယ်။ ဒုက္ခသည် လျှောက်ထားရင်လည်း အကျယ်ချုပ်သဘောနဲ့ ခံဝန်ချက်ယူပြီး နှစ်များစွာ စောင့်ဆိုင်းနေရပါတယ်။ အမေရိကန်လို DV ကံစမ်းမဲတောင် ဖေါက်နေတဲ့ နိုင်ငံကတော့ သူ့ဥပဒေက တမျိုးပါ။ ဒါတောင် နေထိုင်ခွင့်ပေးထားပေမယ့် ပြန်မောင်းမထုတ်ရုံ ထားတဲ့သူတွေ အခွင့်အရေး ဆုံးရှုံးနေတဲ့သူတွေ တပုံကြီးရှိနေပါတယ်။

ဒီတော့ ဒုက္ခသည်ဆိုင်ရာနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံတွေကတော့ အခြေချနေထိုင်ဖို့ မပြောနဲ့ ခပ်တည်တည်နဲ့ဝင်လာပြီး over stay နဲ့တောင် နေထိုင်နေလို့ လုံးဝမရပါဘူး။ စင်္ကာပူလို နိုင်ငံမှာဆို ကြိမ်ဒဏ်ကြောင့် ဖင်တောင် စုတ်ပြတ်သတ်သွားပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံခြားထွက်ပြီး ခိုလှုံဖို့လုပ်တဲ့ သူတွေဟာ ဒုက္ခသည်လက်ခံပါတယ်ဆိုတဲ့ နိုင်ငံတွေကိုပဲ ရွေးသွားကြတာပါ။ အခု မြန်မာပြည်က သစ္စာဖေါက် လူ့အခွင့်အရေး ပြောနေတဲ့သူတွေကို ကြည့်ပါ။ ဒုက္ခသည် လက်ခံတဲ့ နိုင်ငံတွေထဲမှာတောင် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးများမှာပဲ ရွေးပြီးနေချင်ကြတာပါ။ အခွင့်အရေး ကန့်သတ်ခံပုံခြင်းက မတူတာကြောင့် မဟုတ်လား။ ဂျပန်နဲ့ ဥရောပဆိုရင်တောင် ဥရောပကိုရွေးမယ်။ ဥရောပမှာတောင် နော်ဝေလို နိုင်ငံထက် ကနေဒါ၊ သြစီနဲ့အမေရိကန်လို နိုင်ငံရွေးမယ်။ လေယာဉ်ပေါ်မှာ ပတ်စပို့ကို စုတ်ဖြဲပစ်ပြီး အိမ်သာထဲချ ရေမျောပစ်လိုက်ပြီး နိုင်ငံမဲ့ပါလို့ မူလကျီသွန်ကီနဲ့ ဒုက္ခသည်လုပ်ချင်သူတွေလည်း ကနေဒါ၊ သြစတြေးလျလိုနိုင်ငံ မလုပ်ရဲပြန်ဘူး။ အမေရိကန် ဗြိတိန်လို နိုင်ငံမျိုးတွေကိုပဲ လုပ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေဟာ ဗီဇာကို အလွယ်တကူ မပေးကြပါဘူး။ အခု ထိုင်းနိုင်ငံတောင် လျှောက်လွှာဓါတ်ပုံတွေ တောင်းတာများလာသလို နိုင်ဂျီးရီးယားလို အာဖရိက နိုင်ငံသားများကိုဆိုရင် လျှောက်လွှာဓါတ်ပုံ ပိုတောင်းပါတယ်။ သူ့နိုင်ငံ သူ့ဥပဒေ သတ်မှတ်ချက် ရှိပါတယ်။

အပိုင်း (၃) ကို ဆက်လက် တင်ပြသွားပါမယ်

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ တဆင့် တင်ပြလိုက်ရပါတယ်။

Thursday, August 2, 2012

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁)


ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်



နိုင်ငံတကာအမြင်မှာ မြန်မာနိုင်ငံဟာ ရှေးယခင်ကလို အနိုင်ကျင့်လို့ကောင်းတုန်း အချဉ်ဖမ်းလို့ကောင်းတုန်း နိုင်ငံတစ်ခုဘဲလို့ မြင်နေကြဆဲပဲနဲ့ တူပါတယ်။ သူခိုးက လူလိုဟစ် နေတာကိုတောင် ဝိုင်းဝန်းလက်ခုပ်တီး အားပေးနေကြပြန်ပါတယ်။ မြန်မာပြည်ဖွား သစ္စာမဲ့သူများကလည်း ငွေကြေးအတွက်၊ နေရာတစ်ခုအတွက် ထမင်းတလုတ်အတွက်နဲ့ ပြဿနာကို မီးခွက်ထွန်း ရှာချင်နေကြပါတယ်။ ဘင်္ဂလီအရေး ပေါ်လာတာဟာ လုပ်စားနေသူတို့အတွက်တော့ ထမင်းအိုးကြီးတစ်လုံး ထပ်ချက်ပေးထားသလိုပါပဲ။ မယုံမရှိပါနဲ့။

ဘင်္ဂလီပြဿနာလား။ ရှင်းရှင်းလေးပါ။ ခိုးဝင်တယ်။ အဲဒီဒေသမှာ မူလနေထိုင်နေတဲ့ ရခိုင်လူမျိုးတွေကို စော်ကားတယ်။ လူသတ်တယ်။ မုဒိန်းကျင့်တယ်။ အဲဒီဘင်္ဂလီတွေကပဲ မူလဒေသခံ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း (Genocide) ဖြစ်လုနီးပါး သတ်ပစ်ပြီး ရခိုင်ပြည်နယ် နေရာလုယူဖို့ ကြံစည်တယ်။ မူဆလင်ဆိုတဲ့ ဘာသာရေးကို ဘန်းပြပြီး မူဆလင်တွေကိုပါ သူတို့နဲ့ ပါဝင်လာအောင်လုပ်တယ်။ အိန္ဒိယနယ်စပ်မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတာပါ။ အိန္ဒိယမှာဆို ခိုးဝင်လာရင် မေးမြန်းစစ်ဆေးခြင်းမရှိ ပစ်တောင်သတ်ကြတာ မဟုတ်လား။

အိန္ဒိယ နယ်စပ်ရှိ တာဝန်ကျ အိန္ဒိယ စစ်သားများ

ဥပဒေမဲ့ ခိုးဝင်လာတာတွေကို ဘယ်နိုင်ငံမဆို သင့်ရာနည်းနဲ့ ဖြေရှင်းကြရမှာပါပဲ။ ဘယ်နိုင်ငံကမှ ကိုယ့်မြေကိုယ့်ရေ ကိုယ့်လူမျိုးကို အစော်ကားခံမှာ မဟုတ်ပါဘူး။ ပြဿနာကို ဖြေရှင်းတဲ့ အခါမှာတော့ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို ပါးစပ်နဲ့မဆန့်အော်ပြီး ငိုပြတယ်။ လိမ်လည်ပြီး နိုင်ငံတကာမှာ ဝိုင်းအော်ကြတယ်။ ဘင်္ဂလီတွေရဲ့ နယ်မြေလု လူသတ် မုဒိန်းကျင့် မီးရှို့ ရေထဲအဆိပ်ခတ် စသော အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ပြီးတော့ မူဆလင် ဘာသာရေးပြဿနာ၊ ဘင်္ဂလီ အခွင့်အရေးပြဿနာအဖြစ် ခေါင်းစဉ်ပြောင်းလဲ အော်နေကြတယ်။ ဘာလူ့အခွင့်ရေးမှ မဟုတ်ဘဲ နယ်မြေခိုးချင်တဲ့ ဘင်္ဂလီတွေရဲ့ အရေးပဲဆိုတာ ရှင်းနေတယ် မဟုတ်ပါလား။ တနည်းပြောရရင် လူ့အခွင့်အရေးမဟုတ်ပဲ အခွင့်အရေးသမားတွေရဲ့ အခွင့်အရေးရှာကြံမှုပဲ မဟုတ်ပါလား။

ဒါဆိုရင် ဒီလောက်ရှင်းတဲ့ ပြဿနာတစ်ခုမှာ ဖင်ကြားမီးညှပ်သလို မနေနိုင် မထိုင်နိုင်အောင် ပါဝင်လာတဲ့ သိက္ခာရှိပါတယ်ဆိုသော ကုလသမဂ္ဂ UN နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အချို့အာဆီယံနိုင်ငံတွေ မီဒီယာအချို့နဲ့ လူပုဂ္ဂိုလ်တွေဟာ ပြဿနာအကြောင်းရင်းကို ခြေခြေမြစ်မြစ် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အကြောင်းပြပြီး လုပ်စားချင်တာဖြစ်စေ၊ သဘောရိုးနဲ့ လုပ်ကိုင်သည်ဖြစ်စေ၊ သူတို့တတွေပါ ကျက်သရေတုံးတဲ့ အဆင့်ထဲ အလိုလို ပါဝင်သွားရ ပါတော့တယ်။ ဒီလူ ဒီအဖွဲ့အစည်းတွေဟာ ဘင်္ဂလီတွေရဲ့ သမိုင်းလိမ်တွေနဲ့ နယ်မြေခံတွေကို စော်ကားတာတွေ သူပုန်ထခဲ့တာတွေ ဘင်္ဂလီတွေရဲ့ ရည်ရွယ်ချက်တွေကို ဘာကြောင့် မသိချင်ယောင်ဆောင်ပြီး ဘာသာရေးနဲ့ လူ့အခွင့်အရေးကိုသာ အသံကျယ်ကျယ်နဲ့ ထအော်လာကြတာလည်းဆိုတာ အရင်မေးခွန်းထုတ်ချင်ပါတယ်။

ပထမဆုံးတစ်ခု ပြောပြထားချင်ပါတယ်။ ကုလသမဂ္ဂဆိုတဲ့ UN ဆိုတာ ဘာလည်း ဘာတွေလုပ်နေတာလည်း ဘယ်လိုဖွဲ့စည်းထားတာလည်း ဒါတွေ လူတိုင်းလိုပဲ နားလည်ကြပါတယ်။ ဒါပေမယ့် ကုလအဖွဲ့အမည်ခံပြီး အောက်မှာလုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေဟာ မှန်မှန် လုပ်နေကြရဲ့လားဆိုတာကိုတော့ ပြန်လည်ပြီး check, recheck, counter check’ လုပ်ဖို့ အရင်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂဆိုတာ နိုင်ငံတိုင်းက အားကိုးရာလို့ သတ်မှတ်ထားကြပါတယ်။ သို့သော်လည်းပဲ ကုလသမဂ္ဂရဲ့ နာမည်ခံပြီး မဟုတ်တာ လုပ်တာတွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ အချူပ်အခြာ အာဏာပိုင်းဆိုင်ရာကို ထိပါး နှောင့်ယှက်လာတာတွေကို ဘယ်နိုင်ငံကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေအား လက်ခံကူညီပေးနေတဲ့ နိုင်ငံတွေမှာတောင် UNHCR က တရားလွန် ဝင်ရောက်စွက်ဖက်လာရင် လက်မခံကြတော့ဘူး ဆိုတာလည်း UNHCR က ပုဂ္ဂိုလ်ကြီးများ နားလည်ကြမှာပါ။

မြန်မာစကားနဲ့ ပြောရရင်တော့ သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းကို ဘာထင်တယ် ညာထင်တယ် ဆိုတာမျိုးကို လက်မခံကြတာပါ။ ရခိုင်ဒေသမှာ ရခိုင်တိုင်းရင်းသားတွေက UN နဲ့ NGO တွေကို လက်မခံဘူး ဆိုတာဟာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများရဲ့ နှစ်ပေါင်းများစွာ ကတည်းက ခံစားလာခဲ့ရတဲ့ ရင်ထဲက မျိုသိပ်နေခဲ့ရတဲ့ ခံစားချက်တွေကြောင့် ဆိုတာကို အရင်သဘောပေါက်အောင် ကြိုးစားစေချင်ပါတယ်။ ဘယ်သူတွေရဲ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ပါဘူး။ UNHCR ရဲ့ ဒုက္ခသည်စောင့်ရှောက်မူမျိုးဟာ ရခိုင်ဒေသအတွင်းက ဘင်္ဂလီတွေအတွက် အကျုံးမဝင်ဘူးလို့ မဟာမင်းကြီးက ဆိုခဲ့တာဟာ ဘင်္ဂလီတွေဆိုတာ ဒုက္ခသည်တွေ မဟုတ်ပါဘူး၊ ခိုးဝင်အခြေချလာတဲ့ ဘင်္ဂလားဒေသက သူတွေပါလို့ ဝန်ခံသွားခဲ့တာလားလို့တောင် ထင်မြင် ယူဆမိပါတယ်။ ဘင်္ဂလီတွေ လက်ခံဖြေရှင်းဖို့ကိစ္စဟာ UN နဲ့မဆိုင်ဘူးဆိုရင် ရခိုင်ဘူးသီးတောင် မောင်တောဒေသမှာ UNHCR ထားဖို့တောင် မလိုပါဘူး။ တခြားနိုင်ငံတကာနဲ့ မြန်မာပြည်ရဲ့ အချို့နေရာတွေမှာ UNHCR က လုပ်ကိုင်ဆောင်ရွက်ပေးနေတာကို အသိအမှတ်ပြုနိုင်ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ မြေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမှာတော့ ဘင်္ဂလီအရေးကိုသာ ဦးစားပေး လုပ်ကိုင်ပေးနေကြတာ ကြာပါပြီ။ ယခု UN, INGO ဝန်ထမ်းတွေကို အစိုးရက ဖမ်းပြီး ဥပဒေနဲ့ စီရင်နေရတာကိုက သူတို့ရဲ့ မသမာမူတွေကို သက်သေပြနေတာပါ။

ဒုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ထားသော ဘင်္ဂလီ လူမျိုးများ

ဘာကြောင့် ဆူပူအကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ သူတွေကရော UNHCR ဝင်းထဲ ရောက်နေရရလည်း၊ ဘင်္ဂလီတွေက စတင်ပြီး ဒုတ်ကိုင် ဓါးကိုင်၊ ရခိုင်အိမ်တွေကို မီးရှို့လူသတ်နဲ့ မဲမဲထအောင် ဒီလောက် သောင်းကျန်းနေကြတာကို ဒီတာဝန်ရှိသူတွေက မမြင်ဘူးတဲ့လား။ ယခင်အတိတ်ကရော ခိုးဝင်အခြေချနေသူ ဘင်္ဂလီတွေက ရခိုင်ဒေသခံတွေကို အကြိမ်ကြိမ် စော်ကားပြီး လူသတ် မုဒိန်းကျင့်လုပ်နေတာ (Genocide) လူမျိုးတုန်းဖြစ်စဉ် ဖြစ်ပွားလုနီးနီး ရခိုင်ပြည်နယ် နေရာအား အပိုင်စီးဖို့ လုပ်နေတာတွေကို နားမလည်ခဲ့ကြဘူးလား။ ယခု မုဒိန်းကျင့် လူသတ်မူ မကျူးလွန်ခင် ကလေးကတင် မောင်းတော နစကဂိတ်နဲ့ မနီးမဝေးမှာတင် ကုလား (၃) ယောက်က ဓါးကိုယ်စီနဲ့ အပြေးလိုက်ပြီး မုဒိန်းကျင့် လူသတ်ခဲ့တာရော မသိလိုက်တာလား။ ကိုယ့်အလုပ်မဟုတ်လို့ မသိဘူးဆိုရင် ဘင်္ဂလီအရေး ကိစ္စကိုသာ ဦးစားပေးလုပ်နေတဲ့ ကုသသမဂ္ဂ အဖွဲ့သားတွေဟာ ရုံးဆက်ထိုင်ဖို့ မကောင်းတော့ပါဘူး။ မသိသေးရင်လည်း ဒီပြဿနာ ဘယ်လိုရှင်းမလဲဆိုတဲ့ ဆောင်းပါးနဲ့ လဝက ဝန်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ ဆောင်းပါးတွေကို ပေးထားတဲ့ လင့်အတိုင်း ပူးတွဲဖတ်ကြည့်ပြီး သုံးသပ်ကြဖို့ အကြံပြုပါတယ်။ http://arakantimes.net/burmese/index.php/2012-02-21-02-29-15/242-2012-06-27-12-31-

ဒါဆိုရင် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို UN အဖွဲ့ကြီးနဲ့ UN အထွေထွေ အတွင်းရေးမှူးချုပ်မှာ တာဝန်ရှိပါတယ်။ ခိုးဝင်သူ ဘင်္ဂလီတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အကြိမ်ကြိမ်ပင် သတ်ဖြတ်ရန် ကြံစည်မူနဲ့ အကြမ်းဖက်မူများမှာ ကြံရာပါ သို့မဟုတ် အားပေးသူ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးအဆင့် ကိုယ့်အဖွဲ့အစည်းအတွင်း ပြန်လည် စစ်ဆေးကြရပါမယ်။ UN ဆိုတဲ့ဝိတ်နဲ့ သက်ဆိုင်ရာ နိုင်ငံကိုသာ လက်ညှိုးထိုး အပြစ်တင်ပြနေလို့ မရပါဘူး။ ကိုယ့်ဌာနက တာဝန်ရှိသူတွေ ရုံးအဖွဲ့ဝင်တွေကိုလည်း ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်မူ ရှိ မရှိ၊ မှန်မှန်ကန်ကန် ဟုတ်မဟုတ်ကို ပြန်လည်လို့ စစ်ဆေးသင့်ပါတယ်။ UN နဲ့ UN ရဲ့ မူဝါဒ လုပ်ပိုင်ခွင့်တွေကို လက်ခံပေမယ့် တာဝန်ယူ လုပ်ကိုင်နေသူတွေကိုတော့ လူသားတို့ရဲ့ အားသာချက် အားနည်းချက်များရှိတဲ့ သဘာဝအတိုင်း ပုံပြီး ယုံလို့မရတာကိုတော့ နားလည်နိုင်ကြပါလိမ့်မယ်။

အပိုင်း (၂) ကို ဆက်လက် တင်ပြသွားပါမယ်

 စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ တဆင့် တင်ပြလိုက်ရပါတယ်။

Friday, July 27, 2012

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။

တာလီဘန်အဖွဲ့ခေါင်းဆောင်ပိုင်းများ


TTP ဆိုတဲ့စကားလုံးသုံးလုံးရဲ့အရှည်ကောက်ကတော့ Tehreek-e-Taliban Pakistan ကို ရည်ညွှန်းပါတယ် ။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကလို နိုင်ငံကြီးမျိုးကိုတောင် ဒီ TTP အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တဲ့လက်ရဲဇတ်ရဲ အစွန်းရောက်အဖြစ်ဖြစ်တယ် ။


ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

TTP ဆိုတဲ့အဖွဲ့ဟာ ဘာလဲ

ဒီဆောင်းပါးရေးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းက TTP ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်တယ် ။ သူတို့ကြေငြာချက်ကို မဖော်ပြခင်မှာ အဲဒီအဖွဲ့အစည်းအကြောင်းအနည်းငယ်တင်ပြချင်ပါတယ် ။ TTP ဆိုတာ များစွာသော အစ္စလာမ် စစ်သွေးကြွအကြမ်းဖက်သူတွေ စုစည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ပါကစ္စတန် ထဲက အာဖဂန်နယ်စပ်တလျှောက် အနောက်မြောက်ဖက် လူမျိုးစု ဧရိယာတွေမှာ အခြေချ ထားတာဖြစ်တယ် ။


၂၀၀၇ ခုနှစ် ဒီဇင်ဘာ မှာ Baitullah Mehsud ရဲဦးဆောင်မှုနဲ့ အုပ်စု ၁၃ ခုဟာ TTP အဖြစ်ဖွဲ့စည်းခဲ့တယ် ။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ Parkistani military ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်ဖြစ်တယ် ။ TTP ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်တဲ့ Baitullah Mahsud ဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ငါးရက်နေ့က ပေါက်ကွဲမှုမှာ အသတ်ခံခဲ့ရပြီး နောက်ထပ်ခေါင်းဆောင် Hakimullah Mahsud ကတော့ အမေရိကမှာ အသေခံ စစ်စင်ရေးတွေကို စတင် တွင်ကျယ်စေခဲ့သူဖြစ်တယ် ။ ဒီအဖွဲ့အစည်းဟာ United state ကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေ ၁ ရက်နေ့က နယူယောက် မြို့မှ Times Square ကို မအောင်မြင်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို ကြံစည်ခဲ့သူတွေလည်းဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ဂျွန်လမှာ TTP ရဲ့ပြောဆိုခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုအတွက်လက်စားချေဖို့ အတွက် United States နဲ့ ဥရောပကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ် ။


ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်တွေကလည်း မြန်မာအစိုးရရဲ့ ဘဂါင်္လီအရေးကို ဆောင်ရွက်မှုအပေါ် ယခုလို ပုံတွေမှာမြင်ရတဲ့အတိုင်း စော်ကားစွာ တုံ့ပြန်ခဲ့ကြတယ် ။


TTP ဆို တာ အစွန်းရောက်အစ္စလာမ်တွေဖွဲ့စည်းထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ အသေခံ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ လူမဆန်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ် ။ သူတို့ပြောတာကတော့ အခုနောက်ပိုင်းဆက်လုပ်နေတဲ့ တိုက်ခိုက်မှုပေါင်းများစွာဟာ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုတွေနဲ့ပတ်သတ်နေတယ်လို့ဆိုတယ် ။


ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်


သူတို့ ကြေငြာချက်ဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဘဂါင်္လီ - ရခိုင် အရေးအခင်းနဲ့ တိုက်ရိုက်ပတ်သတ်နေတယ် ။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကဘဂါင်္လီတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ (UNHCR) မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံတုန်းကတိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လုံးဝလက်မခံနိုင်ဘူးဆိုတာပြောခဲ့တယ် ။ ဒါ့အပြင် နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းကတော့ ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိဖို့နဲ့ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဆိုပြီးလည်းအတိအလင်းပြောခဲ့တယ် ။ သမ္မတကြီးက ဆက်လက်ပြီး တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့တယ် ။ အဲဒီလို သမ္မတကြီးပြောပြီးလို့ မှမဆုံးခင် TTP က နေကြေငြာချက်ထွက်ပေါ်လာခဲ့တယ် ။ အဲဒီကြေငြာချက်ထဲမှာ -



၁ ။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ



၂ ။ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန်



၃ ။ TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြားခြင်း ။ စတာတွေပါဝင်ပါတယ် ။ ဒါ့အပြင်TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြား စတာတွေလည်းပါဝင်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်တဲ့ Organization of Islamic Cooperation - OIC ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဆိုသူကလည်း သမ္မထံကို “ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေး ရန် ” ဆိုတဲ့စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားတယ် ။


စည်းလုံးညီညွှတ်ကြတဲ့ အစ္စလာမ် များ နှင့် အားနာတတ်သော တို့ မြန်မာ


ဒီခေါင်းစဉ်တပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုဖြစ်နေခဲ့တယ် ။ သနားလို့ အားနာလို့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်တွေကလည်း နဂိုကတည်းက သနားစိတ်အရင်းခံ ခပ်ပျော့ပျော့များ ရှိတဲ့နည်းတူ ကဲကဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေကြရယ်လို့ ဆိုပြီး မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်ပေးခဲ့ကြရာကအစ တစတစ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်က သတိထားမိလောက်တဲ့အချိန်မှာ ဆေးမှ မှီပါ့မလားဆိုပြီး ကိုယ့် အနာကို ကိုယ်ပြန်ကြည့်ရသလိုဖြစ်နေခဲ့တယ် ။ ဒီလို တာလီဘန်တွေရဲ့ခြိမ်းခြောက်မှုဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့စည်းလုံးမှု အပေါ် ပြသရာလည်းရောက်ပြီး ငါတို့ ခြောက်လိုက်ရင်တော့ မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီတွေကို တစ်ခုခုတော့စီစဉ်ပေးမှာပဲဆိုပြီးတွေးထားပုံလည်းပေါ်ပါတယ် ။ ခြိမ်းခြောက်တာကို မကြောက်ပေမယ့်လည်း ပြင်ဆင်စရာရှိတာတွေကို တော့ ပြင်ဆင်ထားရမယ်မဟုတ်လား ။ အားနာတတ်လွန်းလို့ ကိုယ့်တဲထဲပေးဝင်ရာက တဲထဲကပိုင်ရှင်ပါ အပြင်ထွက်ပေးလိုက်ရတဲ့ပုံပြင်လို အခုတော့ ကိုယ့်မြေကိုယ့်ရေထဲနေပြီး ကိုယ့်တိုင်းရင်းသာေးတွက မသင့်မမြတ်ဖြစ်ရာကစ လို့ မငြိမ်းသော မီးတွေတောက်လောင်နေကြရပြီ ။ တကယ်ဆိုရင် ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့အရိပ်အကဲကို တောင်ကြည့်ပြီး နေတတ်ထိုင်တတ်နေရမယ်မဟုတ်လား ။ ဘယ်လို အိမ်ရှင်မျိုးကမှ ဧည့်သည်က ပြန်စော်ကားတာမျိုးတော့လက်ခံမှာမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးမှာလည်း အစွန်းရောက် အကြမ်းဖက် အစ္စလာမ် တာလီဘန်တွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်လို့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စာမျက်နှာပေါင်းများစွာ ဓါတ်ပုံပေါင်းများစွာ ကျွန်တော်တို့ ကြည့်ခဲ့ကြပြီးဖြစ်တယ် ။


မြန်မာတွေအားလုံး ကျွန်တော်အပါအ၀င် ကိစ္စတစ်ခုကို လေးလေးနက်နက်ရေရှည်မတွေးပဲ ရေတိုပဲကြည့်တတ်ကြတယ် ။ အခုလို ဖြစ်ခဲ့တာဟာလည်း အကြောင်းအချက်ပေါင်းများစွာရှိတယ် ။



၁ ။ ဘဂါင်္လီ - ရခိုင်အရေးအခင်းမှာ နိုင်ငံခြားပြည်ပ မီဒီယာတွေရဲ့ သတင်းမှားတင်ပြီး သွေးထိုးလှုံ့ဆော်မှု

၂ ။ လူမျိုးခြားစိမ့်ဝင်မှုကို လစ်လျှူရှုလို့ ကိုယ့်စီးပွား တစ်ခုတည်းသာကြည့်တတ်တဲ့ ခရိုနီတစ်စုရဲ့ အတ္တကြီးမှု

၃ ။ သဘောကောင်းလွန်းလို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေကြပါလို့ ရေရှည်မတွေးပဲ ဘာသာပါ ပျောက်ကွယ်ရလောက်အောင် သဘောကောင်းလွန်းတဲ့ မှားယွင်းမှုကြီး

၎ ။ အနီးအနားမှာရှိနေတဲ့ လူတွေကို ကိုယ့်လို စိတ်ဓါတ်မျိုးပဲရှိမှာပဲဆိုပြီး ပေါ့ပေါ့ဆဆတွေးထင်တတ်ကြလို့

၅ ။ တစ်ကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ထိရင်ဆတ်ဆတ်ထိမခံတတ်တဲ့ Organization of Islamic Cooperation-OIC ရဲ့ သွေးစည်းမှု ကို လျှော့တွက်ထားခြင်း

၆ ။ လုပ်ကြံဖန်တီးထားသော ဓါတ်ပုံပေါင်းများစွာဖြင့် အစ္စလာမ် တွေမြန်မာနိုင်ငံမှာ အသတ်ခံနေရပြီဆိုပြီး သတင်းမှားများအား အင်တာနက်စာမျက်နှာအနှံ့တွင်တင်လာခြင်း ။

၇ ။ နိုင်ငံရေးအတိုက်အခံ ပြည်ပရောက်အဖွဲ့အစည်းများက ဘဂါင်္လီများကိုရိုဟင်ဂျာအမည်ခံတိုင်းသားမျိုးနွယ်စုအဖြစ်သွတ်သွင်းရန် ပြည်ပ နိုင်ငံကြီးများအကူအညီယူ၍ ဖိအားပေးလာခြင်း ။



စတဲ့အချက်တွေဖြစ်တယ် ။



ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်သလဲ



သူတို့ရဲ့ နည်းတွေက အကြမ်းဖက် တိုက်ခိုက်တဲ့နည်းတွေ ဖြစ်တဲ့နည်းတူ အသေခံဗုံးခွဲမယ် အသေခံ ဖောက်ခွဲမယ် စတဲ့ နည်းလမ်းတွေနဲ့အတူ ချောင်းမြှောင်းလုပ်ကြံမယ် ဆိုတဲ့ကိစ္စတွေလည်းပါလာနိုင်တယ် ။ ဒီတော့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေရဲ့ Security ကို အထူးမြှင့်တင်ထားဖို့လိုသလို အရေးကြုံရင် ကာကွယ်ပေးမယ့် ပြည်သူ့တပ်မတော်ကိုလည်း အရည်အသွေးပြည့်မီအောင် လိုအပ်တာနဲ့ အဆင်သင့် အင်တိုက်အားတိုက် ဖြိုခွဲနိုင်အောင် ပြုလုပ်ရပါမယ် ။ ရေတပ် အင်အားကို အများကြီးတိုချဲ့ဖို့လိုတယ်လို့မြင်မိသလို တခြားကြည်းတပ်နဲ့ လေတပ်ကိုလည်း အင်အားတွေထပ်ဖြည့်ထားလို့ လိုအပ်တယ် ။ ပြည်တွင်းမှာလည်း လျှို့ဝှက် သတင်းစုံစမ်းရေးတွေဖွဲ့ထားသင့်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ကိုယ်က ဦးအောင်ထောက်လှမ်းနိုင်ဖို့လိုတယ် ။ ဘယ်သူတွေက အဆက်အသွယ်တွေလုပ်လို့ ဘာတွေကြံစည်နေကြတယ်ဆိုတာ ပြည်သူနဲ့ စစ်သား ၊ ၇ဲ ၊ လုံခြုံရေး ၊ မီးသတ် ၊ ဆက်သွယ်ရေး ကစလို့ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ။ အခုကိစ္စကတော့ခြိမ်းခြောက်စာ သဘောမျိုးဖြစ်တဲ့အပြင် သွေးတိုးစမ်းတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ် ။ တကယ် သူတို့မကြံစည်ဘူးလို့လည်းမပြောနိုင်ဘူး ။ ကိုယ့်က ကာကွယ်ထားခြင်းသည်ဟာအ ထိရောက်ဆုံးမဟုတ်ပါလား ။



လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကြီး



တကယ့်ကို အခြေအနေက Alert !!! ဆိုသလိုပါပဲ ။ အရင်ဆောင်းပါးတွေထဲမှာ ရေးခဲ့သလိုပါပဲ တကယ့်စီးပွားရေးလုပ်ငန်းကြီးတွေ ၊ ကုမ္မဏီကြီးတွေနဲ့ ထိပ်သီးနေရာတွေထိအောင် လူမျိုးခြားတွေ စိမ့်ဝင်ပျံ့နှံ့နေကြတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့ မြန်မာစစ်စစ်တွေက မဟာဂရုဏာတွေထားလို့ သာယာနေကြတုန်း ။ အခုတော့ ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့ကြီးရဲ့ခြိမ်းခြောက်မှုကိုခံနေကြရပြီ ။ သွေးမနည်းပေမယ့် စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပဲ ။ ဘယ်သူကမှ သာသနာတော် ထွန်းကားတဲ့ မြန်မာပြည်ထဲ သွေးမြေကျ တာမြင်ချင်ကြမယ်မထင်ဘူး ။ ဒါပေမယ့်လည်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူကမှ အတိအကျ မပြောနိုင်သေးဘူး ။ တချို့ကလည်း ဒီသတင်းကြားတာတောင် အေးအေးလူလူ ရှိနေတဲ့သူတွေရှိသလို ဒီသတင်းကို ဘယ်လောက်ထိ အရေးကြီးပြီး အန္တရာယ်ရှိတဲ့သတင်းမှန်းလည်း သိတဲ့သူတွေလည်းရှိကြမှာပါ ။ ရခိုင်ပြည်နယ်ဖက်မှာ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ်ပါဘူး ။ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ ။ ရခိုင်တင်ပဲလား မဟုတ်သေးဘူး ရန်ကုန်လို မြို့ကြီးတွေရဲ့ နေရာတွေ လမ်းတွေ အဆောက်အအုံတွေပေါ်မှာ လည်း လူမျိုးခြားတွေအများကြီး နောက်မန္တလေးလို မြို့ကြီးမှာလည်း လူမျိုးခြားတွေအများကြီး တချို့ဆို ဒီနေရာဟာ မြန်မာနိုင်ငံထဲက နေရာဟုတ်ရဲ့လားလို့ ထင်မိအောင်ကိုယ့်မြန်မာလူမျိုးတွေပျောက်ကွယ်လို့ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တယ် ။



ကျွန်တော်တို့ ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာရဲ့ အဆုံးအမဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံယုံကြည်ပါတယ် ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူဖြစ်တဲ့နည်းတူ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း ယုံကြည်လေးစားကိုးကွယ်ပါတယ် ။ သို့သော် မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပေါ်ခဲ့တဲ့ေ၀၀ဒတ် ထက်စာရင် အခုခေတ် တာလီဘန်တွေ ပိုပြီး ရိုင်းစိုင်းယုတ်မာကြတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိဖြစ်တယ် ။ အခုလို ခြိမ်းခြောက်စာရေးတာကလည်းကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ဘူး ။ ကြိုတင်ပြီး မြန်မာနိုင်ငံအနေနဲ့ပြင်ဆင်ထားလို့ တပ်လှန့်လိုက်တယ်လို့လည်းမြင်မိတယ် ။ အေးချမ်းစွာ နေထိုင်တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လူမျိုးခြားတွေရဲ့စိမ့်ဝင်မှုအန္တရာယ်ရဲ့ ၀ါးမြိုမှုကို စတင်ခံစားနေရတယ် ။ ဒါတွေကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင်တော့ အရင်ဆုံး လူဝင်မှုကြီးကြပ်ရေးကစလို့ သန်းခေါင်စာရင်း ၊ လူဦးရေစာရင်း ၊ မှတ်ပုံတင် နဲ့တကွ တစ်ပြည်လုံးကို စာရင်းအတိအကျပြုစုလို့ ဟာကွက်မရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိတယ် ။



သံဃာတော်တွေ ၊ တရားဒေသနာတော်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ မြန်မာပြည်ကို သွေးမြေကျအောင် မလုပ်ကြဖို့ ဆုတောင်းနေမိတယ် ။ အကယ်၍ ဆုတောင်းမပြည့်ခဲ့လို့ ခြိမ်းခြောက်စာထဲကအတိုင်း တာလီဘန်တွေက မြန်မာနိုင်ငံကို ရန်မူဖို့ကြိုးစားလာခဲ့ရင်လည်း တပ်မတော်နဲ့ပြည်သူ လက်တွဲလို့ အကောင်းဆုံး ကာကွယ် ကာ အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ကြမယ်လို့ ယုံကြည်ရင်း အဆုံးသတ်လိုက်ပါတယ် ။



သက်တန့်ချို

References

  • 1.Eleven Media Group

  • 2.wikipedia

  • 3.nctc.gov/site/groups/ttp.html

  • 4.tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/

  • Photos : Facebook , thargithway
 by သက်တန့်ချို