စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, October 9, 2012

အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ် (ရုပ်သံ)


မြန်မာနိုင်ငံပညာရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် 

 မြန်မာနိုင်ငံ၏ ပညာရေးသည် နှစ်ပေါင်း ၅၀ ကြာ အင်မတန်မှ ညံ့ဖျင်းခဲ့ကြောင်းဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

ယခင်နှစ်ပေါင်းများစွာ ညံ့ဖျင်းခဲ့သည့်ပညာရေးကြောင့် မျိုးဆက်သစ်လူငယ်များကြားတွင် လုပ်နိုင်ကိုင်နိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်များရှားပါးသွားခဲ့ကြောင်း၎င်းကဆိုသည်။

 မြန်မာလူငယ်များမတော်မတတ်၍ မဟုတ်ဘဲ ပညာရေးညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံပညာရေးသည် အင်မတန်မှပြုပြင်ပြောင်းလဲရန်လိုအပ်ပြီး လွန်စွာညံ့ဖျဉ်းသည့် အခြေအနေတွင်ရှိကြောင်း၊ အခြေခံပညာရေးစနစ်သည် ကလေးငယ်များအတွက် အမှန်တကယ်ပညာပေးသည့် အခြေအနေမဟုတ်ကြောင်း၊ ကလေးများမဖြစ်မနေကျောင်းသွာရေး ကိစ္စကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဆင့်မြင့်ပညာရေးနှင့် အခြေခံပညာရေးအပြင် အသက်မွေးဝမ်းကြောင်းပညာနှင့် ကျောင်းပြင်ပ ပညာရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းဆိုသည်။ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖို့ လုပ်ဆောင်ရန် လွန်စွာစိတ်အားထက်သန်လျှက်ရှိကြောင်းဆိုသည်။ ရန်ကုန်တက္ကသိုလ်အား ယခင်အချိန်များကကဲ့သို့ လျှမ်းလျှမ်းတောက် တက္ကသိုလ်ပြန်ဖြစ်လာရန် ၀ိုင်းဝန်းကြိုးစားရန်လိုအပ်ကြောင်းဆိုသည်။

 မိမိမဲဆန္ဒနယ် ကော့မှူးတွင် အသက်မွေးဝမ်းကျောင်းပညာသင်စခန်းတစ်ခုဖွင့်လှစ်ရန်စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းပုံစံအဆင်ပြေမည်ဆိုလျှင် အခြားသော မြို့နယ်များ၌လည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ယင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စတင်လုပ်ဆောင်သည့် ကိစ္စဖြစ်ကြောင်းဆိုသည်။




0 comments: