စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 15, 2012

မြန်မာနိုင်ငံမှာ OIC ရုံး စိုက်ခွင့်မပြုထားကြောင်း ကြေညာထား

မြန်မာပြည်သူအများက လိုလားမှု မရှိသော အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ခေါ် ( Organization of Islamic Cooperation) ၏ မြန်မာနိုင်ငံရုံးစိုက်ခွင့်ကို မြန်မာအစိုးရ အနေဖြင့် ခွင့်ပြုမှု ရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး၏ ( မှူးဇော် ဖေ့စ်ဘုတ်စာမျက်နှာ) မှာ ယနေ့ ညနေပိုင်း က ဖော်ပြထားပါတယ်။

 အောက်မှာ သူ၏ ဖေ့စ်ဘုတ်ပေါ်က သမ္မတရုံး၏ ကြေညာချက်အား ဖော်ပြထားတာ ကို ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။

 မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

 by Hmuu Zaw on Sunday, October 14, 2012 at 5:02pm ·

 ၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူ အများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)  နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
    (ခ)    အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
    (ဂ)   နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
    (ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။

၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ပါသည်။

၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကို ကောင်းစွာ သိရှိနားလည် ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည်။

 ဤနေရာတွင်  သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ ရှိပါတယ်။ 

နောက် ၁ နာရီခြားပြီး အောက်ပါ အသိပေးချက်ကို ဦးဇော်ဌေးက ရေးသား ထားပါတယ်။ 

မြန်မာနိုင်ငံတွင် OIC ရုံး ဟူ၍ ဖွင့်လှစ်ခွင့် ပေးမထားပါ

၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC Branch) ဟူ၍ ဖွင့်လှစ်ခွင့် ပြုမထားပါ။

၂။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလသတ်မှတ်ချက်ဖြင့် ထားရှိမည့် ယာယီ ဆက်ဆံရေးရုံး (OIC ရုံး မဟုတ်ပါ) ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။ ယင်းသို့ ယာယီရုံးဖွင့်လှစ်ခွင့် ကိစ္စကိုပင်လျှင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတကိုယ်တိုင် လမ်းညွှန်ထားပြီး ဖြစ်ပါသည်။



ယနေ့ ည ၈ နာရီက နိုင်ငံပိုင် သတင်းမီဒီယာများက ကြေညာမယ်လို့ ဆိုပေမယ့် မကြေညာခဲ့ပါဘူး။

မကြာသေးခင်က မြန်မာနိုင်ငံမှာ အဆိုပါ OIC အဖွဲ့ရုံးစိုက်မှု မကြာခင် လုပ်ဆောင်သွားမယ်လို့ OIC ၏ တာဝန်ခံတဦးနဲ့ BBC အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ သူ့အဆိုအရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေးနှင့် OIC တို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က OIC နှင့် ၂ ဖက် သဘောတူ နားလည်မှု စာချွတ်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဒေသ အနှံ့အပြားမှာ OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မှု မလုပ်ရန် ကန့်ကွက်မှုများ လုပ်ဆောင်နေခြင်း၊ အကယ်၍ ရုံးစိုက်မယ်ဆိုပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထု ကန့်ကွက်ပွဲများ ပြုလုပ်သွားကြရန် အစီအစဉ်များ ကို အဖွဲ့အစည်းအသီးသီးက ကြေညာထားပါတယ်။ 

ယနေ့ နံနက်ပိုင်းကလည်း မန္တလေးရှိ သံဃာတော်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက OIC ရုံး၊ မြန်မာ
နိုင်ငံမှာ ဖွင့်လှစ်ရန် ခွင့်ပြု ပေးမည် မဟုတ်ကြောင်း လာရောက် အသိပေး အကြောင်းကြားခဲ့ပါတယ်။

ပြည်တွင်း သတင်းဂျာနယ်များတွင်လည်း နယ်စပ်ရေးရာ ၀န်ကြီးဌာနက OIC ရုံးဖွင့်ခွင့် ပြုမှာ မဟုတ် 
ကြောင်း ပြောဆိုမှုများကို ထည့်သွင်းခဲ့ပါသေးတယ်။ ထိုမတိုင်မီက မန္တလေးမြို့ပြင် ၄ ရပ်မှာ မန္တလေး ရဟန်းတော်များ ဦးဆောင်ပြီး သံဃာ ၁ သောင်းဝန်းကျင်ခန့်၊ မြို့နေ လူထုတို့က ငြိမ်းချမ်းစွာဖြင့် OIC ရုံး မဖွင့်ရေး ဆန္ဒဖော်ထုတ်ခဲ့သေးပါတယ်။  


 

0 comments: