စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 1, 2012

ရှေ့နေလိုင်စင်အတွက် အကြိုဝင်ငွေခွန်များ မတူကွဲပြားစွာ ကောက်ခံနေဟုဆို



ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီးမှ အထက်တန်းရှေ့နေများ ယခုနှစ်မှစ၍ လိုင်စင် သက်တမ်းတိုးရာတွင် တနှစ်စာ အကြိုဝင်ငွေခွန် ဆောင်ရာ ကျပ်တသောင်းခွဲမှ ငါးသောင်းနှစ်ထောင်ထိ အမျိုးမျိုး ကွဲပြားစွာ ကောက်ခံလျက် ရှိကြောင်း ရှေ့နေများက ပြောသည်။

၂ဝ၁၃ အတွက်ရှေ့နေများ လိုင်စင်သက်တမ်း တိုးရာတွင် တနှစ်စာ ဝင်ငွေခွန်၏ အကြိုခွန်အဖြစ် ယခုနှစ် စက်တင်ဘာလမှစ၍ ပေးဆောင်ရသည်။ ထိုသို့ ပေးဆောင်ရာတွင် မြို့နယ်အလိုက် ငွေပမာဏ တူညီခြင်း မရှိဟု
ရှေ့နေများက ပြောဆိုကြခြင်း ဖြစ်သည်။

မြောက်ဥက္ကလာအခွန်ရုံးတွင် သက်တမ်းတိုး လိုင်စင်ခွန် ဆောင်ခဲ့ရသော ရှေ့နေတဦးမှာ ကျပ် ၅၂,ဝဝဝ ပေးရပြီး
ရှေ့နေတဦးဖြစ်သည့် သူ၏ သမီးက မင်္ဂလာဒုံမြို့နယ်တွင် အခွန်ဆောင်ရာ ၃ဝ,ဝဝဝ ကျပ်သာ ပေးရသည်ဟု မဇ္ဈိမကို ပြောသည်။

“ဘာကြောင့် ဆောင်ရတဲ့ငွေ ကွာတာလဲ ရှင်းလင်းချက် မပေးဘူး။ အခွန်ရုံးမှာ ပေးတဲ့ ချလံမှာ ကိုယ့်နာမည်နဲ့ တခါတည်း စာရိုက်ထားတာ” ဟု ၎င်းက ပြောသည်။

တရားရုံးချုပ် ရှေ့နေတဦးက ဒလမြို့နယ်ရှိ ၎င်း၏ တပည့်များ အခွန်ဆောင်ရာတွင် ငွေကျပ် တသောင်းခွဲသာ
ပေးဆောင်ရကြောင်း တချို့အခွန်ရုံးများတွင်မူ ငါးသောင်း ပေးဆောင်ရကြောင်း ကြားသိရသည်ဟု မဇ္ဈိမကို
ပြောသည်။

အခွန်ရုံးက အခွန်ငွေမှာ တာဝန်ရှိသူများ၏ ပါးစပ်ဖျားတွင် ရှိနေကြောင်း ပြောသည်။ အခွန်ဆောင်မှ လိုင်စင်လဲခွင့်
ပေးမည်ဟုလည်း ပြောနေကြကြောင်းလည်း အဆိုပါရှေ့နေက ပြောသည်။

အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတခုတွင် အကြံပေးအဖြစ် ဆောင်ရွက်နေသော အထက်တန်းရှေ့နေတဦးကလည်း “လုပ်ငန်းရှိရင်တော့ အခွန်ကတော့ ရှိသင့်ပါတယ်။ ကျနော်က ငါးသောင်း ဆောင်ရတယ်။ ဒါပေမယ့် မြို့နယ် အလိုက် မတူဘူးလို့ ကြားတယ်” ဟု ဆိုသည်။

ပြည်တွင်း အခွန်ဦးစီးဌာနက အဆိုပါ ကြိုတင်ခွန် ကောက်ခံရန် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိကြောင်းလည်း သိရသည်။ ယခင်နှစ်များက လိုင်စင် သက်တမ်း တိုးရာ တိုင်းတရားရုံးတွင် စာရွက်စာတမ်းကြေး သုံးထောင်ဝန်းကျင် သာ ဆောင်ရပြီး ယခုနှစ်တွင်မူ မြို့နယ်အခွန်ဦးစီးရုံးများမှ ပုံစံစာရွက်များယူကာ မြန်မာ့စီးပွားရေးဘဏ်သို့ အခွန်ငွေ
ပေးဆောင်ရကာ သက်ဆိုင်ရာမြို့နယ် တရားရုံးတွင်လည်း စာရွက်စာတမ်းကြေးများ ထပ်မံဆောင်ရကြောင်း ရှေ့နေ များက ပြောပြကြသည်။

0 comments: