စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 15, 2012

ဦးနုရဲ့ တာတေ စနေသား နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြသုံးသပ်


တချိန်က ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ တာတေစနေသား ဆိုတဲ့ ကိုယ်တိုင်ရေး နိုင်ငံရေး အတ္တုပ္ပတ္တိ စာအုပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာရဲ့ စာပေကဏ္ဍမှာ စတင်ဖော်ပြ လာပါတယ်။ အခုလို ကလောင် ဟိန်းလတ်ရဲ့ တာတေစနေသား စာအုပ်အကြောင်း ရေးသား ဖော်ပြရာမှာ အိမ်ရှေ့ ရောက် လာတဲ့ ရဲဘော်လေးကို ဦးနုက "မင်းက ဘာလဲ" လို့ မေးလိုက်တော့ "ကျနော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ" လို့ ဖြေလိုက်တယ်။

 ပြီးတော့ " လောက်ကောင် မိပြီ " လို့ သတင်းပို့တာကို လည်း ရေးသား ဖော်ပြထားပါတယ်။ ဦးနုခမျာ ၀န်ကြီးချုပ် ဘ၀ကနေ လောက်ကောင် လုံးလုံး ဖြစ်ရ တာကိုလည်း အဲဒီအခန်းရေးပြထားတာကို စာရေးသူ က ဖော်ပြထားပါတယ်။ နောက်မှ အကြောင်းစုံဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းလိုက်တယ်ဆိုတာ သိရတဲ့အခါ ဦးနုက " သြော် ဒီလိုကိုး' ဆိုပြီး ပြန်လည်ဖြေကြားခဲ့တဲ့အခန်းကိုလည်း ရေးသား ဖော်ပြထားပါတယ်။

 အခုလို နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ တလျှောက်လုံး တားမြစ်ထားတဲ့ စာအုပ်ကို သုံးသပ်တင်ပြခွင့် ရ တာ ဒါဟာ ပထမ ဆုံး ဖြစ်ပါလိမ့်မယ်။ မြန်မာ့ သတင်းစာလောကရဲ့ ထူးခြားတဲ့ အပြောင်းအလဲ တခုလေ လား ဆိုတာ ဆက်လက်စောင့်ကြည့် ရအုံးမှာဖြစ်ပါတယ်။

0 comments: