စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, October 9, 2012

ဒို့ပြည်သာကစားကွင်း တင်ဒါရပ်ဆိုင်းခံရစားသောက်ဆိုင်များသုံးရက်အတွင်းပြောင်းရွှေ့ရမည်အပြင်အလုပ်သမား၂၀၀ခန့်အလုပ်လက်မဲ့ဘေးရင်ဆိုင်နေရ




စူးရှ 

သစ်တောရေးရာဝန်ကြီး ဌာနပိုင် ဒို့ပြည်သာကစားကွင်း အား တင်ဒါထပ်မံလျှောက်ထားခွင့် ရပ် ဆိုင်းထားခြင်း ကြောင့် အလုပ်သ မား ဦးရေ ၂၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်မည့်အရေးကို ရင်ဆိုင် ရလျက်ရှိ ကြောင်း ဒို့ပြည်သာကစားကွင်း၏ Indoor Game  နှင့်ကစားကွင်းတာ ဝန်ခံ ကိုဇော်ဦးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

ဒို့ပြည်သာကစားကွင်း ဌားရမ်းထားသော သစ်တောရေးရာ ဝန်ကြီးဌာနပိုင် မြေကွက်တွင် Game City နှင့် စားသောက်ဆိုင် လုပ် ငန်း ရှင်များမှတစ်ဆင့်လုပ်ကိုင် လျက်ရှိပြီး ဒို့ ပြည်သာကစားကွင်းမှ ဝန်ထမ်း များလည်း  ကစားကွင်းဝန်ဆောင်မှုလုပ် ငန်းများလုပ်ကိုင် လျက်ရှိကြောင်းနှင့် အဆိုပါတင်ဒါ လျှောက်ထား ခွင့်ရပ်ဆိုင်းထားမှု အားဝန်ထမ်းများအနေ နှင့်အောက်တိုဘာလ (၅)ရက်နေ့မှ သာသိရှိခဲ့ ကြောင်း သိရသည်။

''သောကြာနေ့မနက် ရောက်တော့မှ ဒီလုပ်ငန်းကြီးပိတ် တော့မယ်ဆိုတာသိရတယ်၊ထပ်ပြီး ငှားရမ်းဖို့ အတွက် စာချုပ်ပြန်ချုပ်လို့ မရဘူး၊ အစိုးရကစာချုပ်ပြန်မချုပ်ပေး ဘူးလို့ သူဌေး ကပြောတယ်။ အခု လောလော ဆယ်တော့  သူတို့တင်ဒါ ခေါ်ထားတယ်၊ သူဌေးကလည်းဆက် မရတော့ ဘူး ဆိုရင်နစ်နာ ကြေးပေး မယ်။ဒါပေမယ့် နောက်လူက ဒီလုပ် ငန်းလုပ်မယ်၊ဒါမှမဟုတ် ကျွန်တော် တို့ကိုပြန် ခန့်မယ် မခန့်မယ်တော့ အာမမခံနိုင်ဘူးလို့ပြောတယ်'' ဟု ကိုဇော်ဦးကပြောသည်။

ဒို့ပြည်သာကစားကွင်း လုပ်ငန်းရပ်ဆိုင်းပါက ဒို့ပြည်သာ မှဝန်ထမ်းပေါင်း ၁၀၀ ကျော်ခန့်အ လုပ်လက်မဲ့ဖြစ် ပွားနိုင်ပြီး စားသောက် ဆိုင်များအနေဖြင့်လည်း ၎င်းတို့လုပ် ငန်းရပ်ဆိုင်းလိုက်သဖြင့် စီးပွား ရေး ထိခိုက်သွားနိုင်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက် ၍ မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပါတီမှမြို့နယ်တာဝန်ခံဦးကျော်ဒင် က''မြို့နယ် ကကော၊ ရဲဌာနကဝန်ထမ်း တွေကပါ ဒီကိစ္စကို သိကျတယ်၊အဲဒီ မှာ ရှိတဲ့အလုပ်သမား တွေ၊ ဝန်ထမ်း တွေ အများကြီး အလုပ် လက်မဲ့ဖြစ်မယ့်ကိစ္စကို ဝင်းကိုပိုင်တဲ့ သစ်တောရေး ရာဝန်ကြီး ဌာန ကလည်း သိတယ်၊ဒါပေမယ့် အကုန်လုံးကဒီ အလုပ်သမားတွေကို လစ်လျူရှုထား တယ်၊ အာမခံပေး  နိုင်တဲ့ ဝန်ကြီး ဌာန မရှိဘူး။'' ဟု ဆိုသည်။

မင်္ဂလာတောင်ညွှန်မြို့ နယ်တွင် အဆိုပါကိစ္စဖြစ်ပွားခြင်း ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျအုန်း မှ လာရောက် ဖြေရှင်းစဉ် ၎င်းအနေဖြင့် အလုပ် လက်မဲ့ဖြစ် သွားနိုင်သောအလုပ်သ မားများ အား စိတ်မပူရန်၊ တိကျသော အဖြေတစ် ခုရရှိရန်နှင့် အလုပ်သမား များအား ကာကွယ်သော အလုပ်သမား  ဥပဒေ များရှိကြောင်း ပြောကြားသွားခဲ့သည် ဟု ဒို့ပြည်သာကစား ကွင်းဝန်ထမ်း ဖြစ်သူ ကိုဇော်ဦး က ထပ်မံ ပြောသည်။

အဆိုပါ  ရပ်ဆိုင်းမှုမှာ အောက်တိုဘာလ ၅ ရက်နေ့မှ  စ၍   ဒို့ပြည်သာက စားကွင်းအတွင်းရှိ Game  City  နှင့် စားသောက် ဆိုင်များအား (၃)ရက် အတွင်း  ရွှေ့ပြောင်းပေးရန် ဒို့ပြည် သာကစားကွင်းပိုင်ရှင် ဦးထွန်းမြင့်  မှညွှန်ကြားသွား ခဲ့ကြောင်း  သိရသည်။

 by Yangon Media Group

0 comments: