စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, October 3, 2012

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှပြုလုပ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ့


သတင်းထောက်များ လက်ဆောင်ရယူခြင်း အပါအ၀င် စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် စပ်ဆက်ပြီး Weekly Eleven News ဂျာနယ်အတွဲ ၂၊ အမှတ် ၄၇ ၌ ရေးသားဖော်ပြထားမှုကို တွေ့ရစဉ်

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်သော မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်စီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက်များကို Sony  အမျိုးအစား ဒစ်ဂျစ်တယ်ကင်မရာများ ပေးအပ်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့ခဲ့ပါသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို နေရာနှစ်နေရာ၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်အခြေစိုက် သတင်းထောက်များကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စီမံကိန်းရုံးသို့ ခေါ်ယူ၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဂရင်းမီးရထားဟိုတယ်၌ စက်တင်ဘာလ၂၉ ရက်နေ့တွင်လည်းကောင်း  ပြုလုပ်ခဲ့ပါသည်။
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်သို့ ခေါ်ယူ၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်အခြေစိုက်မီဒီယာများဖြစ်သည့် Eleven Media Group ၊ The Myanmar Times ၊ Myanmar Post ၊ AP ၊ DVB ပေါ်ပြူလာသတင်းဂျာနယ်၊ လျှပ်တစ်ပြက် သတင်းဂျာနယ်တို့ကို ခေါ်ယူသွားခဲ့ပါသည်။

''ကျွန်တော့်ကို မုံရွာမသွားခင် ရန်ကုန်လေဆိပ်မှာကတည်းက ပွဲစီစဉ်သူ ဂျာနယ်လစ်က လာပြောပါတယ်။ သတင်းထောက်တွေအတွက် တစ်ယောက်ကို ကင်မရာတစ်လုံးစီပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်ကလည်း ကျွန်တော့်အတွက် ထည့်မတွက်ပါနဲ့။ ကျွန်တော်မယူပါဘူး။ ကျွန်တော်တို့ ဂျာနယ်ရဲ့ မူဝါဒကိုလည်း ဆရာသိပါတယ်။ ဘယ်လက်ဆောင်ကိုမှ လက်မခံပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။ တခြားသူတွေကို ပြောလား၊ မပြောလားနဲ့ ဘယ်သူတွေ ယူတယ်၊ မယူဘူး ဆိုတာကို ကျွန်တော်မသိပါဘူး''ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ ကိုဟိန်းမင်းလတ်က ပြောခဲ့သည်။


လက်ရှိအချိန်တွင် သတင်းမီဒီယာကြီးများ၏ သတင်းထောက်များအကြား လက်ဆောင်ရယူသည့် အလေ့အထမှာ ထိုက်သင့်သလောက် နည်းပါးသွားခဲ့ပြီဖြစ်သော်လည်း ယခင်က 'ပုဆိုးပေးမှ သတင်းရေးမည်' ဟူသော အသံထွက်ပေါ်ခဲ့သည့် အနုပညာ သတင်းထောက်များ၊ အထူးသဖြင့် မန္တလေးနှင့် နယ်အလွတ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေဆဲ  . . .

ထို့အတူ သတင်းထောက်များအား ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ DVB သတင်းထောက် မကေခိုင်ကျော် ရိုက်ကူးထားသော လက်ဆောင်ပေးအပ်ခဲ့သည့် 'ကင်မရာ' ဓာတ်ပုံနှင့် လက်ဆောင်ပေးလာဘ်ထိုးခဲ့သည့် အ ကြောင်းအရာများမှာ Facebook  လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အတူ ပေါ်ပြူလာသတင်းဂျာနယ်မှလည်း ယင်းကိစ္စရပ်အပေါ် ကြေညာချက်တစ်စောင်ကို အောက်တိုဘာလ ၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် သတင်းစာရှင်းလင်းပွဲ စီစဉ်သူသည် သတင်းရှင်းလင်းပွဲအတွက် ဖုန်းဖြင့်ဖိတ်ကြားစဉ်ကပင် ကင်မရာလက်ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် လက်ဆောင်ယူမည်မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း၊  ၎င်းတို့အနေဖြင့် ကင်မရာလက်ဆောင်ရယူခဲ့ခြင်း မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်တွင်း စာနယ်ဇင်းလောကအတွင်း သတင်းသမားများကို လက်ဆောင်ပေးခြင်းဖြင့် လာဘ်ထိုးခြင်းများမှာ သတင်းမီဒီယာများ မဖွံ့ဖြိုးမီအချိန်ကပင် ရှိနေခဲ့ပြီး အမြစ်တွယ်နေခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။  သတင်းမီဒီယာများ ဖွံ့ဖြိုးလာခဲ့ပြီး ၂၀၀၅ ခုနှစ်အချိန်နောက်ပိုင်းတွင် သတင်းထောက်များ လက်ဆောင်ပစ္စည်းရယူခြင်းသည် ကျင့်ဝတ်နှင့် မလျော်ညီသည့်အတွက် သတင်းမီဒီယာကြီးအချို့မှ ရှောင်ကြဉ်ခဲ့ကြသော်လည်း လက်ဆောင်ပေးခြင်းနှင့် လက်ဆောင်ယူခြင်းများမှာ ဆက် လက်ရှိနေခဲ့ပါသည်။

Eleven Media Group အနေဖြင့် စတင်တည်ထောင်စဉ်ကပင် သတင်းစာသမားများလိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး အလေးထားရေးသားခဲ့သည့်အပြင် ၂၀၀၅ခုနှစ် Weekly Eleven News  သတင်းဂျာနယ်ထွက်ရှိပြီးချိန်မှ စတင်၍လည်း သတင်းထောက်များ လက်ဆောင်ပစ္စည်းရယူခြင်းသည် ကျင့်ဝတ်နှင့် လုံးဝလျော်ညီခြင်း မရှိသည့်အတွက် မယူသင့်ကြောင်း အပါအ၀င် သတင်းစာကျင့်ဝတ်ဆိုင်ရာသတင်းဆောင်းပါးများကို ဆက်တိုက်ရေးသားခဲ့ပြီး Eleven Media Group သတင်းထောက်များကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြပ်မတ်မှုများ ပြုလုပ်ခဲ့ပါသည်။  Eleven Media Group မှ စတင်တည်ထောင်စဉ်ကပင် သတင်းထောက်များလိုက်နာရန် စည်းကမ်းများ ထုတ်ပြန်ထားပြီး အဆိုပါစည်းကမ်းများတွင် ''ပွဲများ တက်ရာတွင် အရက်သေစာ သောက်စားခြင်းမပြုရန်နှင့် လက်ဆောင်ပစ္စည်း မယူရန်''မှာလည်း အချက်တစ်ချက်အဖြစ် ပါဝင်ခဲ့ပါသည်။

ထို့အပြင် သတင်းထောက်များ လက်ဆောင်ရယူခြင်း အပါအ၀င် စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် စပ်ဆက်ပြီး Eleven Media Group မှ ရေးသားခဲ့သော ဆောင်းပါးများ အနက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ် Weekly Eleven News   ဂျာနယ်အတွဲ ၂၊ အမှတ် ၄၇ ၌ ရေးသားခဲ့သော ''စာနယ်ဇင်းသမားတို့ မည်သည် မိမိတို့ ရသင့်ရထိုက်သည့် ငွေကြေး အခွင့်အရေးမှလွဲ၍ ကံစမ်းမဲ၊ ငွေကြေးအစရှိသည့် တံစိုးလက်ဆောင်ကဲ့သို့ အခြားအခွင့်အရေးများ မယူသင့်ဟူသော ကျင့်ဝတ်ကို စောင့်ထိန်းသင့်'' ဆောင်းပါးမှာ အထင်ရှားဆုံး ဖြစ်ခဲ့ပါသည်။

အဆိုပါ သတင်းဆောင်းပါးတွင် ၀ါရင့်သတင်းစာဆရာများဖြစ်သော လူထုဦးစိန်ဝင်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ မြန်မာ့အလင်း သန်းညွှန့် အစရှိသူတို့ အပါအ၀င် သတင်းစာသမားအများအပြားက တံစိုးဆိုသည့်သဘောပါဝင်သော လက်ဆောင်(သို့မဟုတ်) အခွင့်အရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေရယူခြင်းသည် ဂျာနယ်လစ်များ၏ အကျင့်သိက္ခာကို ပျက်ပြားစေခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

လက်ရှိအချိန်တွင် သတင်းမီဒီယာကြီးများ၏ သတင်းထောက်များအကြား လက်ဆောင်ရယူသည့် အလေ့အထမှာ ထိုက်သင့်သလောက် နည်းပါးသွားခဲ့ပြီ ဖြစ်သော်လည်း ယခင်က ''ပုဆိုးပေးမှ သတင်းရေးမည်''ဟူသော အသံထွက်ပေါ်ခဲ့သည့် အနုပညာသတင်းထောက်များ၊ အထူးသဖြင့် မန္တလေးနှင့် နယ်အလွတ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။

ထပ်မံသိရှိရသော သတင်းများအရ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ် သက်သော ရှင်းလင်းပွဲသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင်ပေးသည့် ကင်မရာများကို ယူသွားသူအတော်များများက အဆိုပါကင်မရာများကို ပွဲစီစဉ်သူ ဂျာနယ်လစ်ထံ ပြန်အပ်လိုက်ကြကြောင်း သိရှိရပါသည်။
အခြားတစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ သတင်းထောက်များအား တံစိုးလက်ဆောင် ပေးအပ်ခြင်းဖြင့် စည်းရုံးခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရပါသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ရန်ကုန်အခြေစိုက် သတင်းထောက်များကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စီမံကိန်းရုံးသို့ ခေါ်ယူပြီး စက်တင်ဘာလ၂၆ ရက်နေ့တွင်  ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်းကိုရပ်နားမည် မဟုတ် ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Eleven Media Group

0 comments: