စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, October 1, 2012

လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှသဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ။

(သတင်း/ဓါတ်ပုံ - လင်းဆက်) 

လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှသဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ရွှေဂုံ တိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉း၀၀ အချိန်တွင် စတင်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်၊

 အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်တဲ့သူများ၊ ဥပဒေပညာရှင်များ၊ စီမံကိန်းအင်ဂျင်နီယာများ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဒေသခံများ စုစုပေါင်း ဧည့်ပရိသတ်ပေါင်း (၅၀၀) ခန့်တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားကို ၁း၀၀ အချိန်ခန့်တွင်အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။



အဆိုပါ အခမ်းအနားတွင် ၈၈ -ကျောင်းသားခေါင်းဆောင်ဖြစ်သော ကိုမင်းကိုနိုင်မှ “လက်ပန်းတောင်း တောင်စီမံကိန်းတစ်ခုထဲတင်မကပါဘူး။ ကျွန်တော်တို့နောက်ထပ် နောက်ထပ် တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးမှာ ပြဿနာတွေများစွာ လိုက်ရှင်းနေရတာနဲ့ တကယ့်တကယ်အရေးကြီးတဲ့ပြောင်းအလဲကို ကျွန်တော်တို့အာရုံ လစ်ဟင်းသွားမှာကိုလဲ အင်မတန်မှစိုးရိမ်ပါတယ်။ ဆန်စင်ရာကျည်ပွေ့လိုက်သလို့လိုက်ရင်းနဲ့ ကျွန်တော်တို့အားလုံရဲ့အားတွေ၊ အချိန်တွေကို အဲဒီမှာဖြုန်တီးလိုက်ရတာမျိုး မဖြစ်ရအောင် ဗျူဟာကျကျ စဉ်းစားရပါမယ်” စစ်အစိုးရ လက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကို ရှင်းရှင်း လင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။

 သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့်ရှိရပါမယ်၊ အရင်အစိုးရလက်ထက်က တိုးတိုးတိတ်တိတ် လက်မှတ်ထိုးထားတဲ့ ကိစ္စတွေကို ပြည်သူတွေက ခေါင်းငုံ့ခံမှာ မဟုတ်သလို နောင်ပြုလုပ်မဲ့စီမံကိန်းများကို ယခုမှစ၍ အများပြည်သူကို ပွင့်လင်းမြင်သာစွာချပြရန် တောင်းဆိုသွားခဲ့သည်။

 ထို့နောက် လက်ပန်တောင်းတောင် ကြေးနီထုတ်လုပ်မှု စီမံကိန်းကို ရပ်ဆိုင်းရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပညာရှင်များနှင့် လက်ပန်တောင်းတောင်အနီးရှိ ဒေသခံ အချို့က ပြောကြားခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဒေါ်ဒေ၀ီသန့်စင်ကတော့ "နိုင်ငံတော် အသစ်ကို တကယ်သွားတော့မယ်ဆိုရင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို တကယ်နားထောင်ဖို့လိုတယ်။

 ဒါ့ကြောင့် ဒီနေ့ပြည်သူ့ဆန္ဒကို ထုတ်ဖော်လိုက်တာပဲ"ဟု ပြောကြားခဲ့ပါသည်။ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ဆိုလျင်လည်း ယခုကဲ့သို့သောဖြစ်ရပ်များကို ကြုံနေ ရခြင်းမှာ သက်ဆိုင်ရာအာဏာပိုင်များအနေနှင့် ၎င်းတို့ ထုတ်ပြန်ထားသောဥပဒေများကို ၎င်းတို့ ကိုယ်တိုင် လိုက်နာမှု မရှိခြင်းကြောင့်သာဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

0 comments: