ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ဥရုချောင်း တစ်ဖက်ကမ်းရှိ
ဘုရားကုန်းနှင့် စစ်တပ်ကုန်း တစ်ဝိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ
စတင်ပြီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း
သိရှိရပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ် ၃၀ ကြာချိန်အထိ လက်နက်ကြီး၊
လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း လုံးခင်းဒေသခံ တစ်ဦးက ပြောပါသည်။
ယခုအချိန်တွင် စစ်တပ်ကုန်းအနီးတွင် ရှိနေသော စာသင်ကျောင်းမှ
ကျောင်းသားများကို မိဘများ ကိုယ်တိုင် လာရောက် ခေါ်ဆောင်ကြရန် ဆရာများမှ
အသံချဲ့စက်ဖြင့် ကြေညာနေသဖြင့် မိဘများ ကိုယ်တိုင် သွားရောက်
ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား ၃၀၀၀ ကျော်ခန့်
ပညာသင်ယူနေကြောင်း သိရသည်။
ယခုအချိန်တွင် စစ်တပ်ကုန်းအနီးတွင် ရှိနေသော စာသင်ကျောင်းမှ ကျောင်းသားများကို မိဘများ ကိုယ်တိုင် လာရောက် ခေါ်ဆောင်ကြရန် ဆရာများမှ အသံချဲ့စက်ဖြင့် ကြေညာနေသဖြင့် မိဘများ ကိုယ်တိုင် သွားရောက် ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား ၃၀၀၀ ကျော်ခန့် ပညာသင်ယူနေကြောင်း သိရသည်။
Posted in: သတင်း











0 comments:
Post a Comment