စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, October 2, 2012

မီးသတ်ဦးစီးဌာန ညွှန်ချုပ် သိစေရန်တိုင်ကြားခြင်း (ပေးစာ)

 
နေပြည်တော် မီးသတ်ဦးစီးဋ္ဌာနမှူးရုံး ကွတ်ကဲမှုအောက်ရှိ ပုဗ္ဗသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းမှ ဦးစီးအရာရှိ ဦးသိန်းဇော်သည် မိမိ လက်အောက်အရာရှိဒုဦးစီးမှူးဦးစိုးသန်းအားတပ်ဖွဲ့ဝင်များ၏ အရှေ့တွင်တပ်ဖွဲ့ဝင်အချို့နှင့် အတူ အင်္ကျီဆွဲပြီး မျက်နှာအား လက်သီးဖြင့် ဝိုင်းဝန်းထိုး ကြိတ်မှု သည် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းတွင် (၃.၉.၂၀၁၂) နေ့တွင် ဖြစ်ပွားခဲ့ပါသည်။

ထိုအချိန်တွင် မိမိကိုယ်ကို ကာကွယ်ရင်းပြန်လည်ခုခံရန်ကြိုးစားသောဒုဦးစီးမှူးအား တပ်ဖွဲဝင်အချို့မှ
ဝိုင်းဝန်းဆွဲထားပြီး ထိုးကြိတ်မှုကြောင့်ဦးစိုးသန်း၏ နဖူး၊ ဒူးဆစ်တို့တွင်ဒဏ်ရာများရရှိခဲ့ ပါသည်။

ကိုယ်ထိလက်ရောက်ကျူးလွန်သူဦးစီးအရာရှိ နှင့်အတူဝိုင်းဝန်းထိုးကြိတ်ရာ တွင် ပါဝင်သော တပ်ဖွဲ့ဝင် ၃ ဦးအား ထိရောက်စွာ အပြစ်ပေးအရေးယူပါရန် အထက်ဌာနမှလူကြီးများသိရှိရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

၎င်းအရာရှိ ဦးသိန်းဇော်ဝင်းသည် နိုင်ငံပိုင် မီးသတ်ယာဉ် (၅ဂ/၄၉၀၉)ဖြင့် တပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်း ပြီး ရေရောင်းချခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေတစ်ခေါက်လျှင် (၁၅၀၀၀ မှ ၂၀၀၀၀ )ထိယူပြီးအခေါက်ရေ (၁၀၀)ကျော် ငွေကျပ် (၁၈)သိန်း အား မိမိသဘောဖြင့် ထင်ရာသုံးစွဲပြီးအထက်လူကြီး ကို တင်ပြ ဆောင် ရွက်ခြင်း မရှိသည့်အပေါ် စီစစ် အရေးယူပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

၎င်းအခြေအနေကို PE အဖွဲ့ဥက္ကဋ္ဌ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းမြင့်မှလာရောက်စစ်ဆေး ရာတွင် အဖြစ်မှန်အား ပေါ်ပေါက်အောင် စစ်ဆေးခဲ့ခြင်းမရှိပဲပြုလုပ်သူဘက်မှ ဘက်လိုက်ပြီး စစ်ဆေးဆောင်ရွက်ခြင်းကြောင့် အထိုးခံရသူ ဒုဦးစီးဦးစိုးသန်းမှာ နစ်နာမှုများဖြစ်ရပါသည်။

သို့ဖြစ်ပါသောကြောင့် ထိုးကြိတ်ခံရသူ ဒုဦးစီးမှူးကို ပြန်လည်အပြစ်ပုံချပြီး မမှန်မကန်စစ်ဆေးမှု အား အထက်လူကြီးအဆင့်ဆင့်မှ သိရှိနိုင်ပါရန်နှင့် အဖြစ်မှန်ပေါ်ပေါက်ရေးအားအရေးယူ ဆောင်ရွက်ပေး ပါရန်ရိုသေလေးစားစွာတင်ပြအပ်ပါသည်။

အမှန်လိုလားသူတဦး
 

0 comments: