စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 26, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၆ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း တွေ့ဆုံကြသည်။


ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တင်ဆောင်လာသည့်ကား တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်ခြံတွင်း ၀င်ရောက်သွားစဉ်

"ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက အလုပ်သဘောလုံးဝ မပါပါဘူး။
ကျွန်တော်တို့က ၁၉၈၈၊ ၁၉၈၉ခုနှစ် မှာ တွေ့ခဲ့ကြပေမယ့်
ဒီနောက်ပိုင်း ကျွန်တော်တို့ အပြင်မှာ ရှိနေချိန်မှာ အန်တီက
နေအိမ်အကျယ်ချုပ်ဖြစ် နေ၊ အန်တီက အပြင်မှာရှိနေတဲ့
အချိန်မှာ ကျွန်တော်တို့က ထောင်ထဲ ရောက်နေနဲ့
ကျွန်တော်တို့တွေ မဆုံ ဖြစ်ခဲ့ကြပါဘူး။ အခုမှ ပြန်ဆုံကြရ တာပါ။
ကွဲကွာနေတဲ့ မိသားစုဝင် တွေ ပြန်တွေ့ကြတဲ့သဘောပါပဲ။
ည နေ ခြောက်နာရီကနေ ရှစ်နာရီအထိ နှစ်နာရီလောက်
တွေ့ခဲ့ကြပါတယ်။ အန်တီက ကျွန်တော်တို့ကို ညစာနဲ့
ဧည့်ခံခဲ့ပါတယ်။ နောက်ပြီး ယော လုံချည်တစ်ထည်စီ
လက်ဆောင်ပေးခဲ့ပါတယ်။ ထောင်ထဲက အတွေ့အ ကြုံတွေကိုပဲ ရယ်ရယ်မောမောပြန် ပြီး ပြောဖြစ်ခဲ့ကြပါတယ်" ဟု
၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်တစ် ဦးဖြစ်သည့်
ကိုမြအေးက ပြောပြခဲ့ ပါသည်။

အဆိုပါတွေ့ဆုံမှုသို့ ၈၈ မျိုး ဆက်ကျောင်းသားကိုးဦး
တက်ရောက် ခဲ့ပြီး တွေ့ဆုံခဲ့ကြသူများမှာ ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊
ကိုဌေးကြွယ်၊ ကိုအောင်သူနှင့် ကို ပဏ္ဍိတ်ထွန်းတို့ဖြစ်ကြကြောင်း
သိရှိ ရပါသည်။

လုပ်ချလိုက်ပြန်ပြီ......



ရိုင်းသွားပါပြီ ခင်ဗျာ .... အလွန်ကို ဒေါ်ခင်မမ (Hot News CE) ရိုင်းသွားပါပြီ .... ဒါပဲ ကျုပ်ပြောချင်ပါတော့တယ် ....

အဂ္ဂမဟာ ဒီမိုဖက်တီး- facebook မှ

မဟာချိုင်က အလုပ်ဖြုတ်မှု


ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသရောက် အလုပ်သမား နှစ်ရာကျော် အလုပ်ဖြုတ်ခံရပါတယ်။ အကြောင်ငးစုံကို ဧရာဝတီရုပ်သံသတင်းမှာ တင်ဆက်ထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မီလောင်ပေါက်ကွဲမှု အဓိကအကြောင်းအရင်း စစ်ဆေးတွေ့ရှိ



ပြီးခဲ့တဲ့လကုန်ပိုင်း ရန်ကုန်မှာ မီးလောင်တုန်းက ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားပြီး လူအများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ အကြောင်းရင်းကို ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ဓာတုပစ္စည်း ၁၀၇ တန်၊ ပရဆေးမျိုးစုံ ၈၈ တန် ဓာတ်ပြုပြီး ပေါက်ကွဲခဲ့တာ တဲ့။

Monday, January 23, 2012



ခေတ် နောက် ပြန် ဆွဲ ပြီး ၊ ယ နေ့ ခောတ် လူငယ် တွေ ကို ပါ စော်ကားတဲ့ အယူအဆ မို့ 
သူငယ်ချင်း တွေ ကြား ဖြန့် ဝေ ပြီး အပြင်း အထန် ဝေဖန် ကန့်  ကွက် ပါ။ နိုင်ငံရေး ပါတီ
တစ်ခု အနေ နဲ့  ဒီလို မရေး သင့် ပါဘူး။ အဲဒီလို ပြောရင် အိမ် နီးချင်း ထိုင်း နိုင် ငံ ဟာ နိုင်
ငံ ပျောက် တာ ကြ လှ ပေါ့ ။ လက် လွတ် စံပယ် ရေးတယ် လို့  ခေါ် ပါတယ်။

FREEDOM NEWS GROUP

အရေးပါသော တောင်ကာရိုလိုင်းနား အကြိုရွေးကောက်ပွဲတွင် နယူတန်ဂင်းဂရစ်ခ်ျ အနိုင်ရ

ဇန်န၀ါရီလ ၂၁ ရက်နေ့က နယူတန်ဂင်းဂရစ်ခ်ျနှင့် ဇနီးဖြစ်သူ ကယ်လစ္စတာ ဂင်းဂရစ်ခ်ျတို့ အောင်ပွဲခံနေကြစဉ်
အရေးပါသော တောင်ကာရိုလိုင်းနားပြည်နယ် ရီပတ်ဘလီကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နယူတန်ဂင်းဂရစ်ခ်ျက အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အကြိုရွေးကောက်ပွဲတွင် ရေပန်းစားနေသည့် မက်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နေကို ဂင်းဂရစ်ခ်ျက အပြတ်အသတ် အသာရခဲ့ခြင်းဖြစ်သည်။

၂၀၁၂ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီဘက်မှ လက်ရှိသမ္မတ ဘာရက်အိုဘားမားနှင့် ယှဉ်ပြိုင်မည့် ရီပတ်ဘလီကန် သမ္မတလောင်းကို ရွေးချယ်ရန် အကြိုရွေးကောက်ပွဲများကို ပြည်နယ်အသီးသီးတွင် ကျင်းပနေခြင်းဖြစ်ပြီး တောင်ကာရိုလိုင်းနားမှာ တတိယမြောက် ပြည်နယ်ဖြစ်သည်။

ကျင်းပခဲ့သော အိုင်အိုဝါနှင့်နယူးဟမ်ရှိုင်းယား အကြိုရွေးကောက်ပွဲများတွင် စတုတ္ထနေရာ၌သာရပ်တည်ခဲ့သော ဂင်းဂရစ်ခ်ျသည် ပြိုင်ပွဲမှထွက်ရတော့မည်ဟု လေ့လာ သူအများစုက မှတ်ယူထားခဲ့ကြသော်လည်း တစ်ကျော့ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

မဲ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ဂင်းဂရစ်ခ်ျက မဲ ၄၀ ရာ ခိုင်နှုန်းရခဲ့ပြီး ရွမ်နေက ၂၇ ရာခိုင် နှုန်း၊ အထက်လွှတ်တော်အမတ်ဟောင်း ရစ်ဆန်တိုရမ်က ၁၇ ရာ ခိုင်နှုန်း၊ တက္ကဆက် အောက်လွှတ်တော်အမတ် ရွန်ပေါလ်က ၁၃ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု မဲရုံအထွက် စစ်တမ်းကောက်ယူမှုများက ဖော်ပြသည်။ ဂင်းဂရစ်ခ်ျသည် တောင်ကာရိုလိုင်းနားတွင် ပြုလုပ်ခဲ့သော သမ္မတလောင်းများ၏ စကားစစ်ထိုးပွဲနှစ်ခုတွင် သိသိသာသာ အသာရခဲ့သောကြောင့် ရုတ်ချည်းထောက်ခံမှုမြင့်သွားကာ အနိုင်ရသွားခြင်းဖြစ်သည်။

ရီပတ်ဘလီကန်ပါတီ သမိုင်းတစ်လျှောက်တွင် အစောဆုံးအကြို ရွေးကောက်ပွဲသုံးခု၌ မတူညီသော သမ္မတလောင်းသုံးဦး (အိုင်အိုဝါတွင် ဆန်တိုရမ်၊နယူးဟမ်ရှိုင်းယားတွင် ရွမ်နေ၊တောင်ကာရိုလိုင်းနားတွင် ဂင်းဂရစ်ခ်ျ) အနိုင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ၁၉၈၀ ပြည့် နှစ်နောက်ပိုင်းတွင် တောင်ကာရိုလိုင်းနားတွင် နိုင်သောသူသည် ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်လေ့ရှိ သည်။ မစ်ရွမ်နေ၏ သိသိသာသာ ဦးဆောင်နေမှုကို ချေဖျက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ စတုတ္ထပြည်နယ်အဖြစ် ဖလော်ရီဒါတွင် ဇန်န၀ါရီလ ၃၁ ရက်နေ့၌ အကြိုရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

Ref;CNN

သမ္မတဆာလက်ဟ် တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် ဥပဒေ ယီမင်ပါလီမန်အတည်ပြု


ဇန်န၀ါရီလ ၂၁ ရက်နေ့က ဆာလက်ဟ်ကို တရားစွဲဆိုမှု ကင်းလွတ်ခွင့်ပြုသည့် ဥပဒေအတည်ပြုရေး လွှတ်တော်တွင် လက်ထောင်မဲခွဲဆုံးဖြတ်နေစဉ်

သမ္မတဆာလက်ဟ်အား တရားစွဲဆိုခံရခြင်းမှ လုံးဝကင်းလွတ်မှုကို သေချာစေသည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်အား ယီမင်ပါလီမန်က ဇန်န၀ါရီလ ၂၁ ရက်နေ့က အတည်ပြုပေးခဲ့သည်။

ဆာလက်ဟ်က ၎င်း၏လက်ထောက်များကို အရေးယူခံရခြင်းမှ တစ်စိတ်တစ်ပိုင်း အကာအကွယ်ပေးရန်အတွက် တိကျသော အပြောင်းအလဲများပြုလုပ်ရန် တောင်းဆိုနေသဖြင့် ဥပဒေအတည်ပြုရေးမှာ သီတင်းပတ်များစွာ နှောင့်နှေးခဲ့သည်။

တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အတွက် အပြန်အလှန်အနေဖြင့် နိုင်ငံကို ၃၃ နှစ်ကျော်အုပ်ချုပ်ခဲ့သော ဆာလက်ဟ်သည် လာမည့်လတွင် ရာထူးမှဆင်းပေးရမည်ဖြစ်သည်။

ဆာလက်ဟ်အား တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်ဥပဒေသည် နိုင်ငံအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ယခုအခါပြည်သူများအနေဖြင့် ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုး တက်မှုကို မျှော်ကြည့်နိုင်ပြီဖြစ်ကြောင်း ယီမင်ပြန်ကြားရေးဝန်ကြီး အလီအယ်လ်အမ်မရာနီက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နိုင်ငံကို သမ္မတသစ်တစ်ဦးက ဦး ဆောင်တော့မည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ဥပဒေအတည်ပြုခဲ့ သည့်အပြင် ဒုတိယသမ္မတ အက်ဘဒူရာဘူဟာဒီအား သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းထားခြင်းကို လည်း ပါလီမန်က လက်ခံခဲ့သည်။

တရားစွဲဆိုမှု ကင်းလွတ်ခွင့်ပြုသည့်ဥပဒေသည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ အာဏာလွှဲပြောင်းရေး သဘောတူညီချက်တွင် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။ အာဏာလွှဲပြောင်းရေး သဘောတူညီချက်ကို ယီမင်ရှိ အတိုက်အခံပါတီများက လက်ခံကြိုဆိုခဲ့သော်လည်း လူငယ်ဆန္ဒပြသူများနှင့် နိုင်ငံတကာ အခွင့်အရေးအုပ်စုများကမူ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားလျက်ရှိသည်။ ဇန်န၀ါရီလ ၂၁ရက်နေ့က ပြည်နယ် ၁၃ ခုတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Ref:CNN

အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် မည်မျှအချိန်ယူရမည်ဆိုသည်ကို ခန့်မှန်းရခက်ကြောင်း ဂျွန်မက်ကိန်း ပြောကြား




မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် အထက်လွှတ်တော်အမတ်လေးဦးသည် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အဆိုပါနေ့ ညနေ ၆နာရီ ၁၅မိနစ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင်အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၊ ဂျိုးလီဘာမင်၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့က မြန်မာနိုင်ငံအပေါ် အ မေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားမှု၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံဆက်ဆံရေး၊ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၊ နိုင်ငံတွင်းဖြစ်ပွားနေသည့် တိုင်းရင်းသားလူမျိုးများနှင့် ပဋိပက္ခအရေး၊ အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စသည့်အကြောင်းအရာများကို တစ်ဦးချင်းစီ ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက''အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့အတွက် ဘယ်လောက်အချိန်ယူရမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါက တိုး တက်ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါ။ ပထမဦးဆုံး အဓိကခြေလှမ်းကတော့ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၊ ဂျိုးလီ ဘာမင်၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့သည် နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း ဇန်န၀ါရီလ ၂၂ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် လေ့လာသူများ ခွင့်ပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံသူတစ်ဦးဖြစ်သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန် - မြန်မာ သံတမန်ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။
ELEVEN MEDIA GROUP

မရမ်းကုန်းမြို့နယ်ရှိ စိန်မောင်ရုပ်ရှင်စတူဒီယိုဟောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား




ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်း အမှတ် ၆ ရှိ စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်းတစ်ခု ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ စိန်မောင်ရုပ်ရှင်စတူဒီယိုကို လက်ရှိတွင် ဇာထိုးပန်းထိုး လုပ်ငန်းတစ်ခုအား ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ "ကျွန်တော်က ဒီခြံနားက High Land Lodge Hotel ပိုင်ရှင်ပါ။ ကျွန်တော်တစ်ရေးနိုးတော့ အုန်းအုန်းဆိုတဲ့ အသံတွေကြားလို့ ကြည့်လိုက်တော့ မီးလောင်နေတာ ဖြစ်နေတယ်။ ဒါနဲ့ဖုန်းဆက်အကြောင်းကြားပေမယ့် ဆက်သွယ်လို့ မရတာနဲ့ ဂိုဒေါင်က လူတွေကားနဲ့သွားပြီး အကြောင်းကြားရတယ်။ အရင်က ရုပ်ရှင်စတူဒီယိုဟောင်းကြီးပါ။ အခုတော့ ဇာထိုး ပန်းထိုးလုပ်ငန်းကို ငှားထားတာပါ။ ရုပ်ရှင်စက်ပစ္စည်းအဟောင်းတွေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စက်ပစ္စည်း တွေရှိပါတယ်။ အသံလုံဖို့အတွက် အသုံးပြုထားတဲ့စပါးခွံတွေလည်း ရှိသေးတယ်။ စက်ရုံတစ်ခုလုံးတော့ အားလုံးလောင်ကျွမ်းသွားတယ်"ဟု စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်း ပိုင်ရှင်၏သားဖြစ်သူ ဦးတင်ထွဋ်က ပြောပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၃၃ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား အနုပညာSurviving Beauty” ဟောပြောပွဲမှ"ဘာဘာညာညာဇာဂနာ"(ရုပ်/သံ)


စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား အနုပညာSurviving Beauty” ဟောပြောပွဲမှ"ဘာဘာညာညာဇာဂနာ"

စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စက...င်္ာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
အပိတ်ပင်ခံရတဲ့ ဇာတ်ကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့အတွက် အဲဒီဇာတ်ကားတွေကို ပြသခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင်ဒါရိုက်တာ လူရွှင်တော် ကိုဇာဂနာက RFA ကို ပြောပါတယ်။(Rfa)
ရသအလင်း ဖောင်ဒေးရှင်းမှ မကြာမှီ သေသပ်လှပစွာရိုက်ကူးထားသော ဟောပြောပွဲ အစအဆုံး အခွေကိုရောင်းချမှာ ဖြစ်လို့ အားပေးကြပါ ရရှိသောငွေများကိုလှူဒါန်းမှုမှ­ာ သုံးစွဲသွားမယ်လို့  သိရပါတယ်


နယူးယောက်မှာပြုလုပ်မဲ့ဇာဂနာရဲ့စကားပြောပွဲ(maungthuya Facebook)

Friday, January 20, 2012

၈၈-မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

၈၈မျိုးဆက်ကျောင်းသားများက လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုသိရှိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီ ထိ တော်ဝင်စင်တာ ၇-လွှာတွင် ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ ၈၈-မျိုးဆက် ကျောင်းသားတွေရဲ့ ရှေ့လုပ်ငန်းစဉ် တွေကို စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုလုပ်ပြီး ပြည်သူအားလုံးကို အသိပေးသွားဖို့ စီစဉ်ရတာပါ” ဟု အဆိုပါ အဖွဲ့မှ ကိုဌေးကြွယ် ကပြောသည်။

မင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အပါအဝင် ၈၈-မျိုးဆက်ကျောင်းသားများ သည် ဇန်နဝါရီ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာကြပြီးနောက် တစ်ပတ်အကြာတွင် ယခုကဲ့သို့ သတင်စာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ရေးသားသူ - D-မင်း,ကျော်သူ

YANGON MEDIA GROUP

စည်ပင်က အန္တာရယ်မရှိကြောင်း pass ပေး၍ ၈ ထပ်တိုက်တွင် နေသူများ နေထိုင်ခွင့် ပြန်ရ

မြို့တော် စည်ပင်က အန္တာရယ်မရှိကြောင်း pass ပေးလိုက်၍ ၈လွှာတွင် နေသူများ နေထိုင်ခွင့် ပြန်ရပြီဖြစ်ကြောင်းသိရသည်။ ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခန့်တွင်အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက်အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၃၆၇- ၈လွှာတွင် မြေနိမ့်ဝင်သွားမှုကြောင့် ၅ လက်မခွဲထိ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာကြောင်းသိရသည်။ “အခုချိန်မှာ လမ်းတွေပြန်ဖွင့်လိုက်ပါပြီ စည်ပင်က အန္တာရယ်မရှိကြောင်း pass ရတာနဲ့ လူတွေက ၉နာရီခွဲ ဝန်းကျင်လောက်မှာ တိုက်တွေပေါ် ပြန်တက်ကုန်ပါပြီ။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှုး ဦးသင်းဌေးရွှေ က FLOWER NEWS သို့ ပြောကြားသည်။
အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက်အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၃၆၇- ၈လွှာ မြင်ကွင်း

“အပေါ်က ဝိတ်များသွားလို့ မြေက ကျွံပြီးနိမ့်သွားတာ။ တိုက်ရဲ့နောက်ပိုင်းက နိမ့်သွားတယ်။ မီးသတ်ကတော့ ဘေးကင်းလုံခြုံဖို့အတွက်နဲ့ လိုအပ်ရင် အကူညီ ပေးနိုင်အောင်လို့ မီးသတ်အင်အား ၅၀ လောက် လွှတ်ထားပါတယ်။ကြက်ခြေနီတွေ ရဲတွေလည်း အကူအညီပေးကြပါတယ်။ ၂၀ဝ၇ ခုနှစ် တုန်းက ဆောက်ထားတဲ့ တိုက် တွေဖြစ်ပါတယ်။ အန္တာရယ်ရှိ အဆောက်အဦးတော့ မဟုတ်ပါဘူး။” ဟု ဦးသင်းဌေးရွှေ ကဆက်ပြောသည်။
တိုက် အက်ကွဲလာမှုအားမြင်တွေ့ရစဉ်

''သတင်းရတာက ည ၉ နာရီခွဲ သတင်းရတာနဲ့ အဖွဲ့တွေအားလုံးက ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီတိုက်ပေါ်မှာရှိတဲ့ မိသားစုခြောက်စု၊ လူဦးရေ ၃၉ ဦး၊ သူတို့ကို ဘေးကင်းရာ နေရာကိုရွှေ့ပြောင်းထားတယ်။ တချို့ကလဲ သူတို့တွေရဲ့ ဆွေမျိုးသားချင်းအိမ်မှာ သွားနေကြတယ်။ ဒီတိုက်ပတ်ဝန်းကျင်ရဲ့ ဘေးပတ်လည်မှာရှိတဲ့ မိသားစုတွေကိုလဲ ဒီအတိုင်းပဲ ဘေးကင်းရာကိုဖယ်ရှားထား တယ်။ သူတို့တွေကိုတော့ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ အထက(၁)နဲ့ အမက(၄) တွေမှာ နေထိုင်ခွင့်ပေးထားတယ်။ စဖြစ် တာက ဒုတိယအလွှာယာဘက်အနောက် ထောင့်အခြမ်းကနေ အက်သွားတယ်။ အဲလိုအက်သွားတဲ့အတွက် တိုက်ကြီးဟာ အရှေ့ဘက်ကို အနည်းငယ် ယိုင်ဆင်း သွားတယ်။ အားလုံးတော့ မပြိုကျနိုင် ဘူးလို့ ခန့်မှန်းတွက်ချက်ထားတာပဲ။ မြေ ကြီးအက်ကွဲတာမျိုး မဟုတ်ပါဘူး။ ဖြစ် နိုင်ချေကတော့ တိုက်ဆောက်တာ မခိုင် လုံလို့ဘဲ ပြောရမှာပေါ့။ အလုံမှာ ဒါမျိုး ဖြစ်ခဲ့တာတော့ မရှိခဲ့ပါဘူး။ ဒါပထမဆုံး ပါ''ဟု အလုံမြို့နယ်မှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောသည်။
တိုက် အက်ကွဲလာမှုအားမြင်တွေ့ရစဉ်

ယင်းတိုက်တွင်နေထိုင်သူ ပြည်သူ တစ်ဦးကလည်း “ကျွန်တော်က ဒီတိုက်မှာ ဌားနေတဲ့သူ တစ်ဦးပါ ။ ဒီလိုတိုက်ပြိုမယ်ဆိုတာ ကျွန်တော်တို့ တိုက်မှာ နေတဲ့သူတွေက သိတာမဟုတ်ပါဘူး။ဒီတိုက်နဲ့ကျောခြင်းကပ်လျက် အနောက်ဘက်တိုက် ကသူတွေအော်လို့ ဒီတိုက်ပေါ်ကလူတွေအားလုံး ဆင်းပြေကြတာပါ။ ကျွန်တော်က မီးလောင်တယ်ထင်လို့ ဘာမှ မယူနိုင်ခဲ့ဘူး ။ ဒီအတိုင်းပဲ ဆင်းပြေးလာပါတယ် အောက်ရောက်မှ တိုက်အနောက်ဖက်က အက်ကွဲကြောင်းကြီး ပေါ်တယ်ဆိုတာ သိလိုက်ရတယ်” ဟုပြောသည်။

ရေးသားသူ - Flower News Team

YANGON MEDIA GROUP

ပေါက်ကွဲမှုတွင် အသက်စွန့်သွားသော မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဇာတ်လမ်း ကန်တော့ပွဲပေးမည်

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကို အခြေခံပြီး ရိုက်ကူးမည့် မီးလျှံကြားကသွေးသစ္စာ မီးသတ်တပ်ဖွဲ့ဂုဏ်ပြု ဇာတ်လမ်း ကန်တော့ပွဲပေး အခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၉ နာရီတွင် မီးသတ်ဦးစီးဌာနရုံးချုပ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

မီးလောင်ပေါက်ကွဲမှု တွင် အသက်စွန့်သွားသော မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် မင်းဦး၊ မိုးယံဇွန်နှင့် လူငယ်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ စွန့်စွန့်စားစား ဆောင်ရွက်မှုများကို ထည့်သွင်းရိုက်ကူးမည် ဖြစ်သည်။ ယင်းဇာတ်ကားကိုဒါရိုက်တာ တုနှိုင်းခ က ရိုက်ကူးမည်ဖြစ်သည်။

ရေးသားသူ - D-မင်း

YAGON MEDIA GROUP

ဖေဖော်ဝါရီ ၇ ရက်တွင် အကယ်ဒမီပေးမည်


အစိုးရသစ် လက်ထက် ပထမဆုံးကျင်းပမည့် အကယ် ဒမီပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ရ ရက် တွင် ထူးခြားသော အပြောင်းအလဲများ ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ စတိတ်ဒီဇိုင်းအပြင်အဆင်များ ကို ဒီဂျစ်တယ်မက်ပင်ဖြင့် ပြုလုပ်မည်ဖြစ် ပြီး အကယ်ဒမီပေးပွဲ အခမ်းအနား ကျင်းပ နေစဉ်တွင် မီဒီယာများကို တိုက်ရိုက်သတင်း ယူ ခွင့်မပြုဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရ သည်။

''စတိတ်ဒီဇိုင်းအပြင်အဆင်ကို ဒီဂျစ်တယ်မက်ပင်နဲ့လုပ်မယ်။ ဆုရဇာတ် ကားတွေကို ပိတ်ကားနဲ့မပြတော့ဘူး။LED နဲ့ ပြမယ်။ နောက်ထူးခြားတာက မီဒီယာတွေကို တိုက်ရိုက်သတင်းယူခွင့် မပေးဘူး။ မီဒီယာ Room သီးသန့်ထား ပေးမယ်။ ကော်ဖီဆိုင်ထားပေးထားမယ်။ အရုပ်အသံရအောင် LED နဲ့ပြပေးမယ်။ နောက် ရိုက်ထားတဲ့ပုံတွေကို လိုချင်ရင် ယူလို့ရအောင် စီစဉ်ပေးမှာဖြစ်တယ်'' ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ အခမ်းအနားပြင်ဆင်ရန် အတွက် စက်ပစ္စည်းများကို ထိုင်းနိုင်ငံမှ ကွန်တိန်နာအလုံး ၂၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်က အကယ်ဒမီပေးပွဲများ ကို စနေနှင့် တနဂင်္နွေနေ့များတွင်သာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် အင်္ဂ࿿ါနေ့၌ ကျင်းပ မည်ဟု သိရသည်။

''၄ ရက်နေ့ တနဂင်္နွေက ပြင်ဆင် မှု အားလုံးမပြီးနိုင်ဘူး။ နောက်တစ်ပတ် တနဂင်္နွေက ပြည်ထောင်စုနေ့ဖြစ်နေတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ရ ရက် အင်္ဂ࿿ါနေ့ မှာ ကျင်းပမှာဖြစ်တာပါ'' ဟု အဆိုပါပုဂ္ဂိုလ် က ပြောသည်။ ၂၀၁၀ အကယ်ဒမီစာရင်းတွင် ဇာတ်ကား ၁၅ ကား ပါဝင်ပြီး ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်နှင့် လင်းဇာ နည်ဇော်တို့ အကယ်ဒမီ ရရှိနိုင်သည်ဟု တစ်ပြေးနေသည်။

ရေးသားသူ - အေးမြမြထွန်း

YANGON MEDIA GROUP

တရုတ်တွင် အင်တာနက်သုံးသူ ၅၁၃ သန်းအထိရှိလာ

တရုတ်တွင် အင်တာနက်သုံးသူအရေအတွက်မှာ ၅၁၃ သန်းမျှရှိလာခဲ့ပြီး ယင်းတို့အနက်မှ ထက်ဝက်ခန့်မှာ ပိတ်ဆို့မှုများကို ကျော်လွှားနိုင်သော နိုင်ငံတကာတွင်သုံးသည့် တွစ်တာမိုက်ခရိုဘလော့ဂ် နှင့်ဆင်တူသည့် ၀ီဘိုဆိုသော မိုက်ခရိုဘလော့ဂ်ကို သုံးကြကြောင်း တရားဝင်ထုတ်ပြန်သော စာရင်းဇယားများက ဖော်ပြသည်။

တရားမျှတမှုမရှိခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် အခြားမကျေနပ်ချက်များကို ဖွင့်ချပျံ့နှံ့စေရာတွင် ၀ီဘိုဟုခေါ်သောဘလော့ဂ်များသည် အထူးပင် ရေပန်းစားနေသည်။

၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူအသစ် ၅၆ သန်းမျှ တိုးပွားလာခဲ့ခြင်းကြောင့် ၅၁၃ သန်းအထိ ရှိလာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အများဆုံးပမာဏဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ၀ီဘိုသုံးစွဲသူမှာ ၆၃ သန်းသာရှိသော်လည်း ၂၀၁၁ အကုန်တွင် သန်း ၂၅၀ အထိ တိုးလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဝီဘိုဘလော့ဂ်စနစ်မှာ သတင်းအချက်အလက်များ၊ ဓာတ်ပုံများတင်ရာတွင် အထူးမြန်ဆန်လွယ်ကူသောကြောင့် အသုံးများလာခြင်းဖြစ်သည်။ တရုတ်ကျည်ဆန်ရထားတိမ်းမှောက် မှုသတင်းမှာလည်း ၀ီဘီုဘလော့ဂ်သုံးသူတစ်ဦးထံမှ စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ တရုတ်တောင်ပိုင်း ၀ူကန်ကျေးရွာတွင် မြေယာသိမ်းမှုများနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများ စတင်ပျံ့နှံ့ခဲ့သည်မှာလည်း ယင်းဘလော့ဂ်များမှဖြစ်ပြီး တရုတ်ခေါင်းဆောင်ပိုင်းက အာရုံစိုက်ကိုင်တွယ်ရသည်အထိဖြစ်ခဲ့ကာ ရွာသားများဆန္ဒအောင်မြင်ခဲ့သည်။

Ref;AFP

The Girl from Rangoon


အမေစု အတွက် ဆိုထားတာပါ




Song dedicated to Aung San Suu Kyi.
By Douglas Gattini, Chilean Folk Singer.
www.douglasgattini.com

တည်ဆဲဥပဒေများ၏ သုံးဆယ်ရာနှုန်းခန့် ဖျက်သိမ်းဖို့လိုအပ်ဟု ဥပဒေကြမ်းစိစစ်ရေးကော်မတီဝင်ကဆို

30 percents of current laws need to be demolished

ဇန်န၀ါရီ ၂၀၊ ၂၀၁၂ (YPI)

လက်ရှိကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေများအနက် သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ပြည်သူအတွက် လုံးဝအသုံးမ၀င်ဘဲ ဖျက်သိမ်းရန်လိုအပ်လျက်ရှိကာ ထက်ဝက်ခန့်မှာ ပြင်ဆင်ရန်လိုအပ်သော ဥပဒေများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းစိစစ်ရေး ကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးကဆိုသည်။

လက်ရှိကျင့်သုံးနေသည့် တည်ဆဲဥပဒေ စုစုပေါင်း ၂၁၀ ကျော်ရှိပြီး ၎င်းတို့အနက်မှ ၆၀ ကျော်မှာ ဖျက်သိမ်းရန်လိုအပ်ကာ၊ အခြားဥပဒေ ၉၀ ကျော်မှာလည်း ပြင်ဆင်ရေးဆွဲရန် လိုအပ်လျှက်ရှိကြောင်း၊ အသစ်ရေးဆွဲရန်လိုအပ်သော ဥပဒေကြမ်း ၆ ခုကိုလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ တင်သွင်းအဆိုပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ တည်ဆဲဥပဒေတွေကို လေ့လာတဲ့အခါမှာ၊ ဆက်ကျင့်သုံးသင့်တဲ့ဥပဒေ၊ ဖျက်သိမ်းရမယ့်ဥပဒေ၊ ပြင်ဆင်ဖို့လိုအပ်တဲ့ဥပဒေနဲ့ အသစ်ရေးဆွဲသင့်တဲ့ ဥပဒေဆိုပြီး အုပ်စုလေးခုတွေ့ရတယ်။ အများဆုံးကတော့ ပြင်ဆင်သင့်တဲ့ ဥပဒေပါ ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဥပဒေပညာရှင်ရှေ့နေ ဦးအောင်သိန်းက “ပြင်စရာ၊ ဖျက်စရာတွေကတော့ ပြောရရင်အများကြီးပဲဗျ။ ဥပမာ အီလက်ထရောနစ် ဥပဒေက ဖျက်သင့်တယ်၊ ပြင်ရုံတင်မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်၊ အီးမေးလ်ကို သုံးတဲ့သူတိုင်းက ဒီဥပဒေနဲ့ ငြိနိုင်တယ်။ အဲလို အသုံးမ၀င်တဲ့ ဥပဒေမျိုးတွေ၊ နောက် အရေးပေါ်အက်ဥပဒေ ဆိုတာတွေကို ဖျက်ကို ဖျက်သင့်နေပြီ” ဟု ၀ိုင်ပီအိုင်သို့ ပြောကြားသည်။

ဒေါက်တာမြတ်ဥာဏစိုးကလည်း ၎င်းတို့ဥပဒေကြမ်းစိစစ်ရေးကော်မတီအနေဖြင့် ဖျက်သိမ်းရန် ပြန်ဆင်ရန်ရှိသော ဥပဒေများကို ဖျက်သိမ်းပြင်ဆင်နိုင်ရန်ကြိုးပမ်းလျက်ရှိသကဲ့သို့ အသစ်ရေးဆွဲရန်လိုအပ်သော ဥပဒေများကိုလည်း ရေးဆွဲနိုင်ရန်အတွက် အစိုးရအဖွဲသို့တင်ပြထားကြောင်း၊ ထိုဥပဒေများ၏ အကောင်အထည်ဖော်မှု အခြေအနေကို လာမည့်လွှတ်တော်တွင် အစိုးရ၏ အာမခံချက်နှင့် ကတိက၀တ်စောင့်ကြည့်ရေးကော်မတီမှ စိစစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် အစိုးရ၏ အာမခံချက်နှင့် ကတိက၀တ်များ စောင့်ကြည့်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က “ ကျွန်တော်တို့ကော်မတီမှာ လုပ်ပိုင်ခွင့်ရှိပါတယ်၊ ကျွန်တော်တို့ကော်မတီကမေးရင် အစိုးရက လက်ရှိရောက်နေတဲ့ အနေအထားနဲ့ ပြီးစီးနိုင်မယ့် အချိန်ကိုပါ အတိအကျပြောဖို့ တာဝန်ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အသစ်ရေးဆွဲရန်အတွက် အစိုးရအဖွဲ့သို့ တိုက်တွန်းထားသော ဥပဒေများမှာ ကျန်းမာရေးအာမခံဥပဒေ၊ ကျန်းမာရေး သုတေသနကျင့်ဝတ်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေ၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးဥပဒေ၊ မူကြိုကျောင်းဥပဒေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဥပဒေတို့ ဖြစ်သည်။

လာမည့်ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်တတိယ ပုံမှန်အစည်းအဝေးတွင် လယ်ယာမြေဥပဒေကြမ်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေကြမ်း၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေကြမ်းနှင့် မီဒီယာဥပဒေကြမ်း များကို ဆွေးနွေးသွားမည်ဖြစ်သည်။ ။

Yangon Press International

အခြေအနေ မကောင်းတဲ့ ရန်ကုန်က ၈ ထပ်တိုက်



အလုံမြို့နယ် အထက်ကြည့်မြင်တိုင်လမ်းမကြီး အမှတ် ၃၆၇
ကန်တရိုက်တိုက်သစ်သည် ဇန်န၀ါရီ ၁၉ရက် ည ၉နာရီတွင် တိုက်အောက်ခြေ၏
အနောက်ဘက်ခြမ်းသည် မြေကြီးထဲ နိမ့်ဝင်ပြီး ၆လက်မ နီးပါ အက်ကွဲသွားကြောင်း
အဆိုပါ တိုက်တွင် နေထိုင်သူများထံမှ သိရသည်။

''ကြွိ ကြွိ ဆို အသံတွေ ကြားပြီး ပြိုကျသံတွေကြားတော့ ကျွန်တော်တို့
နောက်ဖေးကို ပြေးကြည့်လိုက်တာ နောက်ကတိုက်ကနေ ရေပိုက်တွေ ပြတ်ထွက်ကုန်တယ်၊ အက်ကွဲပြီး ပြိုကျနေတာတွေ့တော့ အဲဒီတိုက်ကို လှမ်းအော်ပြီး ပြောရတယ် "ဟု ဆင်စွယ်လမ်းတွင် နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ပထမထပ်မှ နောက်ကျောဘက်ခြမ်းမှ စတင်ပြီး ၄လက်မ၊ ၅လက်မ စတင် အက်ကွဲ ပြိုကျခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ၆လက်မထိ အက်ကွဲပြိုကျနေကြောင်း မြို့နယ်စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပေါ်တွင် နေထိုင်သူများနှင့် ဘေးပတ်ဝန်းတွင် နေထိုင်သူများ စုစုပေါင်း ၂၂၉ ဦးကို မြို့နယ် အတွင်းရှိ အ.မ.က ကျောင်းများတွင် ယာယီနေထိုင်ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

''ကျွန်တော်တို့ နောက်လမ်းကလူတွေလဲ မနေရဲလို့ အကုန်ဆင်းပြေးရတယ် ဆိုမှတော့ အဲဒီတိုက်ကလူတွေလဲ အ၀တ်တစ်ထည် ကိုယ် တစ်ခုနဲ့ အခုဆင်းနေကြတာ" ဟု အက်ကွဲပြိုကျနေသော တိုက် အနီးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အက်ကွဲပြိုကျနေသော နေရာကို မူလ တည်ဆောက်သည့် ဆောက်လုပ်ရေး ကုမဏီနှင့် စည်ပင်မှ တာဝန်ရှိသူများ ပြုပြင်နေသည်။

၈ထပ်တိုက် တစ်တိုက်လုံးကို ဖြိုချပြီး ပြန်လည် တည်ဆောက်ရန် မလွယ်ကူသဖြင့် အကြီးစားပြင်ဆင်ရန် စီစဉ်မည်ဖြစ်ပြီး သတ်ဆိုင်ရာ မြို့နယ်စည်ပင်၏ တိုက်၏ အခြေအနေ စစ်ဆေးမှုပေါ် မူတည်ပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း တိုက်ခန်းတွင် နေထိုင်သူများက ဆိုသည်။

အဆိုပါ တိုက်ကို CCG ဆောက်လုပ်ရေး ကုမဏီက လွန်ခဲ့သော ၄နှစ် နီးပါးက
တည်ဆောက်ထားခြင်းဖြစ်သည်။





အလုံမြို့နယ်မှ ယမန်နေ့ညကအက်ကြောင်းကြီးများဖြစ်ပေါ် ကွဲအက်ခဲ့သည့် ရှစ်ထပ်တိုက်၏ နောက်ဖေးခြမ်းအား ရှင်းလင်းဖယ်ရှားရန် ဖြိုဖျက်နေစဉ်

သတို့သမီး နာမည်မပါသော...........ဆွမ်းကျွေးဖိတ်စာ.......



ဖေ့စ်ဘုတ်မှာ တအံ့တသြ ဖြစ်နေကြတဲ့ မင်္ဂလာဆောင်သတင်း ဖြစ်ပါတယ်။
သတို့သမီးက ဘယ်သူပါလိမ့် တဲ့။
သတင်းထဲ ပျောက်နေတဲ့ သတို့သမီးဟာ ရဲမှူးကြီး မိုက်ကယ်လှမြင့်လား၊ ဒေါ်တင်တင်မြင့် ဆိုတာများလားလို့ တချို့ကလည်း ထင်ချင်နေကြတယ်။

နိုင်ငံခြားရေးအရာရှိကို ချွေးမ တော်မယ့် ၀ါဝါ၀င်းရွှေ ဆိုတဲ့ ပို့စ်မှာတော့ သတို့သမီးအမည်ကို စောစန္ဒီဇော် လို့ ဖော်ပြထားပါတယ်။

Megaupload.com ပိတ်သိမ်းခံရခြင်း


ကမ္ဘာပေါ်ရှိ ဖိုင်မျှဝေသော ဆိုဒ်တစ်ခုဖြစ်သည့် megaupload ကို ယခုကြာသပတေးနေ့က ပိတ်ခံလိုက်ရပါသည်။ ၎င်းဆိုဒ်ကို တည်ထောင်သူ၊ ကုမ္ပဏီဝန်ထမ်းများကိုပါ တရားမဝင်ရုပ်ရှင်၊ တေးသီချင်းနှင့် အခြားအရာများကို ဖြန့်ဝေမှုဖြင့် တရားစွဲဆိုထားသည်။

တရားစွဲဆိုသူများဘက်မှ megaupload.com သည် မူပိုင်ခွင့်ပိုင်ရှင်များကို အနည်းဆုံး ဒေါ်လာသန်း ၅၀၀ ဖိုးခန့် နစ်နာစေခဲ့သည်ဟုဆိုသည်။ ထိုအဖြစ်အပျက်သည် အမေရိကန် ကွန်ဂရက်တွင်ပြဌာန်းရန်ကြိုးစားနေသော အွန်လိုင်းမူပိုင်ခွင့်ဥပဒေသစ်ကို အွန်လိုင်းစွယ်စုံကျမ်း ဝီကီပီးဒီးယားအပါအဝင် အခြားသောဆိုဒ်များက ကန့်ကွက်ကြောင်းဆန္ဒပြပြီး နောက်တစ်ရက်တွင်ဖြစ်ပွားခြင်းဖြစ်သည်။

၎င်းကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက်ဖြစ်သော်လည်း အချို့သော မူပိုင်ခွင့်နှင့်ငြိစွန်းသည် အရာများမှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် Ashburn ရှိ ငှားရမ်းထားသောဆာဗာများတွင်ထားရှိကြောင်းတွေ့ရသည်ဟု အစိုးရဘက်မှ တာဝန်ရှိသူများကပြောကြားသည်။

တရားရေးဌာနမှ ထိုဆိုဒ်ကိုတည်ထောင်သူ Kim Dotcom (၃၇ နှစ်) နှင့်အတူ အခြားဝန်ထမ်း (၃)ဦးကို နယူးဇီလန် အောက်ကလန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။ တရားရုံးမှ ဟောင်ကောင်အခြေစိုက် ထိုကုမ္ပဏီနှင့်ဆက်နွယ်သည့် ဒိုမိန်း (၁၈)ခုကိုလည်း ပိတ်သိမ်းထားသည်။ တရားရေးဌာနမှ နိုင်ငံ (၉) နိုင်ငံအတွက် ရှာဖွေခွင့်ဝရမ်း (၂၀) ကျော်ထုတ်ပေးခဲ့ပြီး ဒေါ်လာ (၅၀) သန်းနီးပါးရှိ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။

တရားစွဲဆိုသူများဘက်မှ ထိုဆိုဒ်သည် မူပိုင်ခွင့်နှင့်ငြိစွန်းသည့် အရာများကို ဆိုဒ်ပေါ်တွင်တင်ရန် အားပေးထားသည်ဟုဆိုသည်။

ထိုဆိုဒ်တွင် အခပေးသုံးစွဲသူများအနေဖြင့် မူပိုင်ခွင့်နှင့် ငြိစွန်းသည့်အရာများကို တင်၍ထိုလင့်ခ်များမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့မျှဝေနိုင်လေသည်။ ထိုဆိုဒ်ရှိ အချို့သောဖိုင်များကို အခမဲ့ရယူနိုင်သော်လည်း၊ ဒေါင်းလုပ်မဆွဲခင် စောင့်ဆိုင်းမှုကို ရှောင်ရှားခြင်း၊ အချို့ဆိုဒ်ကြီးသောဖိုင်များကိုရယူခြင်း၊ မြန်နှုန်းမြင့် ဒေါင်းလုပ်ရယူခြင်းများ၊ ဖိုင်များစွာကို တစ်ပြိုင်နက် ဒေါင်းလုပ်ဆွဲခြင်းများအတွက်မူ အခပေးရန်လိုအပ်သည်။ ၎င်းဆိုဒ်တွင် မှတ်ပုံတင်အသုံးပြုသူ သန်း (၁၅၀) ကျော်ရှိပြီး နေ့စဉ်ဝင်ရောက်ကြည့်ရှုမှု သန်း(၅၀) ခန့်ရှိသော ဆိုဒ်ဖြစ်သည်။ ၎င်းအနေဖြင့် ကြော်ငြာများမှ ဝင်ငွေရှာဖွေရရှိသည်။

ထိုဆိုဒ်တွင် ဖိုင်များကိုလူတိုင်းရှာဖွေခွင့်မပေးထားခြင်း၊ လူသိများထင်ရှားသော မူပိုင်ခွင့်နှင့် ငြိစွန်းသည့် အရာများကိုလူတိုင်းရယူနိုင်သည့် ဖိုင်များစာရင်းတွင်ပယ်ဖျက်ထားခြင်းတို့ဖြင့် တရားဥပဒေကို လက်တစ်လုံးခြားလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

ဆိုဒ်တည်ထောင်သူများဘက်မှလည်း ၎င်းတို့ဆိုဒ်၏ သုံးစွဲမှုအများစုမှာ မူပိုင်ခွင့်နှင့်ကင်းလွတ်သောအရာများဖြစ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

MYANMAR SHARE - Facebook မှ

ပခုက္ကူ မြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လာင်း ရွေးချယ်ရေးနဲ့ ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်

ဇန်န၀ါရီ ၁၉၊ ၂၀၁၂ (YPI)

NLD မှ ပုခုက္ကူ မြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနှင့် ပတ်သက် ၍ ပါတီရုံးချုပ်မှ ရွေးချယ်ထားသူနှင့် မြို့နယ်မှ တင်ပြသူ ကွဲလွဲကာ အငြင်းပွားမှု ဖြစ်ပေါ်နေသောကြောင့်ဖြေရှင်းရန် အတွက်ညှိုနှိုင်းမည်ဖြစ်ကြောင်း ပခုက္ကူမြို့အောင်နိုင်ရေး ကော်မတီမှ အဖွဲ့ဝင် ဒေါက်တာကြည်မင်း ကပြောသည်။

အဆိုပါကိစ္စကို ရုံးချုပ်နှင့် ညှိုနှိုင်းရန်အတွက် အောင်နိုင်ရေးကော်မတီမှ အဖွဲ့ဝင်သုံးဦး ယနေ့ညနေတွင် ပခုက္ကူမှ ရန်ကုန်မြို့သို့လာရောက်မည်ဖြစ်သည်။

“ကျွှန်တော်တို့ ကတမြို့နယ်လုံး အများသဘောတူ လက်ခံထားတဲ့ ဦးလှိုင်အေးကို မရွေးပဲ ရုံးချုပ်ကဘာဖြစ် လို့ ဦးပိုက်ကို ကိုရွေးလိုက်တာလဲဆိုတာ သိချင်လို့ သွားမေးပြီးညှိုနှိုင်းမှာပါ၊ တဖက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမပါပါဘူး၊ ပြေပြေလည်လည်ပဲ ညှိုနှိုင်းမှာပါ” ဟု၎င်းကဆိုသည်။

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပခုက္ကူ ကိုယ်စားလှယ်လောင်းကို အောင်နိုင်ရေးရုံးက ဦးလှိုင်အေးကို ရွေးချယ်ထားပြီး ရုံးချုပ် မှ ထုတ်ပြန်သည့် ပခုက္ကူ ကိုယ်စားလှယ်လောင်းမှာ ဦးပိုက်ကို ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဦးပိုက်ကို ကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော် ဗဟိုက ပေးတဲ့တာဝန်အတိုင်းလုပ်ရတာပါ။ ဒီလိုတက်သုတ်လုပ်လိုက် ရတဲ့ အခြေအနေမှာ ဒေါ်စုက သူ့ Team ကို သူဖွဲ့လိုက်တဲ့အတွက် တဖက်ကလည်း ဒါကိုနားလည်ပေးနိုင်ရင် အကောင်းဆုံးပါပဲ” ဟုဆိုသည်။

ဦးပိုက်ကိုသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မင်း၏ ကိုယ်စားလှယ်ဖြစ်သည်။

ဦးလှိုင်အေးကမူ ဦးပိုက်ကိုကို ဗဟိုက ရွေးချယ်ထားခြင်းနှင့်ပတ်သတ်၍ “အောင်နိုင်ရေးရုံးကလူတွေ ကဗဟိုကို သွားပြောချင်တယ်ဆိုလို့ သွားကြတာပါ၊ ကျွှန်တော်ကတော့ ဗဟိုကရွေးတာဆိုလို့ ဘာမှအကြောင်းထူးမှာမဟုတ်ဘူးလို့ ထင်တယ်” ဟုဆိုသည်။
ဒေါက်တာကြည်မင်းကတော့ အဖွဲ့ချုပ်ကို နားလည်အောင်ပြောပြီး ၄င်းတို့ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းကို လက်ခံသွားရန် တိုက်တွန်းညှိုနှိုင်းမည်ဟု ဆိုသည်။

အဆိုပါ အငြင်းပွားနေသည့် ပခုက္ကူ ကိုယ်စားလှယ်လောင်းကိစ္စနှင့် ပတ်သတ်၍ NLD မှပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကတော့ ရောက်လာမည့် ပခုက္ကူ အောင်နိုင်ရေး ရုံးမှ အဖွဲ့ဝင်များနှင့် စေ့စပ်ဆွေးနွေးသွားမည် ဟုဆိုသည်။

“သူတို့နဲ့ အဆင်ပြေအောင်ညှိုနှိုင်းမှာပါ ။အခုလို ရွေးချယ်ထားတာက သေချာစဉ်းစားထားတယ်ဆိုတာ သူတို့ ကိုနားလည်အောင်ရှင်းပြမှာပါ၊ သူတို့က မြို့နယ်အဆင့်မှရွေးထားတယ်၊ကျွန်တော်တို့ က တနှိုင်ငံ လုံးအဆင့်မှာ ရွေးထားတာပါ။ သူတို့တင်ပြတဲ့ အခြေအနေပေါ်ကြည့်ပြီးဆုံးဖြတ်မှာပါ” ဟု၎င်းကဆိုသည်။

အဖွဲ့ချုပ်မှ လက်ရှိရွေးချယ်ထားသော ပခုက္ကူ ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကိုလည်း အတည်ဖြစ်ကြောင်း ယခုအချိန်တွင် ယတိပြတ်မပြောနိုင်သေးဟု ၎င်းကပြောသည်။

ယခုအဖြစ်အပျက်နှင့် အခြားဆင်သူတသည့် အဖြစ်အပျက် တခုမှာ မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း အတွက် နိုင်ငံရေး လှုပ်ရှားမှုတလျောက်လုံးလုပ်ကိုင်လာသည့် ဒေါ်မြင့်မြင့်အေးအား ရွေးချယ်မခံရပဲ ရန်ကုန်ရုံးချုပ်မှ ဗိုလ်ကြီးဝင်းထိန်ကို မိတ္တီလာမြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် လျာထားသောကြောင့် ဒေါ်မြင့်မြင့်အေးမှာ တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသစ်ပြန်လည် မှတ်ပုံတင်လိုက်သည့် အန်အယ်လ်ဒီပါတီ မှ လစ်လပ်နေရာ ၄၈ နေရာအားလုံးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ။

Yangon Press International - Facebook မှ

ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင် အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ်


၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး တော် ပုံ တွင် ပါဝင်ခဲ့ သည့် ကျောင်းသား ၊ ကျောင်းသူ များနှင့်
အပြစ်မဲ့ ပြည် သူများ အား နှိပ်စက် ညှင်းပန်း ပြီး သတ်ဖြတ် ခြင်း ၊ ထောင် သွင်း အကျဉ်း ချခြင်း
တို့  အပြင် ၎င်း အာဏာ ရှိ စဉ် ၁၉၈၈ ခုနှစ် မှ ၂၀၀၄ ခုနှစ် အောက် တို ဘာလ အတွင်း ဉ် တက်
ကြွ လှုပ်ရှား သူများ နှင့် ဒီမိုကရေစီ ရေး ကြိုး ပမ်း ခဲ့ သူ တို့  ကို ရက်ရက်စက်စက် နှိပ် ကွပ် ခဲ့
သည့် မြန်မာ အစိုးရ ၀န်ကြီး ချုပ် ဟောင်း နှင့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဖြစ်သူ
ဗိုလ်ချုပ် ကြီး ခင်ညွန့်  အား လက် စား ချေ လုပ်ကြံသတ် ဖြတ် မည့် သတင်း များ ထွက် ပေါ်}
နေသည် ဟု သတင်း ရရှိ သည်။

အဆိုပါ လုပ်ကြံ သတ် ဖြတ် မှု များ ကို ၎င်း အာဏာ ရှိ စဉ် က အပြင်း အထန် နှိပ်ကွပ် မှု ကို ခံ
ရသည့် ဒီမို ကရေစီ ရေး လှုပ် ရှား သူများ က ပြု လုပ် ရန် စီစဉ် ခြင်း မဟုတ် ဘဲ စစ်ထောက်
လှမ်း ရေး မိသား စု များ ကြောင့် စီးပွား ဥစ္စာ ဓန နှင့် ဘ၀ ပါ ဆုံး ရှုံး ခဲ့ ရသည့် မိတ်ဆွေ များ
ကွန် ယက် က ပြု လုပ် ရန် စီစဉ် ခြင်း ဟု FNG မှ သိရှိ ရသည်။

ဗိုလ်ချုပ် ခင်ညွန့် အား လုပ် ဖြတ် သတ် ဖြတ် ရန် သူ အာဏာ ရှိ စဉ် က တည်း က စီစဉ် ထား ရှိ ခဲ့
မှု များ ရှိ သည် ဟု သတင်း ရရှိ ပြီး
နောက်ပိုင်း အဖမ်း ခံရ ချိန်တွင် ဆိုင်း ငံ ထား ခဲ့ ခြင်း ဖြစ် နိုင် ကြောင်း နှင့် ယခု ပြန်လည် စတင်
ခြင်း ဖြစ် နိုင် ကြောင်း ယခင် ရွှေ တိဂုံ ဘုရား လမ်း ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာ ရှိ
တစ်ဦး က ပြော သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်  အာဏာ ရှိ စဉ် က စီးပွားပျက် ၊ ဘ၀ ပျက် မှု ခံ ခဲ့ ရသူ များ တွင် စီးပွား
ရေး နှင့် လူ မှု ရေး လုပ် ငန်း လုပ် ကို နေသူ များ ပါ ပါဝင် သည်။

ထပ်မံ တိုးတက် ဖြစ်ထွန်း သည့် သတင်း ကို ဆက် လက် ဖော် ပြ ပါမည်။

Freedom News Group

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် အထက်လွှတ်တော်အမတ် လေးဦး မြန်မာနိုင်ငံသို့ လာမည်

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် အထက်လွှတ်တော်အမတ် လေးဦး မြန်မာနိုင်ငံသို့ လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာပြီး တရားမျှတပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းဖွယ်ရှိကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ပြောကြားပါသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်အထက်လွှတ်တော်အမတ်လေးဦးမှာ ဂျွန်မက်ကိန်း၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ဂျိုးလီဘာမင်၊ ကယ်လီအာယိုတီတို့ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကြား နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့်လများအတွင်း တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးတွင် သံရုံးယာယီတာဝန်ခံအဆင့်မှ သံအမတ်ကြီးအဆင့် တိုးမြှင့်မည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားထားသည်။

Thursday, January 19, 2012

ရွှေည၀ါဆရာတော်နဲ့ အင်တာဗျူး အသံဖိုင်


ဒီကနေ့ ညနေပိုင်းက တွေ့ရတဲ့ ရွှေည၀ါဆရာတော် (ဓာတ်ပုံ-ဧရာဝတီ)

ရွှေည၀ါ ဆရာတော်နဲ့ ဧရာဝတီသတင်းထောက် လင်းသန့် အင်တာဗျူး ဖြစ်ပါတယ်။
ဒီညနေ ၄း၀၀ ၀န်းကျင်မှာ အင်တာဗျူးတော့ ဆရာတော်က ဒီအင်တာဗျူးကို တခြားသတင်းသမားများ သတင်းဌာနများကို လက်ဆင့်ကမ်းဖို့ မိန့်ခဲ့ပါတယ်။

Shwe Nyawar and irrawaddy interview on Jan 19, 2012 by Zarny Win

ကားပြိုင်ကွင်းတစ်ခု မန္တလေးတွင် တည်ဆောက်မည်


မန္တလေးမြို့တွင် မော်တော်ကားပြိုင်ကွင်းတစ်ခုတည်ဆောက်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။ အဆိုပါပြိုင်ကွင်းအား အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် တခြားပြည်တွင်းပြိုင်ပွဲများအတွက် ရည်ရွယ်ပြီးတည်ဆောက်ခြင်းဖြစ်သည်။ နိုင်ငံခြားကျွမ်းကျင်သူများ၏ အကူအညီဖြင့် တည်ဆောက်မည်ဖြစ်သော အဆိုပါ ကားပြိုင်ကွင်းသည် မီတာ ၁၄၀၀ အရှည်ရှိမည်ဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ယခုနှစ်အလယ်ပိုင်းလောက်တွင် စတင်မည်ဖြစ်သည်။

ထိုစီမံကိန်းသာ အမှန်တကယ်ဖြစ်ပေါ်လာမည်ဆိုပါက မြန်မာနိုင်ငံတွင် ကားပြိုင်ပွဲများအား လူများပိုမိုစိတ်ဝင်စားလာဖွယ်ရှိပြီး ထူးချွန်သော ပရို ပြိုင်ကားမောင်းသမားများ ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။

MyanmarCarsDB

Biggest Car Sale Show @ MCC 2012



ရန်ကုန်မြို့ ရှိ Myanmar Convention Centre ၌ ဇန်န၀ါရီလ ၁၉ရက်နေ့မှ ၂၂ ရက်နေ့အထိပြုလုပ်မည့် ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပ ကုမ္ဗဏီများမှ မော်တော်ကားများကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲတွင် အိမ်စီးကားများ၊ ဘတ်စ်ကားများ၊ လုပ်ငန်းသုံးကားများနှင့် မော်တော်ဆိုင်ကယ်များကို တင်သွင်းခွင့်ပါမစ်များမလိုပဲ ၀ယ်ယူနိုင်မည်ဖြစ်သည်။

ထိုပြပွဲတွင် Japan, South Korea, China, Thailand နှင့် India နိုင်ငံတို့မှ ကုမ္ဗဏီများပါဝင်မည်ဖြစ်ပြီး ကားနှင့်ပတ်သက်သော အပိုပစ္စည်းများလည်း ပြသမည်ဖြစ်ကြောင်း သတင်းများမှ ဖော်ပြထားသည်။ ပြခန်းပေါင်း ၂၀၀ ကျော်ရှိမည်ဖြစ်ပြီး လည်းကောင်းပြခန်းများ၏ ၅ဝရာခိုင်နှုန်းကျော်မှာ မော်တော်ကား/ဆိုယ်ကယ်နှင့်ပတ်သက်သောပြခန်းများ ဖြစ်ကြောင်း သိရှိရပါသည်။



Note - ပါမစ်မလိုပဲကားဝယ်နိုင်တယ်ဆိုတာ နံပါတ်ရပြီးသားကားတွေကို အပြင်ပေါက်ဈေးထက်ပိုတင်ပြီးရောင်းတာကိုဆိုလိုတာပါ။ ဂျပန်ကသွင်းလာတဲ့ ကားတွေကိုဂျပန်ကဈေးနဲ့ရောင်းတာမဟုတ်ပါဘူး။ ပါမစ်ဖိုး၊အခွန်စတဲ့ကုန်ကျစရိတ်တွေကိုပါထည့်တွက်ပြီးရောင်းနေတာဖြစ်ပါတယ်




အဂ္ဂမဟာ ဒီမိုဖက်တီး - Facebook

ယနေ့ထုတ် HOT News Journal .....
ကိုဇာဂနာ တို့ စင်တင်ပေးလိုက်တာ အခု ဂျာနယ်တွေက တဆင့် မြှင့်သွားပြီ ...

( ဖာနိုင်ငံ ခေတ်ရောက်ပြီ ။ မနေ့က ဘယ်သူစော်ခဲ့သလဲ မေ့ကျပြီ ။ )

ကျွန်တော် ပြောမိ အပြစ်ရှိသည် .......
.

joke for all / all for joke



ဟာသ နှစ်ခြိုက်သူများအတွက် NLD မှတင်ဆက်ပါမယ်။ ပျော်ရွှင်ကြပါစေ။

ရွှေည၀ါဆရာတော် အရေးယူမှု ခံယူရန် တိုင်းသံဃနာယက အဖွဲ့ထံသွားရောက်


ဇန်န၀ါရီ ၁၉၊ နေ့လည် ၁ နာရီခွဲ

ရွှေည၀ါဆရာတော် ဗဟန်းကြားတောရလမ်း ကြေးသွန်းဘုရားရှေ့ရှိ တိုင်းသံဃနာယကအဖွဲ့ထံ အရေးယူမှုကို နာခံရန် နေ့ခင်းတနာရီတွင် ၀င်ရောက် သွားပါသည်။ အကြောင်းအရာ အသေးစိတ်ကို မသိရှိရသေးပါ။
YPI

ရွှေည၀ါဆရာတော်အား အရေးယူမှုနှင့်ပတ်သက်၍ အခြေအနေကောင်းမွန်ကြောင်း တိုင်းသာသနာရေးမှ သတင်းထောက်များအား ပြောကြားသည်။ မကြာမီ တိုင်းသာသနာရေးမှ သတင်းထောက်များအား ရှင်းလင်းပြောကြားရန် ရှိသည်ဟု သိရသည်။
ရွေည၀ါ ဆရာတော်တလအတွင်း သာဓုကျောင်းတိုက်မှထွက်ခွါပေးရန် ကတိခံဝန်ချက် လက်မှတ်ထိုးပေးခဲ့ရ။ဆရာတော် ကြည့်မြင်တိုင် ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်သွားပြီဟု သိရသည်။


နိုင်ငံရေးအကျဉ်းချခံရသောသံဃာတော်အရှင်သူမြတ်များအားဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲဖိတ်ကြားလွှာ





ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့ကိုယ်တော်အပါး ၃၀အား သိဏ္ခာထပ်မည်ဖြစ်ပါသဖြင့် တတ်နိုင်သလောက် ကုသိုလ်တော်ပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရက်စွဲ။ ။ ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၁။

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား-

ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့အရေးတော်ပုံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်တော်များဖြစ်သော

၁။ ဦးက္ကုန္ဒက မဂ္ဂင်ကျောင်း
၂။ ဦးစန္ဒာသီရိ
၃။ ဦးဂမ္ဘီရ မဂ္ဂင်ကျောင်း
၎။ ဦးက္ကုသရိယ မဂ္ဂင်ကျောင်း
၅။ ဦးကေလာသ မန္တလေး
၆။ ဦးပဏ္ဏ၀ံသ ရန်ကုန်တိုင်းရဟန်းပျိုအတွင်းရေးမှူး
၇။ ဦးပဏ္ဏိတ မှော်ဘီကျောင်း
၈။ ဦးသဒ္ဓမ တွံ့တေးကျောင်း
၉။ ဦးရေ၀တ ချောက်
၁၀။ ဦးတိလောက
၁၁။ ဦးဝိသုဒ္ဓ
၁၂။ ဦးရေ၀တ
၁၃။ ဦးဝါယမ
၁၄။ ဦးစန္ဒိမာ
၁၅။ ဦးဆန္ဒာဓိက
၁၆။ ဦးတေဇ၀န္တ
၁၇။ ဦးဃောသိတ
၁၈။ ဦးနန္ဒ
၁၉။ ဦးဝိလာသက္က
၂၀။ ဦးဣသာရိယ
၂၁။ ဦးသုမန
၂၂။ ဦးသုမန(ခ)စာရေးဆရာမင်းဆက် မန္တလေး
၂၃။ ရှင်စန္ဒာဝရ
၂၄။ ဦးပညာစာရ (စစ်တွေ)တို့ အပါအ၀င် စုစုပေါင်း နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာအပါး ၃၀အား သိဏ္ခာထပ်မည်ဖြစ်ပါသဖြင့် တတ်နိုင်သလောက် ကုသိုလ်တော်ပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျောင်းတွင်းဒီမိုကရေစီ

ဒီ “ကျောင်းတွင်းဒီမိုကရေစီ”စာအုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ (၁၉၅၂ခုနှစ်) ဖဆပလအစိုးရ လက်ထက် က မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှ ပထမအကြိမ် ထုတ်ဝေခဲ့တယ်လို့ အမှာစာမှာဖော်ပြထားပါတယ်။ အုပ်ရေ နှစ်သောင်း ထုတ်ဝေခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းတွေအားလုံးကို ဖြန့်ဝေခဲ့တယ်လို့ ဆိုတယ်။

အဲဒီအချိန်က အာဏာရ ဖဆပလ အစိုးရဟာ မြန်မာနိုင်ငံမှာ အခြေခံဥပဒေရှိရုံ၊ လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပေးရုံ၊ လွှတ်တော်အစည်းအဝေး ပုံမှန်ကျင်းပရုံ၊ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိရုံ၊ ပြည်သူတွေ ဝမ်းရေး အဆင်ပြေရုံ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပရုံ၊ တရားဥပဒေ စိုးမိုးမှုရှိရုံမျှနဲ့ လူ့ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့ ဒီမိုကရေစီလူ့ဘောင်ကို ကောင်းမွန်စွာ မတည်ဆောက်နိုင်ကြောင်း သိပုံရပါတယ်။

တိုင်းပြည်အတွင်းရှိ သာမန် လက်လုပ်လက်စား ပြည်သူတွေ ကိုယ်တိုင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ အတွေးအခေါ်၊ ကျင့်စဉ်တွေကို ကောင်းစွာသဘောပေါက် နားလည်ပြီး တန်ဖိုးထားကာ ကိုင်တိုင် ကျင့်ကြံနေထိုင်မှသာလျှင် ဒီမိုကရေစီယဉ်ကျေးမှု အမြဲအမြစ်တွယ်ပြီး ရှင်သန်နိုင်မယ်လို့ ညွှန်းဆိုထားပါတယ်။

Democracy in School.pdf

AUNG MYO HTUN KYAW

"အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ နေပြည်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်စာရင်း ထုတ်ပြန်"




အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ နေပြည်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦးအမည်စာရင်းတွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် မကြာမီကလွတ်မြောက်လာသော မစန္ဒာမင်း (ခေါ်) ရွှီး နှင့် နိုင်ငံရေး အကျဉ်းသားဘ၀မှ လွတ်မြောက်လာသော Hip Hop ဂီတသမား Generation Wave ခေါင်းဆောင် ကိုဇေယျာသော်တို့လည်း ပါဝင်ကြောင်း သိရသည်။ မစန္ဒာမင်း(ခေါ်)ရွှီး ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့ နယ်မှာ ဇမ္ဗ္ဗူသီရိမြို့ နယ်ဖြစ်ပြီး ကိုဇေယျာသော်
ယှဉ်ပြိုင်မည့်မြို့ နယ်မှာ ပုဗ္ဗ္ဗသီရိမြို့ နယ်ဖြစ်ကြောင်းသိရသည်။

မွန်ပြည်သစ်နှင့် အစိုးရ ဇန်နဝါရီ လကုန်တွင် ဆွေးနွေးမည်

အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ပြော (ဓါတ်ပုံ မဇ္ဈိမ)

ဇန်နဝါရီလ ၂၅ ရက် နောက်ပိုင်းတွင် အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ကျင်းပသည့် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲတွင် ပါတီအထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာ က အစီရင်ခံစာ တင်သွင်းစဉ် ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲ တက်ရောက်နေသူ ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့က အစပဲ ရှိသေးတယ်။ သူ့အပိုင်းနဲ့သူ အစီရင်ခံတယ်။ အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ဘက်က နိုင်ဟံသာ က အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တာနဲ့၊ နောက်ထပ်ဆွေးနွေးမယ့် အခြေအနေကို အစီရင်ခံတယ်” ဟု ပြောသည်။

ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် မော်လမြိုင်မြို့၌ ထပ်မံ ဆွေးနွေးနိုင်ရန်အတွက် မွန်ငြိမ်းချမ်းရေး အကျိုးဆောင်များမှတဆင့် သက်ဆိုင်ရာ မြန်မာအစိုးရအရာရှိထံ အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟု လည်း မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက ပြောသည်။

၂ဝ၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့ ပထမအကြိမ် ပဏာမ ဆွေးနွေးစဉ် အစိုးရဘက်မှ ကိုယ်စားလှယ်များက ၂ဝ၁၂ ဇန်နဝါရီလအတွင်း ထပ်မံ ဆွေးနွေးနိုင်ရန် မွန်ပြည်သစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်းဖိုက်ကျေးရွာတွင် သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံရေး၊ မွန်အမျိုးသား တပ်မတော်၊ မွန်အမျိုးသား ပညာရေးနှင့် အနာဂတ် မွန်အမျိုးသားရေး စုပေါင်းခေါင်းဆောင်မှု ဟူသည့် ကဏ္ဍကြီး ၄ ခုကို ဆွေးနွေး သုံးသပ် တင်ပြကြမည်ဟု ဆိုသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ မွန်ပြည်သစ် အပါအဝင် ပြည်တွင်း၊ လွတ်မြောက်နယ်မြေ၊ ထိုင်းနှင့် နိုင်ငံတကာရောက် မွန်ကိုယ်စားလှယ် ၇၅ ဦးနှင့် လေ့လာသူ ၃ဝ ဦး တက်ရောက်ကြသည်။

မဇ္ဈိမ - ကွန်းချမ်း

နိုင်ငံတော် သမ္မတထံ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများက အိတ်ဖွင့်ပေးစာ ပေးပို့



ဒီကနေ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတကြီးရဲ့ လုပ်ဆောင်ချက်များကြောင့် ဘန်ကောက်ရောက် မြန်မာပြည်သားတို့က "အထူးဝမ်းသာပီတိကြည်နူးမှုဖြစ်ရ"ပါတယ် ဆိုတဲ့အကြောင်း မြန်မာသံရုံးကို ပို့ထားတဲ့စာပါ။

ခေါင်းစဉ်မှာတော့ အလုပ်သမားများက အိတ်ဖွင့်ပေးစာ ပေးတယ်လို့ ဆိုထားတယ်။



ဧရာဝတီ ရုပ်သံ မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်တဲ့ စာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ

ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား

ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တစ်ယောက် အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာ သိမ်းယူပြီးသည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ် အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်း မရှိဘဲ ထောင်သွင်း အကျဉ်းချ ထားတာကလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန် ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။

မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။

ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန် ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင်ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။

အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း

နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုးသားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေ ကြသည်ဟု နောက်မှ သိရပါသည်။

ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ် သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင် ပတ်သက်ခြင်းကို သိရှိသွားသဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရိုဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီး လာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အစီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတစ်ဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တစ်ကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တစ်ကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်းစား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ ရှိပါတယ်။

ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တစ်ခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ်ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါတယ်။ ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများပင် မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာအား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တစ်ဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တစ်ယောက်ချင်းဖြင့် လည်းကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တစ်ကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ ခြေဖျားထောက်ပြီး ခြေဖနောင့်အောက်တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုးရဆန့်ကျင်ရေး စာရွက် စာတမ်း တစောင်တလေသော် လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော် လည်းကောင်း အလျဉ်း ရှာဖွေ တွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက် ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။ ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ ‘+++’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး +++ ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ “မင်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။

++++ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေး လုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတစ်ဦး ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်းပန်း၍ အတင်းအဓမ္မ ဝန်ခံခိုင်းပြီး ကျွန်ုပ်အား ++++ ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တစ ရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်း သိကြောင်း စသည့် တိကျ သေချာ ခိုင်လုံသည့် အထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။ မရှေးမနှောင်းမှာပင် +++ ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ”ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “+++ မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက် စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်း ဝန်ခံခိုင်းနေပါသည်။

ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ +++ ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ်လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ +++ ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ +++ ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက်နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့”တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။

ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေလဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။

ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက်က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တစ်ခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ်နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ်ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး”တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်း လာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ်ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့၏ လက်ချက် ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါတယ်။)

၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချလိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတစ်ယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ်ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူတို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတစ်ခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်းရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကိုလည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။

တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစားပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏ အချိန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။

အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍ အပြင်သို့ခေါ်သွားပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန် တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာသော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာ ကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကို ကြေညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန်ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။ အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။ ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက်ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။

၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။ အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာများကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။
သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။

ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟု ဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံး တရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ စော်ကား သိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အထောက်အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့အား အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများ အလိုကျ ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။

နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့်(လေ)က “တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူ တို့အား စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ” ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အတွက် အပြစ်ပေးစရာ မလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် “ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်”ဟု မိန့်ဆိုထားသည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိသည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ ‘သေဒဏ်’ အမိန့် ချမှတ်လိုက်ပါတယ်။

ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ် တစ်ခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ်(၁)နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။

ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုးဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲ ချေပ သော်ငြားလည်း ကျွန်ုပ် အပါ အဝင်

မောင်ညီညီဦး (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်နိုင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင် (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)

စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ်တိုက်ပွဲများ ပြုလုပ် ဖန်တီးသည်ဟုဆိုကာ သရက် အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြုလုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။

ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေးလိုက်ပါတယ်။

မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက်အထား တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအတွင်း လှောင်ပိတ်ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ ။

မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)

ကိုဘိုကြည်

တွဲဖက်အတွင်းရေးမှူး၊

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

Wednesday, January 18, 2012

Plextor အမှတ်တံဆိပ် Solid State Drive များ နေပြည်တော်ဈေးကွက်အတွင်းဝင်ရောက်လာ


နေပြည်တော် ကွန်ပျူတာဈေးကွက်အတွင်းသို့ Plextor အမှတ်တံဆိပ် Solid State Drive တစ်မျိုးဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါပစ္စည်းမှာ ပိုမိုပေါ့ပါးပြီး အကြမ်းခံသည့်ပစ္စည်းဖြစ်သည့်အတွက် နောင်အခါတွင် SSD များမှာ HDD တွေနေရာတွင် ၀င်ရောက်လာမယ့် အစားထိုးပစ္စည်းဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

“အဲ့သည့် SSD တွေဟာဆိုရင် SATA 3.0 Support လုပ်ပြီး မြန်နှုန်းအနေနဲ့ကလည်း ပုံမှန်အသုံးပြုနေကြတဲ့ HDD တွေထက် (၁၆) ဆပိုမြန်လာခြင်း၊ Memory Stick ကဲ့သို့ သွားလေရာယူဆောင်နိုင်ခြင်း၊ လှုပ်ရှားမှုဒဏ်ပါ ပိုမိုခံနိုင်ရည်ရှိခြင်း၊ External ရော Internal အတွက်ပါ 2 Way အသုံးပြုနိုင်ခြင်း၊ ပုံမှန် HDD တွေထက် ပိုမိုသေးငယ်လို့ နေရာယူမှုသက်သာခြင်း၊ မီးအားစားသက်သာခြင်း၊ စတဲ့အားသာချက်တွေများနေလို့ နောက်ပိုင်းမှာ SSD Heard Disk တွေဟာ အသုံးပြုတွင်ကျယ်လာမှာဖြစ်ပါတယ်” ဟု LINN IT & Mobile မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဈေးကွက်ထဲတွင် 64GB, 128 GB နှင့် 256GB ဆိုပြီး ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ နေပြည်တော်ဈေးကွက်ထဲတွင် ၀ယ်ယူလိုသူများအနေဖြင့် LINN IT & Mobile 1,2,3 ဖုန်း ၀၆၇-၂၂၈၈၄၊ ၂၃၈၈၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရေးသားသူ - ကျော်ဇေယျ


ကမ္ဘာ့အသေးငယ်ဆုံး Nano wire အသုံးပြု ခေတ်သစ်ကွန်ပျူတာများထုတ်လုပ်ရန် သိပ္ပံပညာရှင်များစီစဉ်


Australia နိုင်ငံ၊ Sydney မြို့ရှိ New South Wales တက္ကသိုလ်၊ Quantum Computation and Communication Technology ဌာနမှသိပ္ပံပညာရှင်များသည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်သည့် အရွယ်အစားသေးငယ်သော nanoscale wire ကို ဖန်တီးထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကကြေညာခဲ့သည်။



ယင်းဖန်တီးမှုသစ်တွင် ကြေးနီဝိုင်ယာကြိုးများနှင့် စွမ်းဆောင်ရည်ချင်းတူညီသော အက်တမ်လေးခုပါဝင်သည့် ၀ိုင်ယာကြိုးကို ဖန်တီးထားခြင်းဖြစ်ကာ အဆိုပါဝိုင်ယာကြိုးများသည် ယင်းကြေးနီဝိုင်ယာများမှရရှိသည့် လျှပ်စစ်စွမ်းအင်အတိုင်း တူညီသည့်လျှပ်စစ်ပမာဏကို ထုတ်ပေးမည်ဖြစ်ပြီး ယခုလက်ရှိအသုံးပြုနေသည့် အသေးငယ်ဆုံးသော ၀ိုင်ယာကြိုးများထက် အဆ ၂၀ ပို၍သေးငယ်ကြောင်းသိရသည်။ ၎င်းတွေ့ရှိမှုသစ်ကို ခေတ်သစ်နည်းပညာမြင့်ကွန်ပျူတာများ ကဲ့သို့သော nanoscale နည်းပညာပေါ်တွင် အခြေခံထားသည့်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ပြီး အဆိုပါဝိုင်ယာကြိုးများသည် အချက်အလက်ပေါင်းများစွာကို ပိုမို၍လျင်မြန်စွာပို့ဆောင်နိုင်မည့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများအဖြစ် ဖန်တီးပေးမည်ဖြစ်သည်။ Semiconductor ထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်း ပိုမိုတိုးတက်လာပြီးနောက် ချစ်ပ်အစိတ်အပိုင်းများကိုလည်း အရွယ် အစားသေးငယ်စွာ ထုတ်လုပ်လာကြပြီး အရွယ်သေးငယ်ကာ စွမ်းဆောင်ရည်ပိုမိုပြည့်ဝသည့် ကွန်ပျူတာများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် ပြုလုပ်လာကြောင်း စမ်းသပ်ရှာဖွေမှုကိုဦးဆောင်ခဲ့သည့် သု တေသီတစ်ဦးဖြစ်သူ Michelle Simmons ကပြောကြားခဲ့သည်။

ရေးသားသူ - ဟေမာ
Ref: CNET

Yahoo တည်ထောင်သူ ဂျယ်ရီ ယန်း ရာထူး က နှုတ်ထွက်


အင်တာနက် ၀ဘ်ဆိုတ် လောက ကို တစ်ခောတ် ဆန်း သစ် စေခဲ့သည့် Yahoo အင်တာနက်
ဝဘ်ဆိုတ် တည် ထောင် သူ ဂျယ်ရီယန်း သည် ယနေ့  ၎င်း ၏ အဓိက ရာထူး ဖြစ်သည့် လစာ
ကြေး ငွေ ၊ စတော့ ရှယ်ယာ နှင့် အစု ထည့် ကြေး ငွေ အများ ဆုံး ရ နေသည့်  ဒါရိုက်တာ
အဖွဲ့  ၀င် ရာ ထူး မှ ယနေ့ နှုတ် ထွက် လိုက် ပြီ ဟု ရိုက် တာ သတင်း တွင် ဖော် ပြထား သည်။

အသက် ၄၃ နှစ် ရှိ ပြီ ဖြစ်တဲ့ ဂျယ်ရီယန်း ဟာ ငွေကြေး ၀န်ဆောင် မှု လုပ်ငန်း တွေ ကို ပါ ဆောင်
ရွက် ပေး တဲ့ Yahoo Japan နဲ့  Alibaba အင်တာနက် အခြေခံ စီးပွားရေး ငွေကြေး နဲ့  လက်လီ
ရောင်းချမှု ဆိုက် မှ လည်း နှုတ် ထွက် ခဲ့ ခြင်း ဖြစ်သည်။

Jerry Yang သည် ၁၉၉၅ ခုနှစ် တွင် ဒေးဗစ် ဖီလို နှင့် ပူးပေါင်း က ယာဟူး အင်တာ နက် ဆိုတ်
ကို တည် ထောင် ခဲ့ ခြင်း ဖြစ်သည်။သူ့  ကို ၁၉၆၈ ခုနှစ် တွင် ထိုင် ၀မ် နိုင်ငံ တိုင်ပေ မြို့  တွင် မွေး
ဖွာ ခဲ့ ခြင်း ဖြစ် ပြီး အသက် ၁၀ နှစ် တွင် အမေရိကန် နိုင်ငံ ကာလီ ဖိုးနီးယား ပြည်နယ် သို့  ပြောင်း
ရွှေ့  နေထိုင် ခဲ့ သည်။

၂၀၀၉ ခုနှစ် တွင် မိုက်ခရိုဆောဖ် က ၄၇ ဘီလျှံ ဖြင့် ယာဟူး အား ၀ယ်ယူ မည့် အစီအစဉ် ဉ်
ဂျယ်ရီယန်း က ကာဆီး မှု များ လုပ် ခဲ့ သည် ဆိုကာ ရှယ်ယာ ရှင် တို့  ဒေါသ ထွက် ခဲ့ ကြ
သည်။

လက်ရှိ ယာဟူး ၏ CEO ဖြစ်သူ စကော့ သော်မဆင် က ” ဂျယ်ရီယန် သည့် တီထွင်မှု
တွင် သူမတူ အောင် ထက် မြက် ပြီး ၊ အင်တာနက် ခောတ် ပြောင်း တော်လှန်ရေး ကို
ကမ္ဘာ မြေ အတွက် ဆောင် ကြဉ်း ပေး ခဲ့ သူ ဟု ဆို သည်။

Yahoo ၏ ရှယ်ယာ ရှင် များ က မူ ဂျယ်ရီယန်း ၏ နှုတ် ထွက် မှု အတွက် ပျော်ရွှင် နေပုံ
ရသည် ဟု Forbes တွင် ဖော်ပြထား သည်။

၂၀၀၇ ခုနှစ် တွင် သူ နှင့် သူ့  ဇနီး သည် ၎င်း တို့  ပညာ သင်ကြား ခဲ့ သည့် စတန်း ဖို့ ဒ်
တက္ကသိုလ် သု တေသန စရိတ် များ အတွက် ဒေါ်လာ ၅၇ သန်း လှုဒါန်း ခဲ့ သည်။

ဘုရင်ကြီးကို တိုင်းနိုင်ငံရဲ့ ဆရာအဖြစ် ဂုဏ်ပြု


ဘုရင်ကြီး ဘူမိဘောအဒူလ်ယာဒဲ့ခ်ျ ကို “တိုင်းနိုင်ငံရဲ့ဆရာအဖြစ်” ဂုဏ်ပြုလိုက်ပါတယ်။

“ဘုရင်ကြီးဟာ သူ့ပြည်သူပြည်သားတွေအပေါ် သနားကြင်နာမှုပေးတဲ့ ဆရာတယောက် ဖြစ်တယ်” လို့ ၀န်ကြီးချုပ် ယင်လပ်ရှီနာဝပ်ထ် က နိုင်ငံလုံးဆိုင်ရာ ဆရာများနေ့ဖြစ်တဲ့ မနေ့က ပြောကြားလိုက်ပါတယ်။

“သူဟာ ပြည်သူတွေကို ကျောင်းပြင်ပကနေ ဗဟုသုတတွေ ပို့ချပေးတယ် ။ သူနန်းစံနေစဉ်အတွင်း ထိုင်းနိုင်ငံရဲ့ ကျောင်း ပြင်ပ၊ ပညာရေးဟာ နယ်ပယ်အသီးသီးမှာ တော်တော် တိုးတက်ခဲ့ပါတယ်”

ဘုရင်ကြီးကို ဂုဏ်ပြုဖို့ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံဆရာ၊ ဆရာမများကောင်စီ အခမ်းအနားမှာ ဘုရင်းကြီးကို ‘တိုင်းနိုင်ငံရဲ့ ဆရာ’ အဖြစ် သူမက ပြောကြားလိုက်ပါတယ်။ “ဆရာ၊ ဆရာမတွေရဲ့တာဝန်က ဗဟုသုတပေးယုံသာမက၊ အကျင့် စာရိတ္တ ပုံသွင်းပေးတာလည်း ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဇန်န၀ါရီ ၁၇၊ ၂၀၁၂ (The Nation)

ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်


ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံးရှိရာ သံလျင်မြို့နယ်သို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရန်သွားသောခရီးစဉ်မြင်ကွင်း။ (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၂။)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သံလျင်မှာရှိတဲ့ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ဒီကနေ့မနက်က ကိုယ်တိုင်သွားတင်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD က ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက နောက်ဆုံး ကျန်နေသေးတဲ့ အမည်စာရင်းတွေကိုလည်း ဒီကနေ့ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြောင်းအရာအပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့ မနက်က ၁ဝ နာရီခွဲလောက်က သံလျင်မြို့နယ်မှာ ရှိတဲ့ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သွားတင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားလွာကို ကော်မရှင်က စိစစ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးအပါအဝင် တခြားမြို့နယ်တွေကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွေ စတော့မယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

“ကော့မှူးမြို့နယ်အပါအဝင်ဖြစ်သော ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်ရုံးတည်ရှိရာ သံလျင်မြို့ကို သွားပါတယ်။ သံလျင်ကိုသွားရာမှာ သူ့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်များဖြစ်တဲ့ ဆရာဦးဉာဏ်ဝင်းတို့၊ ဦးသိန်းဦးတို့လည်း တပါတည်း ပါသွားပါတယ်။ အဲဒီမှာ အသစ်ပြင်ဆင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားလွှာကို ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ ကော်မရှင်ကလည်း ဒါကိုစိစစ်ပြီးတော့ ရက်တရက်မှာ တွေ့ဆုံမေးမြန်းဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်ရက်လဲတော့ ကျနော်တို့ မသိသေးပါဘူး”

တောင်ပိုင်းခရိုင်ကော်မရှင်ရုံးရှိရာ သံလျင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံလူထုအများအပြားကြိုဆိုနှုတ်ဆက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဖွံဖြိုးသေးတဲ့ နေရာ၊ ဆင်းရဲနွမ်းပါးသူတွေရဲ့နေရာကို ကိုယ်စားပြုကာ ဝင်ချင်တဲ့အတွက် ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်ဖို့ စီစဉ်ခဲ့တာဖြစ်သလို နိုင်ငံမှာ ငြိမ်းချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ဖို့အတွက် ရွေးချယ်ခံရာနေရာတခုထဲအတွက်မဟုတ်ဘဲ နိုင်ငံတခုလုံးအတွက် ကိုယ်စားပြုကြိုးစားသွားမှာ ဖြစ်သလို ကိုယ်စားလှယ်လောင်း အားလုံးလည်း ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

NLD ပါတီဟာ ဇန်နဝါရီလ ၄ ရက်နေ့နဲ့ မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့တွေက ကိုယ်စားလှယ်လောင်းအမည်စာရင်း ၄၄ ဦးထုတ်ပြန်ခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ နောက်ဆုံး ကျန်တဲ့ ၄ ဦးအမည်စာရင်းထုတ်ပြန်ပါတယ်။

“အားလုံး မန္တလေးတိုင်းကချည့်ပါပဲ။ ဒေါ်စန္ဒာမြင့်၊ ဒေါ်စန္ဒာမြင့်က ဇမ္ဗူသီရိမြို့နယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဦးထွန်းဇေယျာသော် (ခေါ်) ဇေယျာသော်- သူကတော့ ပုဗ္ဗသီရိမြို့နယ်အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြီးတော့ ပြိုင်မှာဖြစ်ပါတယ်။ နောက်- ဦးနိုင်ငံလင်းကတော့ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ နောက်တယောက်က ဦးမင်းသူက ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်”

အခုကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဇန်နဝါရီ လ ၃၁ ရက်နေ့နောက်ဆုံး သက်ဆိုင်ရာ မြို့နယ်တွေရဲ့ကော်မရှင်ရုံးတွေကို စာရင်းတင်ကြရမှာဖြစ်ပြီး ကော်မရှင်ကခွင့်ပြုချက်ကျရင် စည်းရုံးရေးတွေလည်း စနိုင်ပြီ ဖြစ်ပါတယ်။

“ကျနော်တို့ပါတီက ပါတီစည်းရုံးရေးလုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ပါတီစည်းရုံးရေးလုပ်ငန်းတွေကတော့ ပါတီဝင်သစ်တွေ ဝင်နိုင်ဖို့ကတော့ ကျနော်တို့ လျှောက်လွှာဖြန့်ဖြူးပေးတာတို့၊ မြို့နယ်အလိုက် လျှောက်လွှာလက်ခံဖို့အတွက် စည်းရုံးရေးတာဝန်တွေ ပေးတာတို့ စသည်ဖြင့် အဲဒီလုပ်ငန်းတွေ လုပ်နေပါတယ်။ ပါတီဝင်လျှောက်လွှာကလည်း ၂ သိန်းခွဲလောက် ကုန်သွားပါပြီ။ ၂ သိန်းခွဲလောက် ထပ်ပြီးတော့ မှာနေဆဲရှိပါတယ်ခင်ဗျ”

ပြည်တွင်းသာမက ပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း NLD ပါတီဝင်အဖြစ်လျှောက်နိုင်ဖို့ NLD ပါတီရဲ့ အင်တာနက် စာမျက်နှာကလည်း စီစဉ်ထားတယ်လို့လည်း ဦးအုန်းကြိုင်ကပြောပါတယ်။ အခုရွေးကောက်ခံကြမယ့် NLD ကိုယ်စားလှယ်လောင်းအားလုံး တွေ့ဆုံကာ ပါတီမူဝါဒနဲ့ ရည်ရွယ်ချက်ဆိုင်ရာတွေဆွေးနွေးဖို့ ရှိသလို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ဆိုင်တဲ့စာအုပ်တွေလည်း မကြာခင် ဖြန်ချီမယ်လို့ NLD ပါတီက ပြောပါတယ်။ အခုကြားဖြတ်ရွေးကော်ပွဲမှာ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄ဝ အမျိုးသားလွှတ်တော်အတွက် ၆ နေရာနဲ့အတူ တိုင်းဒေသကြီးအတွက် ၂ နေရာ အတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး မန္တလေးတိုင်းက လစ်လပ်နေရာအများဆုံးဖြစ်ပါတယ်။

VOA -မြန်မာ

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား တိုက်ရိုက် လေယာဉ်ပျံသန်းရန် သဘောတူ လက်မှတ်ရေးထိုး


မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား တိုက်ရိုက် လေယာဉ်ပျံသန်းရန် သဘောတူ စာချုပ် တစ်ခုကို အင်္ဂါနေ့က လက်မှတ် ရေးထိုးလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ မြန်မာလေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦတင်နိုင်ထွန်း တက်ရောက် လက်မှတ် ရေထိုးခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ လေကြောင်းဆိုင်ရာ အကြီးအကဲ မာမွတ် ဟူစိန် တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား သဘောတူညီမူအရ တပတ်တွင် ခရီးသည်တင် လေယျာဉ် (၇) ကြိမ် ပျံသန်းမည် ဖြစ်ပြီး ကုန်တင် လေယျာဉ် (၄) ကြိမ်ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား တိုက်ရိုက် လေကြောင်းလိုင်းကို ရပ်တန့်နေရာမှ စတင် တိုးချဲ့ ပျံသန်းရန် စီစဉ်ရခြင်းမှာ နှစ်နိုင်ငံအကြား ခရီးသွားလာရေးကို မြှင့်တင်ရန်၊ ကုန်သွယ်ရေးကို မြင့်တင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်သွယ်ရေးကို မြှင့်တင်ရန်တို့ အတွက် ဖြစ်ကြောင်း သိရသည်။

ယခင်က ဒက္ကားနှင့် ရန်ကုန် အကြား တိုက်ရိုက် လေယာဉ်ပျံသန်းခဲ့သော်လည်း အရှုံးပေါ်ခဲ့သဖြင့် ၂၀၀၇ ခုနှစ်ကတည်း ရပ်နားခဲ့ရသည်။

နိရဉ္စရာ

နတ်တလင်းမြို့ရှိ ရွှေဆိုင်တွေကို အခွန်တိုးမြှင့်


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှာရှိတဲ့ ရွှေဆိုင်တွေကို အခွန်ရုံးကနေ အခွန်တွေကို မနှစ်ကထက် ပိုမိုတိုးမြှင့်ကောက်ခံနေတာဖြစ်ပါတယ် ။

” တောင်သူတွေကလဲ အလုပ်မကောင်းဘူး စပါးဈေးတွေ ကျတယ် ။အခုဈေးတွေက အရင်ဈေးတွေနဲ့ အရမ်းကွာတယ် ။
၃ သိန်းအောက်လောက် ရောင်းရတာတောင် အကြွေးရောင်းရတယ် ။ အမြတ်တော်ခွန်ကို မနှစ်က ၉ သိန်း လောက်ပဲ ဆောင်ရတာကနေ ၁၃ သိန်း အထိ တိုးဆောင်ခဲ့ရတယ် ။ ဖြစ်သင့်ဖြစ်ထိုက်တာထက် များနေတယ် ။ ကျနော်တို့ အလုပ်မကောင်းဘူး ။ ကျနော်တို့ နိုင်ငံတော်ကိုလဲ အခွန်ထမ်းရတာ ပြဿန်ာမရှိဘူး ။ ကျနော်တို့ နှစ်တိုင်းလဲ အခွန်ဆောင်တယ် ။” လို့ နတ်တလင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ် ။

နတ်တလင်းမြို့မှာ ရွှေဆိုင်ပေါင်း ၅၀ နီးပါး ဖွင့်လှစ်ရောင်းချနေကြပါတယ် ။ ပုံမှန်အားဖြင့် အခွန်ဌာနကနေ ရွှေဆိုင်ပိုင်ရှင်တွေကို တနှစ်တာ ကုန်သွယ်ရောင်းဝယ်ခွင့်အတွက် အခွန်ဆောင်ဖို့ လာရောက်အစစ်ခံရန်အတွက် ရုံးကို ဖိတ်ခေါ်ပါတယ် ။ ‘တနေ့ ဘယ်လောက်ရောင်းရလဲ ၊ အိမ်စားရိတ် ဘယ်လောက်ရှိလဲ’ အစရှိတာတွေကို စစ်ဆေးမေးမြန်းပြီး အဲအပေါ်မှာ တွက်ချက်၍ အခွန်ငွေကို ကောက်ခံပါတယ် ။ အခုလို အခွန်ဌာနကနေ အမှုခေါ်စစ်တဲ့အချိန်မှာ ဆိုင်ပိုင်ရှင်တွေက ဆိုင်တဆိုင်ကို ငါးသောင်း ကျပ်နှုန်းစီ ဌာနကို ပေးရပါတယ် ။ ဒါ့အပြင် အခွန်ဌာနက စာရေးမကို စာရွက်စာတမ်းကြေးအဖြစ် သုံးထောင်ကျပ်စီ ပေးရပါတယ်လို့ သိရပါတယ် ။

“ကျနော်တို့ အဲလိုပိုက်ဆံတွေပေးပြီးမှ အမှုစစ်လိုက်လို့ အခွန်နှုန်းထား လျော့သွားသလားဆိုတော့လဲ မလျော့သွားပဲ ပိုတိုးလာတယ် ။ အခု နတ်တလင်းမြို့နယ် အခွန်ဦးစီးဌာနကို တာဝန်ယူထားတဲ့ ဗိုလ်ကြီး အောင်ကြည်ဝင်းဟာ အခြားနေရာတခုကို ပြောင်းရွှေ့ရဖို့ အချိန် ၆ လလောက်ပဲ ကျန်တော့တယ် ။ အဲတာကို ဒီလိုတွေ အများကြီး အခွန်တွေ ထမ်းဆောင်ခိုင်းပြီး နောက်နေရာတနေရာမှာ နေရာကောင်းရချင်လို့လား ဆိုတဲ့ ပုံစံလား ၊ ကျနော်တို့က ထင်ကြည့်ပါတယ် ။ ကျနော်တို့ အခွန်ထမ်းနေရတာကို ထိုက်သင့်ထိုက်သလောက် ထမ်းဆောင်ရတာကို ကျနော်တို့က နိုင်ငံတော်ကို ပံ့ပိုးရာရောက်တယ် ။ ဒီလိုလဲ ကိုယ့်ဘက်က လုပ်နိုင်မယ့်ဟာလေးတွေ လုပ်ပေးတာပေါ့ဗျာ ။ သူများမြို့နယ်တွေနဲ့ အရမ်းကွာတယ် ဆိုတာက မဟုတ်သေးဘူး ။” လို့ နတ်တလင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ် ။

“အခု ကျနော်တို့ရွှေဆိုင်တွေအားလုံး စုပြီးတော့ ညှိနှိုင်း နေကြပါတယ် ။ ဒီကိစ္စကို အထက်ကို စာတင်ရ ကောင်းမလား ။ စာတင်တာကလဲ တင်တာပဲ ရှိမယ် ။ သူတို့ အချင်းချင်းတွေ ဘာတွေညာတွေကျတော့ ဒီလိုပဲ ပြီးသွားမှာပဲ ဆိုတော့ လောလောဆယ် မတင်သေးပါဘူး ။ ကျနော်တို့ ဒီကိစ္စကို သတင်း မီဒီယာတွေကနေပြီးတော့ နိုင်ငံတော်အကြီးအကဲဆီကိုပဲ ဖြစ်ဖြစ် အခွန်ဌာနဆိုင်ရာ အကြီးအကဲတွေ သိသွားစေချင်ပါတယ် ။” နတ်တလင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ် ။

နတ်တလင်းမြို့ အနီးတဝိုက်ရှိ ပေါင်းတည်မြို့ ၊ ဇီးကုန်းမြို့ ၊ ကြို့ပင်ကောက်မြို့နယ်တွေမှ ရွှေဆိုင်တွေကို အခွန်တိုးမြှင့်ကောက်ခံတာမျိုး မရှိပဲ ၆ သိန်း ၊ ၇ သိန်း ဝန်းကျင်လောက်ပဲ အခွန်ကောက်ခံခဲ့တာ ဖြစ်ပြီး နတ်တလင်း မြို့တခုတည်းသာ ၁၂ သိန်းကနေ သိန်း ၂၀ အထိ အခွန်နှုန်းတိုးမြင့် ပေးဆောင်ရတာ ဖြစ်ပါတယ် ။ နတ်တလင်းမြို့နယ် အပါအဝင် အနီးတဝိုက်မှ မြို့နယ်တွေမှာ ရွှေဆိုင်တွေရဲ့ ရောင်းဝယ်ဖောက်ကားမှုနှုန်းက တမြို့ နဲ့ တမြို့ သိပ်မကွာကြပဲ နတ်တလင်းမြို့တခုတည်းတွင်သာ တိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ် ။

BURMA VJ MEDIA NETWORK