စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 12, 2012

ပါကစ္စတန်ဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်


ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီသည် ကာကွယ်ရေးဝန်ကြီး နာအီခါလစ်ရိုဒီကို ဇန်န၀ါရီ ၁၁ ရက်နေ့က ရာထူးမှထုတ်ပယ်ခဲ့သည်။

ဝန်ကြီးချုပ်ဂီလာနီသည် တရုတ်ပြည်သူ့နေ့စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာတွင် စစ်ဦးစီးချုပ်နှင့်ထောက်လှမ်းရေးအကြီးအကဲတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲပြောကြားခဲ့ရာ စစ်ဘက်က သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ၀န်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်သမ္မတဇာဒါရီ၏ လက်ထောက်တစ်ဦးက စစ်ဘက်အာဏာ သိမ်းမှုကိုစိုးရိမ်သဖြင့် အမေရိကန်၏ကာကွယ်မှုကို ယမန်နှစ်မေလက တောင်းဆိုခဲ့သည်ဟု စွပ်စွဲထားသော မှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ပြီးနောက် ပါကစ္စတန်စစ်ဘက်နှင့် အရပ်ဘက်အစိုးရကြား တင်းမာမှုများ မြင့်တက်လာနေသည်။ အငြင်းပွားဖွယ် ထိုမှတ်တမ်းကို တရားရုံးချုပ်က စုံစမ်းစစ်ဆေးနေရာ မကြာသေးခင်ရက်များအတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသည်။
ဂီလာနီကစစ်ဘက်နှင့် ထောက်လှမ်းရေးအကြီးအကဲများသည် အစိုးရလမ်းကြောင်းများမှတစ်ဆင့် စုံစမ်းစစ်ရေးကော်မရှင်ကို တင်သွင်းရန်ပျက်ကွက်ခဲ့ကြောင်း ယခုတစ်ပတ်အစောပိုင်းတွင် စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ဘက်ကလည်း ဂီလာနီ၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ၎င်းတို့သည် ဥပဒေများအတိုင်း တရားရုံးသို့ ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်သတင်းစာနှင့် အင်တာဗျူးတွင် ဂီလာနီ၏ စွပ်စွဲပြောကြားချက်များသည် နိုင်ငံအတွက် ၀မ်းနည်းဖွယ်ရာ အကျိုးဆက်များရှိလာနိုင်ကြောင်း စစ်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လူဦးရေ ၁၇၄ သန်းခန့်ရှိသော ပါကစ္စတန်တွင် စစ်ဘက်သည် အာဏာကြီးမားပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရခဲ့ပြီးနောက် သမိုင်း၏တစ်ဝက်ခန့်ကို စစ်ဘက်အာဏာရှင်များက ဦးဆောင်ခဲ့သည်။ လွန်ခဲ့သည့် ၆၄ နှစ် အတွင်း ပါကစ္စတန်တွင် စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်မှု ချိန်ညှိနေခဲ့ရပြီး ပါကစ္စတန်ပြည်သူများသည် စစ်ဘက်အာဏာသိမ်းမှု သုံးကြိမ်ကြုံခဲ့ရသည်။

ကာကွယ်ရေးဝန်ကြီးလိုဒီသည် အရပ်ဘက်ခေါင်းဆောင်မှုထက် စစ်ဘက်ကို ပိုမိုသစ္စာရှိသူဟု ယူဆခံရသူဖြစ်သည်။

Ref:AFP,CNN

0 comments: