စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီဌာနချုပ်ရုံးတွင် တွေ့ရသည့် NLD အဖွဲ့ဝင်များ။

နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီ တည်ထောင်ခွင့်ရပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်မယ့် ကိုယ်စားလှယ် လောင်း နေရာတွေ လျာထား စီစဉ်နေပါတယ်။

ဒီအစီအစဉ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း လည်း ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ တာဝန်ပေးချက်အရ သူ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှု စစ်ဆေးပေးနေတဲ့ ဒေါက်တာတင်မျိုးဝင်းက တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေသလို နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

0 comments: