စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 19, 2011

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ၏ ပထမနှင့် ဒုတိယခေါင်းဆောင် အဖြစ်ရွေးချယ်

ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီးစီးသွားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦးပါဝင်သည့် အစည်းအဝေးမှ ပါတီ ပထမခေါင်းဆောင် ဦးတင်ဦးနှင့် ဒုတိယခေါင်းဆောင် အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးချယ်သတ်မှတ်လိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့နံနက် ၁၀ နာရီတွင် စတင်သည့် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးတွင် လာမည့်ရက်ပိုင်းအတွင်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သွားရောက်မှတ်ပုံတင်ရာတွင် လိုအပ်သည့် ပါတီခေါင်းဆောင်ကို ရွေးချယ်ခြင်းလိုက်ခြင်း ဖြစ်သည်။

ယခုစည်းဝေးကြသည့် ၂၁ ဦးသည် ပါတီစတင်ဖွဲ့စည်းသူများ ဆိုသည့်သဘောလည်း မဟုတ်သကဲ့သို့ အခြားသော ပါတီရာထူး တာဝန်များနှင့် ပတ်သက်ခြင်းမရှိပဲ အလုပ်တခုကို ပူးပေါင်းပြီးလုပ်ဆောင်လိုက်ကြသည့် သဘောသာဖြစ်ကြောင်း၊ ပါတီတည်ထောင်ပြီးနောက်တွင် ပြည်သူလူထုက သင့်တော်သည့်သူများကို အဆိုပြုပါက စဉ်းစားရွေးချယ်သွားမည်ဟု အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်ဟု တက်ရောက်သူ တဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက YPI သို့ပြောသည်။


“ဒေါက်တာတင်မျိုးဝင်းဆို တနင်္သာရီ တိုင်းကအရွေးခံမယ်၊ ဘယ်သူဆို ဘယ်ကအရွေးခံမယ်ဆိုတာမျိုး အပြင်မှာပြောနေတာတွေဟာ လုံးဝမှားပါတယ်၊ ဘယ်သူတွေရွေးမယ်၊ ဘယ်ဝါတွေရွေးမယ်ဆိုတာ ပါတီက မရှိသေးတဲ့အတွက်ကြောင့် ပြည်သူလူထုကရွေးလာတာ၊ ဘယ်သူသင့်တော်တယ်ဆိုတာ အဖွဲ့ချုပ်က စဉ်းစားမှာပါလို့ ပြောပါတယ်။ ကျွန်မတို့ ၂၁ ဦးသည်လည်း အနာဂတ်ခေါင်းဆောင်လို့ ရေးကြတယ်၊ အဲဒီလိုလည်း မဟုတ်ဘူး၊ စီအီးစီ၊ စီစီ ဖြစ်မယ့်သူရယ်လို့လည်း မဟုတ်ဘူး၊ အဲဒါတွေက ပါတီပြန်ဖွဲ့စည်းပြီးမှဖြစ်မှာပါ၊ အဲဒါကိုတော့ အမက သေချာမှာပါတယ်” ဟု ဒေါ်ခင်မိုးမိုးကပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ရွှေည၀ါ ပညာ့ဗိမာန်ကျောင်းတိုက်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

ယနေ့အစည်းအဝေးမှ ပါတီစာစောင်ထုတ်ဝေရေး အတွက် ဆက်သွယ်ရေးမှူးအဖြစ် ဦးအုန်းကြိုင်ကို ရွေးချယ်လိုက်ကြောင်း နှင့် နိုင်ငံရေး ပါတီထုတ်ဝေခွင့် သက်သေခံလက်မှတ် (နသ လက်မှတ်) ရရှိရေး လျှောက်ထားဖို့ရာလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အောင်နိုင်ရေး ကော်မတီများဖွဲ့စည်းပြီး ဖြစ်သော်လည်း ပါတီမှတ်ပုံတင်ပြီးစီးသည့် အခါမှသာ စည်းရုံးရေးကိစ္စရပ်များ လုပ်ဆောင်မည်ဖြစ်ကာ ပါတီဝင်ရောက်လိုသူများ အနေဖြင့်လည်း မှတ်ပုံတင်ပြီးစီးသည့်နောက်မှ စတင်လက်ခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပါတီမှတ်ပုံတင်သည့် ကိစ္စဆက်လက်ဆောင်ရွက်ရန် လာမည့်ရက်ပိုင်းအတွင်း အဖွဲ့ချုပ်၏ လက်ရှိ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ လာမည့် ရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်ရန်ရှိသည်ဟုလည်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပေးလိုက်ပြီးနောက် အဖွဲ့ချုပ် အနေဖြင့် နိုင်ငံရေးပါတီ တရပ်အဖြစ် ပြန်လည်မှတ်ပုံတင်ရန် နိုဝင်ဘာ ၁၈ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သည့် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံတင်ခြင်းနှင့် အတူ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ၀င်ရောက်ယှဉ်ပြိုင် ရန်စဉ်းစားထားကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ။

0 comments: