စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 11, 2011

ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားဆိုင်ရာနယ်ပယ်စုံမှ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ဒေသဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားဆိုင်ရာနယ်ပယ်စုံမှ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မန္တလေး စွမ်းဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး မန္တ လေးမြို့ စက်မှုဇုန်မှလုပ်ငန်းရှင်များ၊ ပွဲစားကုန်သည် စက်ပိုင်များ၊ မဟာကထိန်တော်အသင်း လုပ်ငန်းရှင်များ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကြံနှင့် ကြံထွက်ပစ္စည်း ထုတ်လုပ်ရောင်းဝယ် သူများအသင်း၊ ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် ကုမ္ပဏီများအပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ မုံရွာစက်မှုဇုန် လုပ်ငန်းရှင်များအသင်းနှင့် ကုန်စည်ဒိုင် လုပ်ငန်းရှင်များတက်ရောက်ကာ လုပ်ငန်းအသီးသီးအလိုက် အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် အသင်းကိုယ်စားပြုပုဂ္ဂိုလ်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရှုထောင့်မျိုးစုံမှ တင်ပြဆွေးနွေးကြရာတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကိုကြီးက ''အခုကုန်တင်ယာဉ်တွေအပေါ် တန်ချိန်သတ်မှတ်တာက လမ်းပျက်စီးမှုတစ်ခုတည်းကို ရှုမြင်ပြီး သတ်မှတ်ထားတာဖြစ်တယ်။ အဲဒီလိုသတ်မှတ်လိုက်တဲ့အတွက် အချိန်တွေ၊ ဘဏ္ဍာငွေကြေးတွေ၊ တောင်သူလယ်သမားတွေရဲ့သီးနှံဈေးနှုန်းအပြင် ကုန်ဈေးနှုန်းနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းစဉ်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်'' ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကိုကြီးက ''အာဆီယံနိုင်ငံတွေအတွင်း အချင်းချင်းသွားလာရတဲ့ ကုန်တင်ယာဉ်တွေကို အာဆီယံနှုန်းနဲ့ သတ်မှတ်သင့်တယ်။ ကိုယ့်နိုင်ငံရဲ့ ကုန်စည်စီးဆင်းမှု အတွက် ကုန်တင်ယာဉ်တွေကို သီးခြားစံနှုန်း သတ်မှတ်ပေးသင့်သလို တောင်သူထွက်ကုန်သီးနှံတွေ၊ စက်မှုကုန်ကြမ်းတွေကိုလည်း တန်ချိန်လျော့ပြီး သတ်မှတ် သင့်တယ်။ နိုင်ငံတော်အနေနဲ့ ၂၀၁၅ ခုနှစ် 'အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ (AFTA) ဆက်သွယ်ပေါင်းစည်းမှု မတိုင်မီရရှိတဲ့ အချိန်သုံးနှစ်တာကာလအတွင်းမှာ အခုလို အာဆီယံစံနှုန်းထက်နိမ့်ကျနေတဲ့ လမ်းတံတားတွေကို ထိန်းသိမ်းရေး တန်ပိုသတ်မှတ်ဆောင်ရွက်နေမယ့်အစား အာဆီယံနိုင်ငံတွေနည်းတူ စံချိန်စံညွှန်းမီတဲ့ လမ်းတံတားတွေ ဖြစ်ပေါ်လာအောင် ထိရောက်တဲ့ စီမံမှုတွေနဲ့ အချိန်မီ လုပ်ဆောင်သင့်တယ်'' ဟု အကြံပြုဆွေးနွေး တင်ပြခဲ့သည်။

0 comments: