တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ်နေမှုကို ၂၀၀၅ ခုနှစ်တွင် ရပ်ဆိုင်လိုက်ပြီးနောက်ပိုင်း ခြောက်နှစ်အကြာ မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဖွံ့ဖြိုးရေးအကူအညီအနေဖြင့် တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံအား ချေးငွေများ ထုတ်ချေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ်နေမှုကို ၂၀၀၅ ခုနှစ်တွင် မရပ်ဆိုင်းမီအချိန်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိသည့် အကူအညီနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သတင်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ရက်အနည်းငယ်အကြာ ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အ ထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်ကဏ္ဍသည်လည်း ယခုနှစ်ပိုင်းများတွင် တိုးတက်လာကြောင်း သိရသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment