စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 11, 2011

ဥပဒေများပီပြင်မှ လွှတ်တော်လုပ်ငန်းများ ပီပြင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးသာဖြစ်ပြီး ဥပဒေများ ပီပြင်ပြည့်စုံစွာ ပြုနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ပီပြင်မှသာ လွှတ်တော်လုပ်ငန်းတာဝန်များကို ပီပြင်စွာဆောက်ရွက်နိုင်မည်ဟု ခံယူထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရန်ကုန် (ရုံးခွဲ)ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးစနစ်အပြောင်းအလဲ ဟုဆိုရာတွင်လည်း ဒီမိုကရေစီဟု ပြောင်းလိုက်ရုံဖြင့် ပြီးသွားသည်မဟုတ်ပဲ ပြောင်းလဲလိုက်သည့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ လူမှုစီးပွားစနစ်ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။

''ကျွန်တော်တို့လွှတ်တော်ဟာ ဥပဒေပြုရမယ့် အဓိကတာဝန်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေပညာရှင်များကို ပြည့်စုံအောင်ဖွဲ့စည်းပြီး ဥပဒေများ ပီပြင်စွာပြုနိုင်မှ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်ကို ပီပြင်စွာ ဆောင်ရွက်နိုင်ပါမယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းမှ ပြောကြားခဲ့ပါသည်။

''လွှတ်တော်များသည် ဥပဒေပြဋ္ဌာန်းဖို့ အဓိက တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းတယ်ဆိုတဲ့နေရာမှာ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ ပါဝင်ပါတယ်။ ဒါဖြင့်ရင် တည်ဆဲဥပဒေများကို ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုပယ်ဖျက်မလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းများမေးလာမယ်ဆိုရင် ဥပဒေပြုတဲ့နေရာမှာ ဥပဒေကြမ်းကော်မတီကို လွှတ်တော်က သတ်မှတ်ထားတဲ့ စိစစ်ချက် ၁၂ ချက် ရှိပါတယ်။ အဲဒီစိစစ်ချက် ၁၂ ချက်နဲ့ ညီညွှတ်မှ ဒီဥပဒေကြမ်းအဖြစ် ဆက်လက်ဆွေးနွေး နိုင်ဖို့ သတ်မှတ်ထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးစီးပွားကို မဖြစ်ထွန်းဘူး၊ ကာကွယ်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ဟာ ဒီဥပဒေတွေကို အလျင်အမြန် ဖျက်သိမ်းပေးရမှာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ဒီနေ့နိုင်ငံမှာ လိုအပ်ချက်အရ ဥပဒေသစ်တွေပြ ဋ္ဌာန်းပေးဖို့ လိုတယ်ဆိုလို့ရှိရင်လည်း ဒီကော်မရှင်ကလွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ လိုအပ်မယ်ဆိုလို့ရှိရင် ပြင်ဆင်ဖို့လိုတဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့ ဘယ်ဥပဒေက ဘယ်အပိုင်းဘယ်အပိုဒ်မှာတော့ ဒီလိုဖြစ်နေတယ် ဒါကိုပြင်ဆင်မှသာလျှင် ဒီနေ့ လက်တွေ့ဆောင်ရွက်နိုင်မယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွား ဖြစ်ထွန်းမှာဖြစ်တယ်ဆိုတာကိုလည်း ဒီကော်မရှင်က ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း တင်ပြပေးရမှာဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

''ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေရှိတယ် မှန်တယ် ကောင်းတယ်၊ အပြောင်းအလဲရှိမှလဲ တိုးတက်မယ် တိုးတက်သောအပြောင်းအလဲအတွက်လည်း ကျွန်တော်တို့ လက်ခံဆောင်ရွက်ရမှာ။ အပြောင်းအလဲ လို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးစနစ် အပြောင်းအလဲက ဒီမိုကရေစီဆို ပြီးသွားရော။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်နိုင်ဖို့က စီးပွားရေးအပြောင်းအလဲ တစ်ဆင့်ပြောရမယ်ဆိုလို့ရှိရင် လူမှုစီးပွားရေးစနစ် ကောင်းမွန်လာဖို့ ဒီဟာအရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ စနစ်အရ ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ဆောင်ရွက်ထားပြီးပြီ။ ဆောင်ရွက်နိုင်ခဲ့ပြီ။ အဲဒီနည်းတူ လွှတ်တော်ဘက်ကလည်း လွှတ်တော်ရေးရာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စများကို တော်တော်လေး ဆောင်ရွက်ပြီးပြီ။ သို့ရာတွင် နိုင်ငံမှာ ဒီနေ့ တစ်ကယ်လိုအပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်တော့ လုပ်ဖို့အများကြီး ကျန်သေးတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဘဲနဲ့တော့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှာ မဟုတ်ဘူး။ အဲဒီနည်းတူပဲ လူမှုစီးပွားရေး တိုးတက် ကောင်းမွန်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်လည်း လေ့လာပေးပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေများကိုလည်း လေ့လာပေးပါဆိုပြီးတော့ ကော်မရှင်ကို တာဝန်ပေးပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

0 comments: