စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 19, 2011

အာရပ်နွေဦးတော်လှန်ရေး ပေါက်ဖွားစေသော တူနီးရှား စံပယ်ဖြူတော်လှန်ရေး တစ်နှစ်ပြည့်

Mohamed Bouazizi ၏ သစ်သီးလှည်းပုံစံ ရုပ်တုအနီး လူအများ စုဝေးနေစဉ်

ယခုနှစ်အတွင်း အာရပ်နှင့် အာဖရိကနိုင်ငံအချို့ရှိ အာဏာရှင်ခေါင်းဆောင်များ ရာထူးမှပြုတ်ကျစေခဲ့သော အာရပ်နွေဦး လူထုတော်လှန်ရေး ပေါက်ဖွားစေခဲ့သည့် တူနီးရှားစံပယ်ဖြူတော်လှန်ရေး တစ်နှစ်ပြည့် အခမ်းအနား ကို ဒီဇင်ဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့ရာ ပြည်သူထောင်ပေါင်းများစွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ်က တူနီးရှားတွင် သစ်သီးရောင်းသော ဘွဲ့ရအလုပ်လက်မဲ့လူငယ်တစ်ဦးသည် ရဲများ၏ မတရားလုပ်ခံရမှုအပေါ် မကျေနပ်ရာမှ ဒီဇင်ဘာလ ၁၇ ရက်တွင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေရာမှ အစပြုကာ တူနီးရှား စံပယ်ဖြူတော်လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

Mohamed Bouazizi ဆိုသူ ယင်းလူငယ်နေထိုင်ရာ Sidi Bouzid မြို့တွင်ပြုလုပ်သော တစ်နှစ်ပြည့်အခမ်းအနားသို့ မကြာသေးမီကမှ သမ္မတ အဖြစ်ရွေးချယ်ခံရသော မိုဆက်ဖ်မာဇိုကီလည်း တက်ရောက်ခဲ့သည်။

''ကျွန်တော့်ပတ်လည်ကို ကြည့်လိုက်တဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က ဘင်အလီအစိုးရရဲ့ ရဲတပ်ဖွဲ့တွေရဲ့ကျည်ဆန်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ လူငယ်တွေကို တွေ့ခဲ့ရပါတယ်'' ဟု လူ့အခွင့်အရေးလှုပ်ရှားသူ Sabrine Ammari က ပြောကြားခဲ့သည်။ တူနီးရှားလူထုတော်လှန်ရေး ကြောင့် နိုင်ငံကို ၂၃ နှစ်ကြာအုပ်စိုးခဲ့ သော သမ္မတဟောင်း ဘင်အလီမှာ ယခုနှစ် ဇန်န၀ါရီလ ၁၄ ရက်တွင် နိုင်ငံမှထွက်ပြေးခဲ့ရပြီး ဆော်ဒီအာရေဗျသို့ ခိုလှုံခဲ့သည်။

တူနီးရှားတော်လှန်ရေးသည် အခြားနိုင်ငံများသို့လည်း အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး အီဂျစ်သမ္မတဟောင်း ဟော့စနီမူဘာရက်မှာ ရာထူးဖြုတ်ချခံရသည်။ လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီမှာလည်း ပြည်တွင်းစစ်အတွင်း အသတ်ခံခဲ့ရသည်။ ယီမင်သမ္မတ ဆာလက်ဟ်မှာလည်း ရာထူးနုတ်ထွက်ရန် သဘောတူထားပြီး ဆီးရီးယားတွင် သမ္မတအာဆတ်မှာလည်း ရာထူး နုတ်ထွက်ရန် အပြင်းအထန် ဖိအားပေးခံနေရသည်။

Ref:CNN

0 comments: