စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

World AIDS Day အထိမ်းအမှတ် HIV AIDS Knowledge Fair 2011 ကျင်းပ


မြန်မာနိုင်ငံ ဆရာဝန်အသင်း နှင့်ကမ္ဘာ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့တို့မှ ဦးစီးပြုလုပ်သည့် World AIDS Day အထိမ်းအမှတ် HIV AIDS Knowledge Fair 2011 (အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဗဟုသုတပွဲတော်)ကို ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဗဟုသုတပွဲတော်ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်ပြခန်း၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ပြခန်း၊ MBCA အဖွဲ့ပြခန်း၊ Marre Stopes International ပြခန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းပြခန်း၊ AFXB ပြခန်းများ ပါဝင်ပြသခဲ့သည်။

ထို့အပြင် အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့်အတူ လူငယ်များ ကိုယ်တိုင်စီစဉ် ဖန်တီးထားသည့် သီချင်းများ၊ ပြဇာတ်၊ အက၊ အငြိမ့်နှင့် အခြားဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“လူငယ်တွေကြားထဲကို HIV/AIDS ပတ်သက်တဲ့ ဗဟုသတတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ ရောက်ဖို့ အဓိကရည်ရွယ်ချက်ပါ။ ဒီလိုလုပ်တဲ့နေရာမှာ သမားရိုးကျ နည်းလမ်းကနေ ခွဲထွက်ပြီး လူငယ်တွေ စိတ်ဝင်စားတဲ့ ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ရောက်ဖို့အတွက် ဒီလိုပွဲမျိုး ကိုပြုလုပ်ရတာပါ”ဟု ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ လက်ထောက် ဌာနေကိုယ်စားလှယ် ဒေါက်တာ နေ၀င်းက ဆိုပါသည်။ ယင်းဗဟုသုတ ပွဲတော်ကို မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ UNFPA နှင့်အခြား ပြည်တွင်း ပြည်ပ လူမှုရေးအဖွဲ့အစည်း များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

0 comments: