စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

ရုပ်ရှင်ဆင်ဆာမူဝါဒ အချို့လျှော့ပေါ့ Relax some Film censor regulations

ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ရုပ်ရှင်နှင့် ဗွီဒီယို ဆင်ဆာဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက် ၄ ချက် လျော့ပေးလိုက်သော်လည်း ရုပ်ရှင်နှင့်ဗွီဒီယိုလုပ်ငန်း တိုးတက်ဖို့ အတွက် လုံလောက်မှုမရှိသေးဟု ရုပ်ရှင်၊ ဗီဒီယို ဒါရိုက်တာအချို့ ကသုံးသပ်ပြောဆိုကြသည်။

ယခုလ ၁၀ ရက်နေ့တွင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ရုပ်ရှင်နှင့်ဗီဒီယိုများ အပေါ်တင်းကျပ်ထားသည့် ဆင်ဆာအချက် ၁၀ ချက်မှ ၄ချက်ကို လျော့ချလိုက်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်လုပ်ငန်းချုပ်တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

မြန်မာရုပ်ရှင်နှင့် ဗွီဒီယိုဆင်ဆာအဖွဲ့ ညွှန်ကြားရေးမှူး (ပြသ) ဦးရဲဝင်းက “ အကြမ်းဖျဉ်းပြောရရင် ဆင်ဆာမူကြီး ၁၀ ချက်ရှိတယ်၊ ၆ ချက်ကိုထားပြီး ၄ ချက်ဖြုတ်တယ်၊ မူကြီး ၁၀ ချက်အောက်မှာ အချက်သေး လေးတွေ စုစုပေါင်း ၄၂ ချက်ရှိပါတယ်။ အဲဒီ ၄၂ ချက်မှာ ၁၆ ချက်ပဲ ချန်ထားပြီး ၂၆ ချက်လောက်ပြုတ်သွားပါတယ်” ဟု YPI သို့ အတည်ပြုပြောဆိုသည်။

ယခုကဲ့သို့ လျော့ချလိုက်ခြင်းနှင့်ပတ်သက်၍ ရုပ်ရှင်ဒါရိုက်တာ အချို့ကို ဆက်သွယ်မေးမြန်းရ အထူးတလည် ကြိုဆိုခြင်းမတွေ့ရပဲ ဆင်ဆာအချို့ လျော့ချရုံမျှဖြင့် ရုပ်ရှင်နှင့်ဗီဒီယို လုပ်ငန်းတိုးတက်ဖို့ အတွက်အထောက် အကူမဖြစ်နိုင်သေးကြောင်း ပြောဆိုကြသည်။

"ဒီလေးချက်ကိုလျော့ပေးတယ်ဆိုတာ မပြည့်စုံသေးဘူးအခု ဆင်ဆာမူဝါဒလျော့ပေးတယ်ဆိုတာ ကပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သိပ်စဉ်းစားမနေဘဲ လျော့ပေးပါ လို့ အသံတွေထွက်လာလို့ ဒါလေးကတော့ နည်းနည်းတော့လျော့ပေးလိုက်မယ်ဆိုပြီးတော့ အဲလိုအလွယ်တကူနဲ့လျော့လိုက်တာမျိုးပဲ။ " ဆာတိုရီရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော်ကYPI သို့ပြောသည်။

၎င်းဧ။်ပြောကြားချက်အရ ဆင်ဆာမူအရ သတ်မှတ်ထားသောအချက် ၁၀ ချက်သည် ရေရာမှုမရှိဘဲ ဆင်ဆာအဖွဲ့၏ ပါးစပ်အတွင်းမှာရှိသည့် အချက်များဖြစ်ပြီး ဆင်ဆာနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စာအုပ်မှာ သုံးလက်မ၀န်းကျင် အထူရှိ၍ အချက်ဆယ်ချက်ထက်မက ဟုဆိုသည်။

တင်းကျပ်ထားသည့် ဆင်ဆာ အချက်၁၀ ချက်မှာ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး ၊အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများပါဝင်မှု မရှိစေရေး၊ ကာမဆိုင်ရာ လှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ရာဇ၀တ်မှု ပပျောက်ရေး၊ညစ်ညမ်းမှု ကင်းရှင်းရေး၊ကလေးသူငယ်အရေး တို့ဖြစ်သည်။

ယင်းတို့အနက်မှ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ရာဇ၀တ်မှု ပပျောက်ရေး၊ ညစ်ညမ်းမှုကင်းရှင်းရေး၊ ကလေးသူငယ်အရေးတို့ကို လျော့ပေးလိုက်ခြင်းဖြစ်ပြီး အချက် ၆ ချက်မှာကျန်ရှိနေသေးသည်ဟု အကြမ်းဖျဉ်းထုတ်ပြန်သည့် အသိပေးကြေညာချက်အရ သိရှိရသည်။


၂၀၁၀ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် တွေ့မြင်ရသည့် မြင်ကွင်းတချို့


လက်ရှိ The Art of Freedom Film Festitival တွင်ဦးဆောင်ပါဝင်နေသူတစ်ဦး လည်းဖြစ်၍ အင်းသီး မှတ်တမ်း ရုပ်ရှင်ဖြင့် ဗီယက်နမ်တွင် Best Documentary 2010အမျိုးအစားအတွက် ဒုတိယဆု ဆုရခဲ့သူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက " အခုလျော့ပေးလိုက်တာ ဘယ်လိုမှမမြင်ဘူး အချက်လေးချက်လျော့တာ ဆယ်ချက် လျော့တာတို့ တချက်မှမထားတာတို့ ဆင်ဆာစည်းမျှဉ်း ဥပဒေနဲ့ဖြတ်တောက်တယ် ဆိုတာကတော့ တကယ်တမ်းကျတော့ ဘာမှမဟုတ်ဘဲနဲ့ သူတို့ပါးစပ်ထဲရှိတာလျောက်ပြောနေတာလေ အချက်လေးချက်လျော့တာတို့ အချက်တွေကျန်တာတို့ ဘာမှမဟုတ်ပါဘူး" ဟု ၎င်းကပြောသည်။

မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာရီဇော်တို့ ဧ။်ပြောကြားချက်အရ ဆင်ဆာမူဝါဒနှင့်ပတ်သတ်၍ ယခုကဲ့သို့ အချက်များလျော့ချပေးခြင်းထက် ၎င်းတို့ ရုပ်ရှင် အဖွဲ့သားများတောင်းဆိုထားသည့် လက်ရှိအစိုးရအဖွဲ့ဝင် ၁၇ ဦးဖြင့်ဖွဲ့စည်းထားသောဆင်ဆာအဖွဲ့ကို ရုပ်ရှင်နှင့်ဗီဒီယို အကြောင်းတတ်သိနားလည်သည့် အဖွဲ့ဝင်များဖြင့် ပြန်လည်ဖွဲ့စည်းဖို့ လိုသည်ဟုဆိုသည်။

"မြန်မာ့ရုပ်ရှင်လုပ်ငန်း တိုးတက်ဖို့ဆိုရင် အားလုံးအမြစ်ကလှဲပစ်ရမယ်" ဟု မင်းထင်ကိုကိုကြီးကဆိုသည်။

ထို့အပြင်မြန်မာ့ ရုပ်ရှင်နှင့်ဗီဒီယိုလုပ်ငန်းတိုးတက်ဖို့အတွက် ဆင်ဆာလွတ်လပ်ခွင့်ပေးရုံဖြင့်မလုံလောက်ဘဲ လူသားအရင်းအမြစ် ၊နည်းပညာ၊ တတ်သိပညာရှင်များလိုအပ်ပြီး အဆိုပါတို့ကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးနိုင်မှသာလျင် တိုးတက်လာမည်ဖြစ်ကြောင်း ဒါရိုက်တာများက ပြောသည်။

သို့သော် မာန်ထက်ချီ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်သူနှင့် မြန်မာနိုင်ငံဗီဒီယိုအခြေခံအဖွဲ့ဗဟိုတွင် တာဝန်ရှိသူတဦးဖြစ်သည့် ဦးဝင်းကိုကမူ ဆင်ဆာမူ သတ်မှတ်ချက် လျော့ချပေးလိုက်ခြင်းကိုကြိုဆိုသည်ဟုဆိုသည်။

" အရင်ကတုနုးကဆင်းရဲသားကားရိုက်ရင် ဆင်းရဲသားဘ၀ကိုပြရင် ကောင်မလေးကခရေပန်ေးတွကောက် ရန်ကုန်မီးပွင့်လမ်းဆုံမှာပန်းလေးတွေ ရောင်းတယ်ဆိုပါစို့ ဒါကိုကလေးသူငယ်အရေးကကြည့်ရင် ကလေးတွေကအသက် မပြည့်ရင်စီးပွားမရှာရဘူးတို့ လက်ဖက်ရည်ဆိုင်တွေမှာ ကလေးစားပွဲထိုးမရှိရဘူးတို့ အဲဒါတွေရှိတယ် အခုအဲဒါတွေလျော့ပေါ့ပေးလိုက်တော့ ဇာတ်လမ်းအဆန်းတွေပိုလုပ်နိုင်မယ်လို့ မျော်လင့်တယ်"ဟု၎င်းကဆိုသည်။

သို့သော် မြန်မာ့ရုပ်ရှင်နှင့်ဗီဒီယို လုပ်ငန်းတိုးတက်ရန် ဆင်ဆာလျော့ပေါ့ရေးသာမက ခိုးကူးခွေများကိုလည်း သက်ဆိုင်ရာမှ ထိထိရောက်ရောက်နှိမ်းနှင်းသင့်ဟု သူ့အမြင်ကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရုပ်ရှင်လောကသားများစုံညီစွာတက်ရောက်ခဲ့သည့် ဆင်ဆာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ရာယင်းဆွေးနွေးပွဲမှ အဓိကထားဆွေးနွေးခဲ့ကြသည့် ဆင်ဆာမူဝါဒလျော့ပေါ့ရေး၊ ဆင်ဆာဘုတ်အဖွဲ့ပြင်ဆင်ဖွဲ့စည်းရေး၊ တပြေညီဆင်ဆာမူဝါဒကျင့်သုံးရေးဟူ၍ စာတမ်းတခု ထုတ်ပြန်ခဲ့ပြီး အဆိုပါစာတမ်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးမြင့်သိန်းဖေက ပြည်ထောင်စုပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းထံတင်ပြသွားမည်ဟုပြောခဲ့သည်။ ။

0 comments: