ဒီဇင်ဘာလ ၁၄ ရက်နေ့က ဟာမီလ်တန် အမျိုးအစား
Gregorip del Pilar စစ်သင်္ဘောရှေ့တွင် ရပ်နေသော ဖိလစ်ပိုင်သင်္ဘောသားများ
Gregorip del Pilar စစ်သင်္ဘောရှေ့တွင် ရပ်နေသော ဖိလစ်ပိုင်သင်္ဘောသားများ
ယခုနှစ်အတွင်း အမေရိကန်နိုင် ငံမှရရှိခဲ့သော စစ်သင်္ဘောသစ်ကို တ ရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ်ပင်လယ်ရေပိုင်နက်သို့ ဒီဇင်ဘာလ ၁၄ ရက်တွင် စေလွှတ်ခဲ့ ကြောင်း ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုက မနီလာမြို့ရှိ ရေတပ်ဌာနချုပ် တွင် ပြောကြားခဲ့သည်။
အရှည် ၁၁၅ မီတာ (၃၇၈ ပေ) ရှိ Gregorio del Pilar စစ်သင်္ဘော သည်တောင်တရုတ်ပင်လယ် ဖိလစ်ပိုင် ပိုင်ဆိုင်သည်ဟုယုံကြည်ရသည့် ရေပိုင်နက်များတွင် ကင်းလှည့်သွား မည်ဖြစ်သည်။ ယင်းသင်္ဘောနာမည်မှာ ဖိလစ်ပိုင်တော်လှန်ရေးအတွင်း ပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီးတစ်ဦးနာမည်ကို မှည့်ထားခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်ရှိ ကျွန်း စုများအငြင်းပွားမှုဖြစ်နေစဉ် အမေ ရိကန်ထံမှရရှိသော ယင်းစစ်သင်္ဘောကို ဒုတိယကမ္ဘာစစ်ခေတ်ဖျက်သင်္ဘော နေရာတွင် အစားထိုးမည်ဖြစ်သည်။ တရုတ်နိုင်ငံကလည်း တန်ချိန် ၃၀၀၀ ရှိသော အကြီးဆုံးကင်းလှည့် ရေယာဉ် ဟိုင်ကျန်း ၅၀ ကို အရှေ့ တရုတ်ပင်လယ်သို့ ဒီဇင်ဘာလ ၁၄ ရက်တွင် စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ကျွန်းစုများ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်နှင့်အရှေ့တောင် အာရှနိုင်ငံအချို့အကြား အငြင်းပွားမှုများမှာ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့ရာ စစ်ဖြစ်နိုင်ခြေ အလားအလာ အများဆုံးရှိသော နေရာတစ်ခုဖြစ်လာနေသည်။
Ref: AFP











0 comments:
Post a Comment