စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

ရခိုင်ကမ်းရိုးတန်းတွင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာခဲ့မှုအရ အင်အားကြီး တစ်ကျော့ပြန်ငလျင်များ အချိန်မရွေး လှုပ်ခတ်နိုင်ကြောင်း တွေ့ရှိခဲ့ရ

၁၉၉၆ ခုနှစ် စိုင်ခြုံကျေးရွာအနီး မီးတောင်ပေါက်ကွဲပြီး မြေကြီးများ ကွဲအက်နေသည်ကို တွေ့ရစဉ်

ရခိုင်ကမ်းရိုးတန်းဒေသတွင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာမှုပြုလုပ်ခဲ့ပြီးနောက် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသတွင် ယခင်ခန့်မှန်းထားသည်ထက် အချိန်စော၌ အင်အားကြီးငလျင် တစ်ကျော့ပြန် လှုပ်ခတ်နိုင်စွမ်း အချိန်မရွေးဖြစ်နိုင်ကြောင်း နိုင်ငံခြားမှ ပညာရှင်များ နှင့်အတူ လေ့လာမှုများအရ သိရှိရကြောင်း သတင်းရရှိပါသည်။

ရခိုင်ကမ်းရိုးတန်းဒေသရှိ မြေဆီလွှာသည် ဘူမိဗေဒ သဘောတရားအရ ငလျင်ကြီးများ လှုပ်ခတ်တတ်သည့် အင်ဒိုနီရှားနိုင်ငံ ၂၀၀၄ ခုနှစ် ဆူနာမီငလျင်ကြီးလှုပ်ခတ်ခဲ့သော ဆူးမားတြားဒေသတို့နှင့် မြေဆီလွှာပုံစံချင်း တူညီနေသောကြောင့် နိုင်ငံခြားပညာရှင်များနှင့်အတူ ပူးပေါင်း၍ ၂၀၀၅ ခုနှစ်မှ စတင်ပြီး အတိတ်ငလျင်ကြီးများကို အကျယ်တ၀င့် လေ့လာခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လေ့လာမှုများအရ နှစ်ပေါင်းသုံးထောင်အတွင်း အင်အားကြီးငလျင် သုံးကြိမ်ခန့်လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ နောက်ဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်မှာ ၁၇၆၂ ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၇ နှင့် ၉ အကြား ငလျင်လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ကြောင်းနှင့် ၂၀၀၅ ခုနှစ်က ဂျပန်ဘူမိပညာရှင်များနှင့်အတူ လေ့လာမှုအရ ငလျင်ကြီး တစ်ကျော့ပြန်လှုပ်နိုင်ခြေ နှစ်ပေါင်း ၉၀၀ ခန့်လောက် ကြာမြင့်နိုင်ပြီး ၂၆၆၀ ခုနှစ် ခန့်လို့ ခန့်မှန်းခဲ့ကြကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်က မာန်အောင် ကျွန်းဘက်ပိုင်းတွင် အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်ဆန်းပိုင်းက စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်က မြေကမ္ဘာလေ့လာရေးဋ္ဌာနနှင့် ပူးပေါင်းလေ့လာခဲ့မှုအရ အရင်ခန့်မှန်းထားသည်ထက်စောပြီး နှစ် ၂၀၀၊ ၃၀၀ ၀န်းကျင်အကြား တစ် ကျော့ပြန် ငလျင်ကြီး လှုပ်ခတ်နိုင်သည်ဟု တွေ့ရှိရကြောင်း သိရသည်။ ယခုဆိုလျှင် နှစ် ၂၅၀ ရှိနေပြီဖြစ်ပြီး အတိတ်ငလျင်ကြီးများ လှုပ်ခတ်ခဲ့မှုများကြောင့် မြေဆီလွှာ တွန့်ခေါက်နေမှု၊ မြေသားမြင့်တက်နေမှုများသည် မာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်းတောင် ပိုင်းနှင့် စစ်တွေမြို့တောင်ပိုင်း ဖရုံကာကျွန်းများတွင် အများဆုံးဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ဒေသတစ်လျောက် လေ့လာမှုများကို ၂၀၀၅ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဂျပန်၊ ပြင်သစ်ပညာရှင်များ ၂၀၁၁ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်မှ ပညာရှင်များနှင့် လေ့လာခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်း ကျွန်းများပေါ်တွင် မြေပေါ်မြေအောက် ရွှံမီးတောင်များ၊ ရေအောက်ရွှံ့မီးတောင်များလည်း နှစ်များမကြာမီ မကြာခဏ ပေါက်ကွဲနေကြောင်း သိရသည်။

0 comments: