စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 19, 2011

မြစ်ကြီးနား-မန္တလေး ကုန်ရထား၌ ဗုံးတွေ့ရှိပြီးနောက် လုံခြုံရေးတင်းကြပ်၊

မြစ်ကြီးနားမှ မန္တလေးသွား ကုန်ရထား နမ္မတီး အရောက်တွင် ဗုံး ၄လုံးရှာဖွေတွေ့ရှိပြီးနောက် မြစ်ကြီးနားဘူတာနှင့် မြို့တွင်းလုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း မြစ်ကြီးနား မြို့ခံများကပြောသည်။

ယနေ့ည မန္တလေးမှ မြစ်ကြီးနားသို့ ရောက်ရှိလာသည့် မြစ်ကြီးနားမြို့ခံတဦးက ပြောပြရာတွင် ဘူတာရုံတွင် ရဲများလက်နက်အပြည့်အစုံဖြင့် လုံခြုံရေးချထားကြောင်း၊ နမ္မတီးတွင် ကုန်ရထားဗုံးတွေ့ရသည့် အဖြစ်အပျက်နှင့် ဆက်စပ်မည်ဟု ထင်ကြောင်းပြောပြသည်။

မြစ်ကြီးနားမြို့တွင်းတွင်လည်း ယနေ့ညနေ ၅ နာရီမှစတင်ပြီး အထက ၁ အရှေ့နှင့် မြို့သစ် နာရီစင်ကွေ့တို့တွင် အရပ်ဝတ် လူ ၂၀ ခန့်စီဖြင့် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်များကို ထိုင်ခုံဖွင့်ရှာဖွေသည်အထိ စစ်ဆေးလျှက်ရှိသည်ဟု လည်းမြစ်ကြီးနားမြို့ခံများက ပြောသည်။

ယခင်သီတင်းပတ်အနည်းငယ် မြစ်ကြီးနား မြို့တွင်းဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေး တင်းကြပ်ခြင်းနှင့် စစ်ဆေးခြင်းများ ရပ်နားသွားပြီးနောက် ယနေ့ညနေမှ ပြန်လည် စတင်စစ်ဆေးနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့ညက မြစ်ကြီးနားမြို့ သီတာရပ် လူနေအိမ်တလုံးအတွင်း ဗုံးပေါက်ကွဲခဲ့ရာမှ လူ ၁၀ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့သည်။ ပေါက်ကွဲမှု အကြောင်းရင်းကို ယခုချိန်ထိ ရှင်းလင်းစွာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ယခုလ ၁၀ ရက်နေ့နေ့စွဲဖြင့် ညွှန်ကြားထားသော်လည်း ရက်သတ္တ တပတ်ကျော်ကြာသည်အထိ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ ။

0 comments: