စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

ဟနွိုင်းမြို့မှ ၃၃ ထပ်မြင့်သည့် မျှော်စင်ညီနောင်တွင် မီးလောင်မှုဖြစ်ပွား

ဒီဇင်ဘာလ ၁၅ ရက်နေ့က ဟနွိုင်းရှိ မျှော်စင်ညီနောင်တွင် မီးလောင်နေစဉ်

ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟနွိုင်းရှိ အထပ် ၃၃ ထပ်ရှိသော မျှော်စင်ညီနောင်တွင် ဒီဇင်ဘာလ ၁၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပြီး မီးလောင်မှုဖြစ်စဉ်ကို ဗီယက်နမ် သတင်းဌာန၏ အွန်လိုင်းနှင့် Tuoi Tre သတင်းစာတွင် ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။

ဆောက်လုပ်ဆဲဖြစ်သော ယင်းဆောက်အအုံတွင် ရောက်ရှိနေသူများ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြောင်း မီးလောင်သည့်နေရာတွင် ရောက်နေသော မျက်မြင်သက်သေတစ်ဦးဖြစ်သူ Chuck Searcy က ပြောကြားခဲ့သည်။ မီးခိုးမွှန်ခဲ့သူအချို့ကို ဆေးရုံသို့ ပို့ခဲ့ကြောင်း Searcyက ပြောကြားခဲ့သည်။

သို့သော် လူဒါဇင်ပေါင်းများစွာမှာ ဒဏ်ရာရခဲ့ကြောင်း Tuoi Tre နေ့စဉ်သတင်းစာက ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ VN-Express သတင်းဝက်ဘ်ဆိုက်လည်း လူ ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့ သည်။ အထပ်၂၃ ထပ်တွင်လူ ၂၀ ခန့်မှာ ပိတ်မိနေခဲ့သော်လည်း အန္တရာယ်မရှိတော့ကြောင်း ရဲတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အထပ် ၃၃ ထပ်ရှိသော ယင်းမျှော်စင်ညီနောင်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲရေး EVN စင်တာ၏ ရုံးခန်းများရှိကြောင်း သိရသည်။ မြို့လယ်တွင်ရှိသော ယင်းမျော်စင်၌ မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

Ref:AFP,CNN

0 comments: