၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ဏ အက္ခရာကား ဟောင်းများကို အပ်နှံမှုကို စတင် လက်ခံသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ သည်။
ယခုအခါတွင် ည အက္ခရာ ကားဟောင်းများအပ်နှံမှုမှာ ပြီးစီးလု ပြီဖြစ်ကြောင်း၊ ည အက္ခရာကား ဟောင်းများအပ်နှံမှုပြီးစီးနှင့်သည် ဏ အက္ခရာကားဟောင်းများကိုအပ် နှံခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဏ အက္ခရာကားဟောင်းများပြီးသည် နှင့် ထ အက္ခရာကားဟောင်းများကို ထပ်မံ၍ အပ်နှံမှုလက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
“လာမယ့် ဇန်န၀ါရီလ ၁ ရက် နေ့က စပြီး ဏ အက္ခရာကား ဟောင်းတွေကို အပ်နှံမှု စတင်လက် ခံပါမယ်။ ကျွန်တော်တို့ ရထားပို့ ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ သတင်းအချက်အလက်တွေကို ဖြေကြားပေးနေတဲ့အတွက် ဆက်သွယ် ပြီးတော့လဲ တိကျတဲ့ သတင်းတွေကိုပဲ ရယူစေချင်ပါတယ်။ တစ်ချို့အပြင်က သတင်းတွေက ကွဲလွဲနေလို့ပါ။ ကျွန်တော်တို့ တောက်လျှောက် ဖြေကြားပေးနေပါတယ်” ဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ကားဟောင်းများ အပ်နှံထားမှုမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ၂၂၀၀၀ ကျော် အပ်နှံပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်း ကားဟောင်း အပ်နှံမှုများမှာ ရက်အလိုက် ပျမ်းမျှအပ်နှံနိုင်မှုနှုန်းမှာ လျော့နည်း သွားကြောင်းလည်းသိရသည်။
ယခင်စတင်စဉ်က တစ်ရက် လျှင် အစီးရေ ပျမ်းမျှ ၄၀၀ ကျော် အပ်နှံခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၂၀၀ ကျော်သာ အပ်နှံမှုပြုလာကြောင်းလည်း သိရသည်။

0 comments:
Post a Comment