စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

ကြားဖြတ်ရွေးကောက်ပွဲတွင် မီဒီယာများအား ဥပဒေနှင့်အညီ လွတ်လပ်စွာ သတင်းရယူခွင့် ပြုသွားမည်

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးနောက် ထပ်မံကျင်းပမည့် နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတွင် မီဒီယာများအား ဥပဒေနှင့်အညီ လွပ်လပ်စွာ သတင်းယူခွင့် ပြုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ပါသည်။

ဦးတင်အေးက “အခုကြားဖြတ် ရွေးကောက်ပွဲမှာ မီဒီယာတွေကို ဥပဒေနဲ့အညီ လွပ်လပ်စွာ သတင်းယူခွင့်ပြုမှာပါ။ မီဒီယာတွေဘက် ကလည်း နားလည်ပေးပါ။ အတိတ် က ဟာတွေကို မေ့လိုက်ပါ။ လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါမယ်။ ပြင်ပကလာတဲ့ မီဒီယာတွေကို ဖိတ်ကြားဖို့၊ မဖိတ်ကြားဖို့ကို တိတိကျကျဖြေနိုင်တဲ့ အခြေအနေ မရှိသေးပါဘူ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သံရုံးက ပုဂ္ဂိုလ် တွေကို ဖိတ်ခဲ့ပါတယ်”ဟု ပြောကြား ခဲ့သည်။

ထို့အပြင် “၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်တယ်လို့ ကျွန်တော် အနေနဲ့ ယူဆပါတယ်။ ၂၀၁၀ ရွေး ကောက်ပွဲက အားနည်းချက်တချို့ ရှိကောင်းရှိပါလိမ့်မယ်။ ၂၀၁၀ ရွေး ကောက်ပွဲက အားနည်းချက်တွေကို သင်ခန်းစာယူပြီး နောင်ရွေးကောက်ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားပါမယ်။ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင်လည်း ကြိုးစားသွားပါ မယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ တက် ရောက်လာသော သတင်းသမားတစ် ဦးက “၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် မရခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ် လပ်စွာသတင်းရယူခွင့်နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးပါမည်နည်း” ဟုမေးမြန်းချက်အပေါ် “ဥပဒေနှင့် အညီ လွတ်လပ်စွာ သတင်းရယူခွင့် ပြုမည်ဖြစ်ကြောင်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းသတင်းရယူ လိုပါက ဦးဝင်းကို(ညွှန်ကြားရေးမှူးချုပ်)၊ ဖုန်း-၀၆၇-၄၀၄၄၇၅ သို့ လည်းကောင်း၊ ဦးသောင်းလှိုင် (ညွှန်ကြားရေးမှူး)၊ဖုန်း-၀၆၇-၄၀၄၂၁၄ သို့လည်းကောင်း၊ ဦးလှမောင်ချို (ဒု တိယညွှန်ကြားရေးမှူး)ဖုန်း-၀၆၇-၄၀၄၂၁၉ သို့လည်းကောင်း ဆက်သွယ်မေးမြန်း သတင်းရယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ပြောကြားခဲ့သည်။

0 comments: