ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင် နှင့် အလုပ်သမားဝန်ကြီးဌာနတို့အကြား EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) အရ လာမည့် ၂၀၁၂ ခုနှစ် အတွင်းတွင်လည်း ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS- KLT) စစ်ဆေးမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ သိရသည်။
EPS စနစ်ဖြင့် အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)အား ၂၀၀၈ ခုနှစ် က ရေးထိုးခဲ့ပြီး အဆိုပါအချိန်က ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ရွှေအင်းဝ ၀န်ဆောင်မှုအေဂျင်စီတို့ ပူးပေါင်း၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလလ ၁၉ ရက်နေ့တွင် ပထမအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS- KLT) စစ်ဆေးခဲ့ပြီး အောင်မြင်သူအချို့ကို လုပ်သား အဖြစ် ကိုရီးယားသို့ စေလွှတ်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လ ၂၉ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် ကိုရီးယားသမ္မတ နိုင်ငံ အလုပ်အကိုင်နှင့်အလုပ်သမား ၀န်ကြီးဌာနတို့ အကြား EPS စနစ် ဖြင့်အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ပြန်လည် လက်မှတ်ရေးထိုးခဲ့ပြီး ကိုရီးယားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ကိုရီးယားနိုင်ငံက အလုပ်သမားခေါ်ယူမှုအတွက် EPSစာမေးပွဲကို တစ်နှစ်တစ်ကြိမ် အနည်းဆုံးတော့ လုပ်မှာဖြစ်တဲ့အတွက် လာမယ့် ၂၀၁၂ ခုနှစ်မှာလည်း EPS စာမေးပွဲ လုပ်သွားမှာပါ။ စာမေးပွဲပြုလုပ်မယ့် အချိန်နဲ့ လာမယ့်နှစ်အတွက် မြန်မာဘက်က ခွဲတမ်းဘယ်လောက် ရမယ်ကတော့ အခုအထိ မသိရသေးပါဘူး” ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြပါသည်။

0 comments:
Post a Comment