စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 14, 2011

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကလို့ထူးဘောအဖွဲ့ (ယခင် DKBA)တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကလို့ထူးဘောအဖွဲ့ (ယခင် DKBA) တို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံမှုအပြီးတွင် နှစ်ဘက် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သည့်အဖွဲ့ဝင် ခုနစ်ဦးနှင့် ကလို့ထူးဘောအဖွဲ့တွင် ဦးစောလားပွယ် ဦးဆောင်သော အဖွဲ့ဝင် ခြောက်ဦးပါ ၀င်ခဲ့ကြကြောင်း သိရှိရပါသည်။ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အချက်(၆)ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကာ အဆိုပါအချက်များတွင် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက်ကို အတည်ပြုခြင်း၊ ပြည်ထောင်စုအတွင်းမှ ခွဲထွက်မှုမပြုရန် သဘောတူခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် သဘောတူခြင်း၊ ဆုံဆည်းမြိုင် ဒေသတွင် ယာယီအခြေပြု၍ စုကလိဒေသတွင် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ ကလို့ထူးဘောတပ်ဖွဲ့ဝင်များနှင့် မိသားစုများ အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ လူမှုဘ၀မြှင့် တင်ရေး လုပ်ငန်းစဉ်များကို ဥပဒေနှင့် အညီ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သောဆေးဝါးများ တိုက်ဖျက်ရေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခြင်းနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူညီခြင်းစသည့်အချက်များ ဖြစ်သည်။

ယခုတွေ့ဆုံမှုသည် နိုဝင်ဘာလ ၃ ရက်နေ့ကပြုလုပ်ခဲ့သော ပြည်နယ်အဆင့် ဆွေးနွေးပွဲမှရရှိသော အချက်များကို အခြေခံပြီးပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

0 comments: