စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

တိုက်ပွဲ ၆ လအကြာတွင် ကချင် စစ်ပြေးဒုက္ခသည်များထံသို့ နိုင်ငံတကာ သွားရောက် ကူညီ – Kachin refugess get UN relief

မိုးမခအထောက်တော် အမှတ် ၀၀၂

တိုက်ပွဲများ ဖြစ်ပွားပြီး ၆ လအကြာတွင် အရေအတွက် သုံးသောင်းခန့် ရှိမည့် ကချင် စစ်ပြေးဒုက္ခသည်များထံသို့ နိုင်ငံတကာ အကူအညီများ စတင် ရောက်ရှိသွားသည်ဟု အယ်လ်ဂျာဇီးယားသတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။



ကုလသမဂ္ဂ ဦးဆောင်ပြီး ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ယခုလ ၁၃ ရက်နေ့က လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကား ၂ စီးတိုက် ကူညီရေး ပစ္စည်းများကို အစိုးရတပ် နှင့် KIA တပ်များကြားမှ ပို့ဆောင်ပေးလိုက်သည်ဟု ဆိုသည်။

“ဒါတွေဟာ လိုင်ဇာကို ပထမဆုံး ပို့တဲ့ ကုလသမဂ္ဂရဲ့ ကူညီမှုပါ” ဟု ရန်ကုန်မြို့ ကုလသမဂ္ဂ/ယူနီဆက် အဖွဲ့ ပြောခွင့်ရ အရာရှိ Zafrin Chowdhury က ပြောသည်။

“လိုင်ဇာနဲ့ အနီးတ၀ိုက်မှာ ရှိတဲ့ အကူအညီ လိုနေကြသူတွေဆီကို အထောက်အပံ့တွေ ထပ်ပေးနိုင်ဖို့ ကုလသမဂ္ဂက မျှော်လင့်နေပါတယ်” ဟု သူက ဆက်ပြောသည်။

ကချင် စစ်ပြေးဒုက္ခသည်များသည် ပြင်းထန်သည့် ဆောင်းရာသီနှင့် ရင်ဆိုင်နေရသည်။

0 comments: