စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

ပြည်တွင်း၌ ပထမဆုံးသော Call Center ကို ဒီဇင်ဘာလ ၁၇ ရက်တွင် စတင်ဖွင့်လှစ် ယင်းစင်တာ၌ ၀န်ထမ်း ၂၄၀ ရှိပြီး လက်ရှိတွင် ကုမ္ပဏီ ၁၂ ခုက အလုပ်အပ်နှံထား


ပြည်တွင်း၌ ပထမဆုံးသော Call Center ကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက် ကြောင်းသတင်းရရှိသည်။ ယင်း Call Center ၌ ၀န်ထမ်း ၂၄၀ ရှိပြီး လက်ရှိတွင် ပြည်တွင်း ကုမ္ပဏီ ၁၂ ခုက အလုပ်အပ်နှံထားကြောင်း သိရသည်။

Call Center ဆိုသည်မှာ ကုမ္ပဏီများ၏လုပ်ငန်း ၀န်ဆောင်မှုများ အတွက် များပြားသည့် ဖုန်းအ၀င် (Inbound Calls) များ လက်ခံဖြေ ကြားပေးခြင်းနှင့် အထွက် (Outbound Calls) ခေါ်ဆိုပေးခြင်းတို့ကို ၀န်ဆောင်မှုပေးကြောင်း သိရသည်။ ထို့ပြင် ကုမ္ပဏီများအတွက် အသုံးဝင်မည့် အချက်အလက်များကို လေ့လာ ခြုံငုံ သုံးသပ်နိုင်ခြင်း၊ Telecom System ကို အသုံးပြုထားပြီး အော်ပရေတာများက ၂၄ နာရီပတ်လုံး ၀န်ဆောင်မှုပေးခြင်း၊ အင်တာနက် အီးမေးလ်ကိစ္စရပ်များ၊ Live Chat ၀န် ဆောင်မှု၊ Fax ၀န်ဆောင်မှု၊ Instant Messaging ၀န်ဆောင်မှုများကို လည်း လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။

“အလုပ်အပ်နှံသူတွေနဲ့ သဘောတူထားတဲ့ ဘောင်အတွင်းကပဲ ဖြေကြား ၀န်ဆောင်မှုပေးသွားမှာ ဖြစ်ပြီး မဖြေ နိုင်တာတွေကို လက်ခံမှတ်သားပေးထားမှာ ဖြစ်ပါတယ်။ လက်ရှိအလုပ် အပ်ကြတာကတော့ Inbound, Outbound ၀န်ဆောင်မှုနှစ်ခုလုံးမျှ ပါတယ်။ ပြည်ပကပညာရှင်တွေ ကိုလည်း ခေါ်ယူခန့်ထားရပါတယ်။ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေက ၀န်ဆောင်မှုပေးတာရှိသလို ကုမ္ပဏီက ကိုယ့်ဝန်ထမ်းနဲ့ ကိုယ်စင်တာမှာ လာထားမယ်ဆိုရင်လည်း ရပါတယ်။ အဲဒါအပြင်စက်ကနေ အော်တိုဖြေကြား ပေးတာမျိုးတွေလည်း ရှိပါတယ်။ ၀န်ဆောင်ခနှုန်းထားက ဖြေကြား ဆက်သွယ်ပေးရတဲ့ပုံစံ၊ ၀န်ဆောင်မှုပေးရမယ့် အချိန်အတိုင်းအတာ၊ ပမာဏပေါ် မူတည်ပြီးတော့ သတ်မှတ်သွားမှာပါ” ဟု Blue Ocean ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Call Center နှင့်လက်ရှိ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေသည့် ကုမ္ပဏီများတွင် Yellow Pages Directory, Columbus Travels & Tours, Smart Resources ပညာရေးစင်တာ၊ Asian Wings Airline စသည့် ကုမ္ပဏီများပါဝင်ပြီး စုစုပေါင်း ၁၂ ခုရှိကြောင်း သိရသည်။

0 comments: