စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပရန်စီစဉ်



နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ လေဆိပ်ဖွင့်ပွဲနေ့သည် (၄)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့်နေ့ဖြစ်ပြီး ယင်းအစည်းအဝေးသို့ တက်ရောက်ရန် လာရောက်သူများကို နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ကြိုဆိုပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကျားပေါင် တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ဖွင့်လှစ်ပြီးနောက်ပိုင်းတွင်လည်း တည်ဆောက်ရန် ကျန်ရှိနေသေးသည့် တည်ဆောက်မှုအပိုင်းများကို ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ယခုအခါ နေပြည်တော်အတွင်း တွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းကြီးအဖြစ် ရောက်ရှိလာစေရန် ယခင် ဖောက်လုပ်ပြီးစီးခဲ့သည့် လေယာဉ်ပြေးလမ်းအပြင် နိုင်ငံတကာ အဆင့်မီသည့် လေယာဉ်ပြေးလမ်း များကိုလည်း ထပ်မံတိုးချဲ့ တည်ဆောက်နေပြီဖြစ်ပြီး မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်းများ အပြင် နိုင်ငံတကာ လေကြောင်းလိုင်းများလည်း ဆင်းသက်နိုင်တော့မည် ဖြစ်သည်။

လက်ရှိကာလတွင် ပြည်တွင်းရှိမြို့များသို့ ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များသာ ဆင်းသက် လျက်ရှိနေသေးသည်။ နေပြည်တော် နှင့်လေကြောင်း ဆက်သွယ်မှုများတွင်မူ လမ်းပန်းဆက်သွယ်ရေး ဝေးလံ သည့် ပြည်နယ်များရှိ ဒေသများ (ဥပမာ ကျိုင်းတုံ၊ တာချီလိတ်၊ အမ်း၊ ကျောက်ဖြူ၊ ကော့သောင်း၊ စစ်တွေ၊ ဟဲဟိုး၊ ပူတာအို)နှင့် ဆက်သွယ်ရာတွင်မူ အရေးပါလျက်ရှိနေသည်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွင့်လှစ်ပြီးပါက ခရီးသည် သုံးသန်းကျော်ကို ၀န်ဆောင်မှု ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၀၈ ခုနှစ် မေလခန့်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ပထမအဆင့်အနေဖြင့် ပြည်တွင်းလေယာဉ်များ ဆင်းတက်ခြင်းကို ပြုလုပ်ခဲ့ပြီး လေဆိပ်၏ အကျယ်အ၀န်းမှာ ဧက ၅၅၀၀ ကျော်ခန့် ကျယ်ဝန်းကြောင်း သိရသည်။

0 comments: