မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(RUMFCCI)တာဝန်ရှိသူများက နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုး ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယင်းကဲ့သို့ နှစ်နိုင်ငံလုပ်ငန်းများအလိုက် တွေ့ဆုံဆွေးနွေးနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်၏ ခရီးစဉ်နှင့်အတူ Federation of Bangladesh Chamber of Comm- erce and Industry ဥက္ကဋ္ဌ ဦးဆောင် ၍ စီးပွားရေး လုပ်ငန်း ရှင် ၃၆ ဦးတို့ သည် မြန်မာနိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်ငန်းပေါင်း ၂၀ ကျော်တို့တွင် ပူးပေါင်းလုပ်ကိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
''ဆွေးနွေးပွဲကို နေပြည်တော်က ရတနာသိင်္ခဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့လုပ်ငန်းရှင်တွေကတော့ လိုင်းပေါင်းစုံပါလာပါတယ်။ သူတို့အနေနဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့တွေ့ပြီး ပူးပေါင်းလုပ်ကိုင် ချင်တဲ့ အနေအထား တွေနဲ့ အကောင်အထည်ဖော်လုပ်ကိုင်ချင်တဲ့ လုပ်ငန်းတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာဘက်ကတော့ အသင်းချုပ်ကဦးဆောင်ပြီး လုပ်ငန်းရှင် ၄၁ ဦး တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ MoU ထိုးခဲ့တာပါ'' ဟု RUMFCCI တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ နှစ်နိုင်ငံလုပ်ငန်းရှင်များသည် အထည်ချုပ်လုပ်ငန်း၊ဘဏ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အအေးခန်း ဂိုထောင်လုပ်ငန်း၊ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးပစ္စည်းလုပ်ငန်း၊ မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment