
အချိုမှုန့် နှင့် စားသောက်ကုန် ၅ မျိုး နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်ထားသဖြင့် မှောင်ခိုဈေးကွက်မှ တင်သွင်းကြသောကြောင့် အခွန်ငွေများ မရခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။
မှောင်ခို တင်သွင်းကြသဖြင့် “ကုန်ပစ္စည်း၏ အရည်အသွေး စံချိန်စံညွှန်းများကို သက်ဆိုင်ရာ ဌာနများ၏ စိစစ်စမ်းသပ်ခြင်း မပြုနိုင်သည့် အလျောက် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံးနစ်နာလျက်ရှိသည်” ဟု ရေးထားသည်။
၁၀ နှစ်ကျော် ကာလအတွင်း မည်မျှ ဆုံးရှုံးသည်ကို ဖော်ပြထားခြင်း မရှိပေ။
ထိုကုန်ပစ္စည်းတို့ကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပေးရန် ဌာနဆိုင်ရာများ ညှိနှိုင်းနေသည်ဟု ဆိုသည်။
Welcome to SeekaHost
11 months ago










0 comments:
Post a Comment