စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, December 18, 2011

တရုတ်ရိုးရာ ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့မှစ၍ ယုန်နှစ်မှ နဂါးနှစ်သို့ ကူးပြောင်းရောက်ရှိမည် ဖြစ်

တရုတ်ရိုးရာ ပြက္ခဒိန်အရ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့မှစ၍ ယုန်နှစ်မှ နဂါးနှစ်သို့ ကူးပြောင်း ရောက်ရှိမည်ဖြစ်၍ နိုင်ငံတကာ၌ စီးပွားရေး အခြေအနေများ ပြောင်းလဲလာနိုင်ကြောင်း ဗေဒင် ပညာရပ်ဆိုင်ရာ ပညာရှင်များထံမှ သတင်းရရှိပါသည်။

တရုတ်ရိုးရာ ပြက္ခဒိန်နှစ်တွင် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနှင့် ၀က် ဟူသော သတ္တ၀ါ ၁၂ ကောင်တို့ဖြင့် တစ်ကောင်လျှင် နှစ် တစ်နှစ်အဖြစ် သက်မှတ်မှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကျရောက်မည့်နဂါး နှစ်မှာမူ အဆိုပါနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၄ ရက်နေ့အထိ ကျရောက်မည် ဖြစ်သည်။

နဂါးနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်နှစ်အရ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်တာကြောင့် ပစ္စည်းဥစ္စာတိုးတက်မှုတွေ ကြုံနိုင်ပြီး နိုင်ငံတကာမှာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေ ကြုံနိုင်ပါတယ်။ တိုင်းပြည်ကြီး တွေမှာလည်း မင်းပြောင်းမင်းလဲတွေ ဖြစ်ပေါ်နိုင်ပြီး

“နဂါးနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်နှစ်အရ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်တာကြောင့် ပစ္စည်းဥစ္စာတိုးတက်မှုတွေ ကြုံနိုင်ပြီး နိုင်ငံတကာမှာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေ ကြုံနိုင်ပါတယ်။ တိုင်းပြည်ကြီး တွေမှာလည်း မင်းပြောင်းမင်းလဲတွေ ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လာမယ့်နှစ်က မြန်မာပြက္ခဒိန်အရ ၀ါထပ်မယ့်နှစ် ဖြစ်သလို တရုတ်နှစ်မှာလည်း ၀ါထပ်တာကြောင့် ရေဘေးဥပဒ်ကို ဂရုပြုသင့်ပြီး မြန်မာနိုင်ငံကတော့ ကပ်ဆိုးကနေ လွတ် လိမ့်မယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ သရေခေတ္တရာခေတ် AD ၃၀၁ ခုနှစ် ရန်ပေါင်မင်း လက်ထက်တုန်းက ကောင်းကင်မှာနေ နှစ်စင်းထွက်ခဲ့ဖူး တာရှိသလို ဗီ ၅၂၃ မှာဆိုရင် လည်း မိုးကောင်းကင်ကနေ လောင် မီးတွေ ခုနစ်ရက်တိုင်တိုင် ကျခဲ့ဖူးတာကို မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတာ သမိုင်း အထောက်အထားတွေမှာ ပါရှိထားပါတယ်။ ဒါ ကြောင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီး တစ်ခုဖြစ်မယ်ဆိုရင်တောင် ကမ္ဘာကြီးတစ်ခုလုံး ပင်လယ်ရေနဲ့ ဆေးချလိုက်သလို လုံးဝပျက်သွားမှာ မဟုတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုကိုပဲ အခိုက်အတန့် ကြုံရမှာပါ”ဟု ဗေဒင်ပညာရှင် ဆရာ စံဇာဏီဘိုက သုံးသပ်ပြောကြားပါ သည်။

အလားတူ တိရစ္ဆာန်များ အနေဖြင့်လည်း ကပ်ဆိုးအန္တရာယ်ဖြစ်သော နွားရူး၊ ကြက်တုပ်ကွေး၊ ၀က် နားရွက်ပြာရောဂါ စသည်တို့ ရုတ်တရက်ဖြစ်ပေါ်နိုင်ပြီး ကာကွယ် တားဆီးနိုင်မှု နည်းပါးသည့် အခြေအနေ နှင့် ကြုံတွေ့နိုင်ကြောင်း သိရှိရပါသည်။

0 comments: