စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 19, 2011

ရေကြည်မြို့နယ်အတွင်း ထင်းစိုက်ခင်းမှ ပထမဆုံးအကြိမ်ထင်းစတင်ရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မြောက်ခမ်းကျေးရွာတွင် ဒေသခံများနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုးခဲ့သော တစ်အုပ်တစ်မသစ်တောစိုက်ခင်းမှထွက်ရှိသောထင်းများကို ဒေသခံများစတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။

လွန်ခဲ့သောငါးနှစ်က သစ်တောဦးစီးဌာနကဦးဆောင်ကာ ရှစ်ဧကကျယ်သော မလေးရှားပိတောက်စိုက်ခင်း ကို ဒေသခံများ အကူအညီဖြင့်စတင်စိုက်ပျိုးခဲ့ပြီး ယခုလ ၁၁ ရက်က ၎င်းသစ်တောမှ ပင်ကျပ်၊ ပင်ညပ်၊ ကိုင်းဖျားကိုင်းနား များကို ခုတ်ယူရရှိသော ထင်း ၄၅ တန်ကို တစ်အိမ်လျှင် တန်တစ်ဝင်နှုန်းဖြင့် အိတ်ထောင်စု ၉၀ ကိုပေးအပ်ခဲ့သည်။

“တစ်အိမ်ကို တန်တစ်ဝက်ဆိုတော့ သုံးလလောက်ကောင်းကောင်းသုံးလို့ရတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
၎င်းထင်းများမှာ တစ်တန်လျှင် ကျပ်နှစ်သောင်းခန့်ပေါက်ဈေးရှိသည်ဟု ဒေသခံများကပြောသည်။ မြောက်ခမ်းကျေးရွာတွင် လူဦးရေ ၃၀၀ ကျော်နေထိုင်လျှက်ရှိသည်။

ဒေသခံများသို့ သစ်တောဦးစီးဌာနမှ ထင်းများပံ့ပိုးပေးခြင်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ပထမဆုံး အကြိမ်ဆောင် ရွက်ခြင်း ဖြစ်သည်ဟု တိုင်းသစ်တောဦးစီးဌာနမှူးကပြောသည်။ ဧရာဝတီတိုင်းဒေသကြီး သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး နှင့် သစ်တောဦးစီးဌာနတို့မှ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် တစ်အိမ်လျှင် ကျွန်း သုံးပင်၊ သစ်မာပင် ၂၀ နှင့် တစ်အုပ်တစ်မစိုက်ခင်းများကို ဒေသနှင့်ကိုက်ညီသော အမျိုးအစား များကိုမူတည်ကာ စိုက်ပျိုးထားပြီး အခြားကျေးရွာများတွင်လည်း ထုတ်လုပ်ရန်သင့်လျော်သည့်စိုက်ကွက်များမှ ထွက်ရှိသောထင်းများကို အခမဲ့ဆက်လက်ပေးအပ်သွားရန် ရှိကြောင်း တိုင်းသစ်တောဦးစီးဌာနမှူးကပြောသည်။

၎င်းဒေသတွင်ယခင်က ထင်းရရှိရန်တောတိုးခုတ်ရပြီး ယခုကဲ့သို့ ရွာအနီးစိုက်ခင်းမှရရှိသဖြင့် အခွန်မဆောင်ဘဲ အခမဲ့ရရှိခြင်း၊ သယ်ယူရလွယ်ကူခြင်းတို့ကြောင့် သဘောကျကြသည်ဟု ဒေသခံရွာသားများကပြောသည်။

ယခင်က တစ်ရွာလုံးတောတက်ထင်းခုတ်သုံးနေရသဖြင့် ရွာနားတစ်ဝိုက်ရှိသစ်တောများပြုန်းတီးလာပြီး တစ်ရွာတည်းအနေဖြင့် မပြောပလောက်သော်လည်း ထိုကဲ့သို့ရွာပေါင်းများစွာ ဧရာဝတီတိုင်းအတွင်း ကျန်ရှိနေသေးသည်။

0 comments: