စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 26, 2011

တရုတ်နိုင်ငံ လိုင်းရင်း ကချင်ဒုက္ခသည်စခန်း လိုအပ်ချက်များပြားနေဆဲ

ကချင်ပြည်နယ် လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံ လိုင်းရင်းမြို့ဒုက္ခသည် စခန်းတွင်ခိုလှုံနေသည့် ကချင်စစ်ပြေးဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ဒုက္ခသည်စခန်း တာဝန်ခံများ ကပြောသည်။

ဒုက္ခသည် ၂ ထောင်ကျော်ကို လက်ခံထားရှိသည့် လွယ်ဂျယ်မြို့ စိန်ပေါလ် ဘုရားကျောင်း ဒုက္ခသည်စခန်းမှ တာဝန်ခံတဦးက ပြောရာတွင် “အကူအညီကတော့ တကယ်ကို အများကြီး လိုအပ်နေပါတယ်။ ကျွန်မတို့အဓိက လိုအပ်တာကတော့ စားစရာ ဆန်၊ ဆီ၊ ဆား ပေါ့ ။ ဒါပေမယ့် လိုအပ်တာတွေက အများကြီးပဲ။ ရေဆိုရင်လည်း အခက်အခဲရှိတယ်” ဟု ပြောသည်။

တရုတ်ပြည်နယ်စပ်ရှိ လိုင်းရင်းမြို့ ဒုက္ခသည်စခန်းမှ တာဝန်ခံတစ်ဦးက '' အခု ဆောင်းတွင်းဆိုတော့ နှင်းကလည်းကျ အိပ်ယာခင်းတွေကလဲ မပြည့်စုံနဲ့ ဒုက္ခအရမ်းရောက်ပါတယ်။ ဒီနေရာကိုလည်း နေစရာမရှိတဲ့အတွက် တရုတ်ဆီကို သွားတောင်းထားတာပါ။ ဒီတန်းလျားတွေကိုလည်း ကိုယ့်ဟာကို ဆောက်လုပ်နေရတာပါ။ ၀ါးကိုလည်း ကိုယ့်ဟာကိုဝယ်တာ။ ၀ါးတစ်လုံးကို တရုတ်ငွေ ၁၀ယွမ် ပေးပြီး ၀ယ်ရပါတယ် ” ဟု စခန်းတာဝန်ခံကပြောသည်။


တရုတ်နိုင်ငံဘက်အခြမ်းရှိ လိုင်ရင်းကချင်ဒုက္ခသည်စခန်း


ထို့ပြင် ရေအခက်အခဲ ကြုံတွေ့နေရကာ တရုတ်နိုင်ငံ ဒေသခံများက နံနက်နှင့် ညနေ တကြိမ်ရေပေးဝေသည်ကို သယ်ယူကာ သုံးစွဲနေရကြောင်း၊ ရေတွင်းတူးရန် ငွေကြေးအခက်အခဲကြောင့် ကိုယ်တိုင်မတူးနိုင်သေးဟုလည်း ၎င်းကရှင်းပြသည်။
ဆောင်းရာသီ ဖြစ်သဖြင့် အိပ်ယာ၊ စောင် အမိုးအကာ အဓိက လိုအပ်လျှက်ရှိပြီး သောက်သုံးရေ ရရှိရေးသည်လည်း အခက်အခဲတခုဖြစ်နေသည်ဟု ယခုရက်ပိုင်းအတွင်း ဆန် ဆီနှင့် အသုံးအဆောင် ဆေးဝါးများ သွားရောက်လှုဒါန်းခဲ့သည့် မူဆယ်မြို့ ကုန်သည်ကြီးများ အသင်းနှင့် အခြားသော စေတနာရှင်များအဖွဲ့မှ ကိုသိန်းဝင်း ကပြောသည်။

တရုတ်နိုင်ငံ လိုင်းရင်းမြို့ရှိ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ ၁၆၀၀၀ ကျော်ရှိနေပြီး အများစုမှာ လွန်ခဲ့သည့် ၆ လခန့် ကေအိုင်အေနှင် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲစတင်စဉ် ကတည်းက ရောက်ရှိနေသူများ ဖြစ်သည်ဟု စခန်းတာဝန်ရှိသူက ဆိုသည်။ တရုတ်နိုင်ငံဘက်အခြမ်းတွင် ဆွေမျိုးသားချင်း ရှိသဖြင့် စခန်းတွင်လာရောက် မနေထိုင်သည့် စစ်ပြေးဒုက္ခသည်များလည်း ရှိသည်ဟု ၎င်းကပြောသည်။


ဒုက္ခသည်စခန်းမှ မိသားစုတစ်စု


စခန်းတွင် အဓိက ကျွေးမွေးသည့် အစားအစာမှာ ဆန်၊ ဆီ၊ ဆားနှင့် ပဲပုတ်သာဖြစ်သဖြင့် ကလေးငယ်များ အဟာရချို့တဲ့မှုဒဏ် ခံစားနေရသည်ဟုလည်း စခန်းတာဝန်ခံက ပြောပြသည်။ ရာသီဥတု အအေးဒဏ်နှင့် ပတ်သက်၍ ယင်းတာဝန်ခံကပင် “ လူကအရမ်းများတော့ အချို့ဆိုရင် မြေကြီးမှာပဲ အိပ်နေရပါတယ်။ အခုဆိုရင် ၀မ်းလျှောရောဂါဖြစ်လို့ လူ ၃ ယောက် သေသွားပါပြီ။ တန်းလျားကြီးနဲ့ လူအများကြီးစုနေရတော့ ကူးစက်ရောဂါအတွက် ကျွန်မတို့စိုးရိမ်နေရပါတယ် ” ဟုလည်း ကျန်းမာရေး နှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် ပြဿနာများကို ပြောပြသည်။

ထို့ပြင် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲလည်း ရှိနေကြောင်း စခန်းတွင် ရှိနေသည့် ကလေး ၄ ထောင်ကျော်မှာ စစ်ဘေးဒဏ်ကြောင့် စခန်းသို့ရှောင်တိမ်းလာပြီး ယနေ့အချိန်ထိ ပညာမသင်ကြားနိုင်ကြကြောင်းလည်း စခန်းတာဝန်ခံက ပြောသည်။ ။

0 comments: