စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, December 28, 2011

သံယာတော်များ နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် အခက်အခဲအချို့နှင့်ကြုံတွေ့နေရ

သံဃာတော်များသည် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် သတ်မှတ်ထားသော ထောက်ခံစာများ ရှိနေမှသာ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးမှုများ ပြုလုပ်၍ရသောကြောင့် အချိန်ကြန့်ကြာမှု အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သံဃာတော်များ နိုင်ငံကူးလက်မှတ်အသစ်များ ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးရာတွင် မိမိလက်ရှိ သီတင်းသုံးသော ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာ၊ မြို့နယ်သံဃနာယက ဆရာတော်၏ ထောက်ခံစာနှင့် မြို့နယ်ရဲစခန်း၏ ထောက်ခံစာ တို့ကိုယူဆောင်ပြီး အထက်သာသနာရေးဌာနရုံးကို တင်ပြရသည်။ ၎င်း သာသနာရေးဌာနရုံးမှ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်စာရရှိမှသာ နိုင်ငံကူးလက်မှတ် ပြုလုပ်ရေးဌာနသို့ သွားရောက်ပြုလုပ်နေရကြောင်းလည်း သိရသည်။

''နာဂစ် မဖြစ်ခင်တုန်းကဆိုရင် ဦးဇင်းတို့ Passport လုပ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးတစ်ခုထဲမှာတင် အပြီးလုပ်လို့ ရတယ်။ အခုဆိုရင် ကျောင်းထိုင်ဆရာတော်ရဲ့ ထောက်ခံစာ၊ မြို့နယ်သံဃာ့နာယက ဆရာတော်ရဲ့ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာတို့ကို အရင်သွားယူရတယ်။ ပြီးတော့မှ အဲဒါတွေကို အထက်သာသနာရေးရုံးကို တင်ပြရတယ်။ အထက်သာသနာရေးရုံးက ပြုလုပ်ခွင့်စာကျမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးကို သွားပြီးတော့ ပြုလုပ်ခွင့်ရတာပါ။ အဲဒီလိုပြုလုပ်ရ တာတွေက ဦးဇင်းတို့အတွက်ရော၊ တခြားသံဃာတော်တွေအတွက်ရော အခက်အခဲတွေ ကြုံတွေ့နေရသလို အချိန်လည်း အကြာကြီး စောင့်ရပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင် ပေးစေလိုပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပန်းပင်ကုန်း(၅)ရပ်ကွက်ရှိ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာ ဗိမာန်ကျောင်းတိုက်မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။

0 comments: