စာဖတ်နေသူပေါင်း
We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label နိုင်ငံတကာ သတင်း. Show all posts
Showing posts with label နိုင်ငံတကာ သတင်း. Show all posts
Wednesday, October 3, 2012
အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး
ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့် မိသားစုများနေထိုင်နိုင်ရန်
အိမ်များဆောက်လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ်ထူထောင် နိုင်ရန်အတွက်သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက်ရှိနေပါတယ်။
 အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး
 ဒေါ်လာ ၁၅၅၀၀အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည်
 ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်း
မှတာဝန်ယူလှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများအတွက
 (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေး
အပ်မှာဖြစ်ပါတယ်။
 သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော 
စွပ်စွဲချက်များအားငြင်းဆန်ယင်း
သူမအနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း 
သို့ သော်လည်းယခုအခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား
 ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့် 
အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်။
သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့ 
အာဝါဟလုပ်ပြီးလှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက်
ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။
 အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့ 
အငြင်းပွားဖွယ်ရာတွေဖြစ်စေခဲ့ ပါတယ်။
" ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စ
တစ်ခုလို့ မြင်ပါတယ်။.ဒီမှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။
မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။
 ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ
အိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ်
မသတ်မှတ်နိုင်ပါဘူး။
ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ်
မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမကရှင်းပြခဲ့ ပါတယ်...
"လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။
ကျွန်မဟာ အချစ်ကိုကိုးကွယ်ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး
တစ်ဦးပါ.။
ဒါပေမယ့် ဒီအတွက်ကြောင့် လည်းကျွန်မအနေနှင့် အပြောင်းလဲကြီးပြောင်း
လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား
ခဲ့ ပါတယ်။
.
အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ်
အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ်
လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ
ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ 
တာဖြစ်ပါတယ်။
 ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ်
 ချစ်တင်းမနှောခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ
အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။
.
လူပျိုအစစ်အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့ 
အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး
ချယ်ထားပါတယ်.
အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ
 ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့် 
ရရှိမည်ဖြစ်ပါတယ်။
 လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း
မနှောမှီ ကာလသားရောဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေ
အားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေ
ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ 
ကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။
 လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး 
ကာတာရီနာကတော့ သူမအနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက်
သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်.။
Myanmar Online News
Saturday, August 4, 2012
လန်ဒန်၌ အမျိုးသမီး ၂ ဦး အပေါ်ပိုင်းဗလာဖြင့် အစ္စလာမ်မစ် အစွန်းရောက်များအား ကန့်ကွက်ဆန္ဒပြ
Photo: Reuters.
အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနှင့် အာဏာရှင်များအား ဆန့်ကျင်ရှုံ့ချသည့် အနေဖြင့် လန်ဒန်၌ အပေါ်ပိုင်းဗလာဖြင့် ကန့်ကွက်ဆန္ဒပြခဲ့သည် ယူကရိန်းနိုင်ငံမှ အမျိုးသမီး ၂ ဦးအနက် ၁ ဦးအား လန်ဒန်ရဲမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တွေ့ရမည်ဖြစ်သည်။
သူမတို့ ၂ ဦးသည် အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်နိုင်ငံများနှင့် အာဏာရှင်များသည် အမျိုးသမီးများ၏ အခွင့်အရေးများအား လစ်လျူရှုပြီး ချိုးနှိမ်နေသည်ကို မကျေနပ်၍ ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
သူမတို့သည် "အရှက်မရှိ လန်ဒန်အိုလံပစ် (Olympic Shame)" "အစ္စလာမ်ဘာသာရေး ဥပဒေများ ပယ်ဖျက်ပေး (No Sharia)" ဟူသော စာတမ်းများအား ယင်းတို့၏ ကိုယ်ပေါ်၌ ရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Monday, July 23, 2012
ပရာနတ် မူခါဂျီး အိန္ဒိယ သမ္မတသစ်ဖြစ်
Pranab Mukherjee Indian Former Finance Minister
အိန္ဒိယနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အာဏာရ ညွှန့်ပေါင်းအဖွဲ့က ပရာနတ်မူခါဂျီး (Pranab Mukherjee) အနိုင်ရသွားပြီဖြစ်ပါတယ်။ အိန္ဒိယ Congress ပါတီ ခေါင်းဆောင်ဟာ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော် ဥပဒေပြု အမတ်တွေရဲ့ ထောက်ခံမဲ လုံလောက်စွာ ရပြီး အိန္ဒိယနိုင်ငံရဲ့ ၁၃ ယောက်မြောက် သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။
နယူးဒေလီ မြို့တော်က သူ့နေအိမ် အပြင်ဘက်မှာ တနင်္ဂနွေနေ့က သူ့ကိုထောက်ခံသူ ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။ ပရာနတ်မူခါဂျီး ဟာ အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး ဘဏ္ဏာရေးဝန်ကြီး ဌာနမှာ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာအရင်က နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ Pratibha Patil ရဲ့နေရာကို ဆက်ခံရမှာလည်း ဖြစ်ပါတယ်။
VOA
HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို
March on Washington, AIDS conference 2012 (Photo by Juan Moreno)
HIV ရောဂါပိုး ရှိသူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ နိုင်ငံဝင်ရောက်ခွင့် ဗီဇာ မပေးတာ စတဲ့ တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ AIDS ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ ဦးဆောင်ညွန့်ပေါင်း အဖွဲ့ကြီးရဲ့ အကြီးအကဲဖြစ်သူတွေက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။
ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
VOA
Sunday, July 22, 2012
ကားလမ်းပိတ်ဆို့မှုဖြစ်သွားစေတဲ့ ကိုယ်လုံးတီး တရုတ်အမျိုးသား (၀ါ ) ဒုတိယ မင်းအုပ်စိုး..
မွေးရာပါ ၀တ်စုံနဲ့ တရုတ်အမျိုးသား တဦးက ရဲကားကို အလေးပြုနေပုံ ။ ဓာတ်ပုံများ- Daily Mail Reporter
တရုပ်နိုင်ငံ Anhui ပြည်နယ်အတွင်းက Hefei မြို့လယ်ကောင် လူစည်ကားရာ လမ်းမပေါ်တွင် တရုတ် ကင်းလှည့်ရဲကားကို ကိုယ်လုံးတီး တရုတ် အမျိုးသားက လမ်းပေါ်တက်အလေးပြုမှုကြောင့် လမ်းပိတ် ဆို့မှုဖြစ်ပွားခဲ့တာကို ဇူလိုင်လ ၁၈ ရက်နေ့က Daily Mail အွန်လိုင်း သတင်းတွေမှာဖော်ပြထားပါတယ်။
ဒီတရုတ် အမျိုးသားဟာ အစောပိုင်း ဘောင်းဘီတိုဝတ်ထားစဉ်မှာလည်း လမ်းမပေါ်က ကားရှေ့ ကာ ဟန့်တား
တာ၊ ကားဘောနက်အဖုံးပေါ် တက်တာစသဖြင့်လည်း လုပ်ခဲ့ပါသေးတယ်။
တနေရာမှာတော့ အမျိုးသမီးမောင်းလာတဲ့ ကား ဘောနက်ပေါ် တက်ထိုင်ပြီး သူက ကိုယ်လုံးတီးနဲ့ အမျိုးသမီး ကို လက်ညှိုးထိုးနေတဲ့ ပုံတခုလည်း မြင်တွေ့ရမှာပါ။
နောက် သူက လမ်းမပေါ် ပက်လက်လှန်ပြီး လမ်းမပေါ် လှဲချကာ ကားတွေရှေ့ကနေ ပိတ်ဆို့ထားပါတယ်။
နောက်ဆုံးတော့ တရုတ်ရဲတွေက အခင်ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကပဲ သူ့ကို ဖမ်းဆီးအရေးယူ သွားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Saturday, July 21, 2012
အမေရိကန်ရုပ်ရှင်ရုံပစ်ခတ်မှု ၁၂ ဦးသေ
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။
Aurora ရပ်ကွက်က Century 16 ရုပ်ရှင်ရုံမှာ လင်းနို့လူသား (Batman) နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ The Dark Knight Rises ရုပ်ရှင် သန်းခေါင်ချိန်မှာ စပြနေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ လူ တယောက်က လူအပြည့်ရှိနေတဲ့ရုပ်ရှင်ရုံ အရှေ့ကို ထွက်လာပြီး ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ဘက်ကို မျက်ရည်ယိုဗုံးတလုံးလှမ်းပစ်ပြီး တွေ့ရာမြင်ရာကို ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။
မွေးကင်းစကလေးတယောက်ကိုလည်း အနီးကပ်ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ရုပ်ရှင်ရုံ အပြင်ဘက် ကားရပ်ထားတဲ့နေရာမှာ သေနတ်သမားကို ဖမ်းမိခဲ့ပြီး ရိုင်ဖယ်သေနတ်တလက်၊ ပြောင်းတို သေနတ်တလက်နဲ့ အဆိပ်ငွေ့ကာ မျက်နှာဖုံးစွပ် တခုကိုလည်း သိမ်းဆည်းရမိတယ်လို့ ရဲကပြောပါတယ်။
ရုပ်ရှင်ရုံထဲမှာလည်း နောက်ထပ် သေနတ်တစ်လက်ကို တွေ့ရှိခဲ့ပါတယ်။ မသင်္ကာသူဟာ အသက် ၂၄ နှစ်အရွယ် James Homes ဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ အခုပစ်ခတ် မှုဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ လက္ခဏာ မတွေ့ရဘူးလို့ ရဲက ပြောပါတယ်။ အရင်က ပစ်ခတ်မှုမှာ နောက်တယောက်လည်းပါတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် တကယ်တော့ လူတယောက်တည်းက ပစ်ခတ်မှုတွေကို လုပ်တာလို့ Aurora ဒေသ ရဲချုပ်က သတင်းစာရှင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။ ဖမ်းမိတဲ့ မသင်္ကာသူက သူ့တိုက်ခန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေရှိတယ်လို့ စစ်ဆေးသူတွေကို ပြောခဲ့တာကိုလည်း ရဲချုပ်က ပြန်ပြောပြပါတယ်။
ဒါကြောင့် သေနတ်သမားရဲ့ နေအိမ်မှာ ဖောက်ခွဲပစ္စည်းတွေရှိ မရှိကို သက်ဆိုင်ရာက ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထံမှာ သမ္မတ Barack Obama က သူရော သမ္မတကတော်ပါ ခြောက်ခြား ကြေကွဲဖွယ်ပစ်ခတ်မှုကြောင့် တုန်လှုပ် စိတ်မကောင်းဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။
VOA
Saturday, June 16, 2012
ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပွဲစဉ်အများစု၌ ဆန္ဒပြမှုများ ရှိ
ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပွဲစဉ်အများစု၌ ဆန္ဒပြမှုများ ရှိခဲ့သည့် အမျိုးသမီး သမီးများ အဖွဲ့တစ်ခုဖြစ်သော Femen သည် ယမန်နေ့က ယူကရိန်း အသင်းနှင့် ပြင်သစ် အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင် ဆန္ဒပြရန်အတွက် ဒိုးနက်မြို့သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ အဖွဲ့ဝင် ၃ ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အဖွဲ့ဝင် ၃ ဦးမှာ အလက်ဇန္ဒရား ရှက်ဗ်ချန်ကို၊ ရာနာဇဟာဒါနိုဗာနှင့် အန်နာဘောရှာကိုဗာတို့ ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အင်နာရှက်ဗ်ချန်ကိုက အဆိုပါ အဖွဲ့သည် ဒိုးနက်မြို့သို့ ရောက်ရှိစဉ်တွင် အမျိုးသား ၁၅ ဦးပါဝင်သည့် နောက်ယောင်ခံလိုက်ခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပျောက်ဆုံးသွားသည့် အဖွဲ့ဝင်များမှာ တစ်ဦးတစ်ယောက်မျှ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။ Femen အဖွဲ့သည် ပိုလန်နှင့် ယူကရိန်း နိုင်ငံအတွင်း အခြားသော ကိစ္စများကို လိုက်လံ၍ ကန့်ကွက် ဆန္ဒပြလေ့ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယူကရိန်း အစိုးရအနေဖြင့် အဆိုပါ အမျိုးသမီး အဖွဲ့အစည်းကို တရားဝင် နိုင်ငံရေး ဆိုင်ရာ အဖွဲ့အဖြစ် အသိအမှတ် ပြုခြင်းမရှိသလို ယင်းနှင့် ပတ်သက်၍ မြောက်များ စွာသော အမျိုးသမီး များမှာလည်း ဖမ်းဆီးခံနေရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ရှက်ဗ်ချန်ကိုက ဆိုရာတွင် မိမိတို့ အနေဖြင့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ဆက်လက်၍ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မိမိတို့၏ အစီအစဉ်မှာ ယူရို ပြိုင်ပွဲနှင့် ဆက်စပ်သည့် မည်သည့် နေရာတွင်မဆို ဆန္ဒပြရန်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Friday, May 11, 2012
အသက်ရှင်ကျန်သူမရှိသော အင်ဒိုနီးရှားမှ ရုရှားလေယာဉ်ပျက်ကျမှု
မေလ ၉ ရက် (ဗုဒ္ဓဟူးနေ့) က ပျက်ကျခဲ့သည် Sukhoi super-jet 100 လေယာဉ်တွင် ပါဝင်သော ခရီးသည် အားလုံး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ခရီးသည်များမှာ အင်ဒိုနီးရှား ၃၃ ဦး၊ ရုရှား ၈ဦး၊ အီတလီ ၂ ဦး၊ ပြင်သစ် ၁ ဦး၊ အမေရိကန် ၁ ဦး တို့ ပါဝင်ကြောင်း သိရသည်။
မေလ ၁၀ ရက်နေ့က ဂျာဗားကျွန်းအနောက်ဘက် Bogor တောင်စောင်းတွင် ပျက်ဆီးနေသော လေယာဉ်နှင့် သေဆုံးသူ အလောင်းများကို ပြန်လည်တွေ့ရှိခဲ့သည်။
သေဆုံးသူခရီသည်အချို့၏ မိသားစုဝင်များ ငိုကြွေးနေမှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။ နောက်ဆုံးသတင်များအရ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၅၀ ဝန်းကျင်ရှိပြီး အားလုံး သေဆုံးခဲ့ကြောင်း သိရသည်။
Ref:news.cn
Wednesday, April 11, 2012
အင်ဒိုမှာ ငလျင်လှုပ်၊ ဆူနာမီဖြစ်လာဖွယ် မရှိ
ဒီနေ့ နေ့ခင်း အင်ဒိုနီးရှား အာချေးဒေသ ငလျင်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ ဒေသခံများ (ဓာတ်ပုံ -Getty Images)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမှာ ဒီနေ့ နေ့ခင်း ငလျင်ကြီးတခု လှုပ်သွားတဲ့အတွက် ဆူနာမီဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေကို အရေးပေါ် နေရာပြောင်းရွှေ့ပေးလိုက်ပါတယ် လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဟာဝိုင်ယီကျွန်း အခြေစိုက် ပစိဖိတ် ဆူနာမီ သတိပေးဌာန (Pacific Tsunami Warning Center) ရဲ့ ထုတ်ပြန်ချက်တခုမှာ မြန်မာ နဲ့ ကမ်းရိုးတန်းနိုင်ငံတွေ ဆူနာမီ ကျရောက်ဖွယ် ရှိတယ်လို့ ဆိုထားပေမယ့် နောက်ပိုင်းမှာတော့ ဒီအန္တရာယ်ကနေ လွတ်မြောက်သွားပါပြီ ဆိုပြီး AP သတင်း တပုဒ်မှာ ရေးထားပါတယ်။
အခြေအနေက ထင်ထားတာလောက် မဆိုးဘူးလို့ ဆူမတြားဒေသကို လေ့လာနေတဲ့ ငလျင်ပညာရှင် Roger Musson က ဆိုလိုက်ပါတယ်။
ငလျင်က အလျားလိုက် မလှုပ်ဘဲ ဒေါင်လိုက် လှုပ်သွားတယ်၊ ဒါကြောင့် ရေလှိုင်း အကြီးကြီးတွေ ဖြစ်မသွားခဲ့ဘူး တဲ့။
"ဆူမတြားနားမှာ ပြင်းအာ ၈ ဒဿမ ၇ လှုပ်သွားတယ် ဆိုတော့ ကျနော် အရမ်း လန့်သွားတယ်။ ဘယ်လိုငလျင်အမျိုးအစားလဲ ဆိုတာကို သိလိုက်မှဘဲ တော်တော်လေး စိတ်သက်သာရာ ရသွားတယ်" လို့ သူက ဆိုပါတယ်။
နောက်ထပ် ငလျင်တခု ထပ်လှုပ်ပြန်ပါတယ်။ ဒီတခါတော့ ပြင်းအာ ၈ ဒဿမ ၂ ရှိတယ်လို့ ဆိုပါတယ်။
အသေအပျောက်သတင်းများ၊ အပြင်းအထန် ထိခိုက်တဲ့ သတင်းများ မကြားရပါဘူး။
ဒေသခံများကတော့ အင်မတန် တုန်လှုပ်သွားပါတယ် (ဓာတ်ပုံ - Reuters)
အဲဒီအချိန်မှာ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စတဲ့ ကမ်းရိုးတန်းနိုင်ငံတွေ ငလျင်လှုပ်တယ်၊ မလေးမှာဆို အထပ်မြင့် အဆောက်အအုံတွေ တမိနစ်ဝန်းကျင်လောက် ခါသွားတယ်လို့ ဆိုတယ်။
အဲဒီလိုဖြစ်နေချိန်မှာ ရန်ကုန်၊ မန္တလေးတို့မှာလည်း ငလျင်လှုပ်သွားကြောင်း အလဲဗင်းမီဒီယာရဲ့ ဖေ့စ်ဘုတ်သတင်းတိုတခုမှာ ရေးထားတာ ဖတ်လိုက်ရပါတယ်။
၂၀၀၄ ခုနှစ် အဲဒီဒေသမှာ ငလျင်လှုပ်ရာက ဆူနာမီ ဖြစ်ပေါ်လာပြီး အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းနိုင်ငံတွေက လူပေါင်း ၂ သိန်းကျော် သေဆုံးတဲ့အထိ အပျက်အစီး ဖြစ်ခဲ့ပါတယ်။ အဲဒီငလျင်ဗဟိုချက်မအင်ဒိုနီးရှားရဲ့ အာချေးဒေသ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ရပါတယ်။
Sunday, April 1, 2012
ထိုင်းတောင်ပိုင်း ဗုံးကွဲ ၁၀ ဦးသေ ၁၀၀ ကျော်ဒဏ်ရာ ရ
ထိုင်း နိုင်ငံ တောင် ပိုင်း ယာလာ တွင် စနေ နေ့ က ဗုံးပေါက် ကွဲ မှု ဖြစ်ပွား ခဲ့ ရာ ဆယ်ဦးသေ
ဆုံး ပြီး လူ ၁၂၀ ကျော် ဒဏ် ရာ ရရှိ ခဲ့ သည် ဟု ဘန်ကောက် ပို့  စ် သတင်း စာ တွင် ဖော်
ပြ ထား သည်။
ပထမ ဦးဆုံးပေါက် ကွဲ သည့် ဗုံးမှာ လူ စည် ကား ရာ စတိုးဆိုင် အနီး ကာရာ အိုကေ ဆိုင် အပြင်
ဘက်ရှိ မော်တော်ဆိုင်ကယ် ရပ် နား ရာ တွင် ဖြစ် ပွား ခဲ့ ခြင်း ဖြစ်ပြီး ဒုတိယ မြောက် ဗုံး မှာ ခိုး
ယူ လာ သည့် မော်တော် ကား တစ်စီး မှ ပေါက် ကွဲ ခဲ့ ခြင်း ဖြစ်သည်။
ပေါက် ကွဲ အား ပြင်းထန် သည့် တတိယ မြောက် ဗုံး ကြောင့် မော်တော် ကား များ ဈေးဆိုင် များ
နှင့် လူ နေအိမ်များ ပါ ပျက်စီးသွား သည်။
ပြီးခဲ့ သည့် နှစ် ဇန်န ၀ါရီ လ က လူ ၉ ဦး သေဆုံး သည့် ဗုံး ပေါက် ကွဲ မှု ပြီး နောက် ယခု ဗုံး
ပေါက် ကွဲ မှု သည် အပြင်းထန် ဆုံး ဖြစ်သည်။
ထိုင်း နိုင်ငံ တောင် ပိုင်း တွင် မွတ်ဆလင် ခွဲ ထွက် ရေး သူ ပုန် များ အခြေ စိုက် ကာ အကြမ်း
ဖက် လုပ် ရပ် များ နှင့် စစ်ရေး ပစ်မှတ် များ ကို ကျုး လွန် လေ့ ရှိ သည်။
ယာလာ ၊ နာရထီဝတ် နှင့် ပဌာနီ စသည့် ထိုင်းတောင်ပိုင်း ခရိုင်များ မှာ မွတ် ဆလင် အများ
စု နေ ထိုင်ကြသည်။
Thai, Blast, Yala,
Sunday, March 25, 2012
အမေရိကန်သမ္မတအိုဘားမား အာရှခရီးစဉ်စတင်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မတ်လ ၂၄ ရက်နေ့ အစောပိုင်းက အာရှသို့ ခရီးထွက်ခဲ့ပြီး ယင်းခရီးစဉ်တွင် ဆက်ဆံရေး တင်းမာနေသည့် ကိုရီးယားနှစ်နိုင်ငံကြား အခိုင်အမာပြုထားသည့် နယ်စပ်ဇုန်သို့လည်း သွားရောက်မည်ဟု သိရသည်။
သမ္မတနှင့် ၎င်း၏လက်ထောက်များကို တင်ဆောင်လာသည့် Air Force One ၀ါရှင်တန်မြို့ပြင်ရှိ အင်ဒရူး လေတပ်စခန်းမှ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ထွက်ခွာလာခဲ့သည်။
အိုဘားမားသည် တောင်ကိုရီးယားတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်သား ၂၈၅၀၀ အနက် သေဆုံးခဲ့သည့် စစ်သားအချို့ကို ချီးကျူးဂုဏ်ပြုရန် ဆန္ဒရှိနေသည်။ ထို့ပြင် ပြန်လည်အလေးထားလာသည့် အာရှဒေသတွင် အဓိကမဟာမိတ်ဖြစ်သော တောင်ကိုရီးယား၏ အင်အားကိုလည်း ဂုဏ်ပြုလိုသည်ဟု ဆိုသည်။
အိုဘားမားသည် ဆိုးလ်တွင် ပြုလုပ်မည့် ၅၃ နိုင်ငံ နျူထိပ်သီး ဆွေးနွေးပွဲမတိုင်မီ တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်နှင့် မတ်လ ၂၅ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ နောက်တစ်နေ့တွင် တရုတ်သမ္မတ ဟူကျင်တောင်နှင့် ပိုမိုအရေးကြီးသည့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ် ကြောင်း အရာရှိများက ပြောကြားခဲ့ သည်။ မတ်လ ၂၆ ရက်နေ့တွင် ရာထူးမှ အနားယူတော့မည့် ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံမည်ဟု သိရသည်။
ထို့အပြင် အိုဘားမားသည် တူရကီနှင့် ကာဇက်စတန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
Ref:AFP
Monday, February 27, 2012
၈၄ ကြိမ်မြောက် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု ချီြးှမှင့် ပွဲ
84th Annual Academy Awards: Documentary Feature
Winner: Undefeated
အကောင်းဆုံး ဇာတ်ကား ဆု ကို The Artist ဇာတ်ကား က ရရှိ သွား ပါတယ်။
{{{{ The Artists သည် အကောင်းဆုံး ဇာတ်ကား ဆု အပါအ၀င် အော်စကာ ဆု ၁၀ လျှာထားခံရသည်။ ဟောလိဝုဒ် အသံတိတ် ရုပ်ရှင် ခောတ် တွင် လျှမ်းလျှမ်းတောက်
အောင်မြင် နေသည့် မင်းသား ဂျော့ ဗယ်လင်တင် ၏ အတက် အကျ ၊ အနိမ့်အမြင့်
သံသာရာဖြစ်သည်။ မင်းသား အဖြစ် အောင်မြင်စဉ် က စိတ်တိုင်းကျ သုံးဖြုံး နိုင် သော်
လည်း နိမ့်ပါးသည့် အခါ ခွေးစာ ဖို့  ပင် မတတ် နိုင်တော့ ။ ပက်ပီ မီလာ သည့် ဂျော့ ဗယ်လင်တင် ၏ ပရိသတ် အဖြစ်မှ ခောတ်ဟောင်း က ပါပါရာဇီ တို့  ၏ ကျေးဇူးကြောင့်
ချက်ခြင်း နာမည် ကျော်ကာ ဟောလီဝုဒ် မင်းသမီး ဖြစ်လာခဲ့ သည်။ ကျွန်တော် တင်သည့်
ရွှေမင်း သမီး ဇာတ်လမ်း ကို အနု ရသ မြောက်အောင် နှင့် လွမ်းဖွယ် ဆွေးဖွယ် အတုယူ
ဖွယ် ဖြစ်အောင် ရိုက်ကူး နိုင်သည်။}}}}}
ဆုပေးပွဲ အခမ်းအနား သို့  တက်ရောက် လာသည့် ဘရက် ပစ် နှင့် အန်ဂျာလီနာဂျိုလီ
အကောင်းဆုံး မင်းသား ဆု ကို The Artist ဇာတ်ကား က မင်းသား Jean Dujardin က ရရှိခဲ့ ပါတယ်။ သူဟာ ဒီဇာတ် ကား မှာ ထိပ်တန်း အောင်မြင် တဲ့ အသံတိတ် မင်းသား ခောတ်ကထားစရာ နေရာမရှိလောက် အောင်အဖြစ်က နေ နောက်ဆုံး ခွေးစာ ကျွေး ဖို့  ပိုက်ဆံ မရှိတော့ ဘ၀ ကို ရောက်တဲ့ အထိ အနုပညာရှင် တစ်ယောက် ရဲ့  ဘ၀ အနိမ့် အမြင့် နေရာ မှာပိုင် နိုင် စွာ သရုပ်ဆောင်ခဲ့ ပါတယ်။ အကောင်း ဆုံး ဒါရိုက်တာ ဆု ကို လည်း ဒီဇာတ်ကား ရဲ့ ဒါရိုက်တာ Michel Hazanavicius က ပဲ ရ ရှိ သွား ပါတယ်။
အကောင်း ဆုံး မင်းသမီး ဆု ဗြိတိသျှ ၀န်ကြီး ချုပ် မာဂရက် သက်ချာ ရဲ့  ဘ၀ ဇာတ်ကြောင်း ကို ရိုက်ကူးထားတဲ့ The Iron Lady မှာ သရုပ်ဆောင်ထားတဲ့
Meryl Streep က ရရှိခဲ့ ပြီး ဒီဇာတ်ကား က ပဲ အကာင်း ဆုံး မိတ်ကပ် ဆု ကိုလည်း
ရရှိ ခဲ့ ပါတယ်။
အကောင်း ဆုံး မိတ်ကပ် ဆု ဗြိတိသျှ ၀န်ကြီး ချုပ် မာဂရက် သက်ချာ ရဲ့  ဘ၀ ဇာတ်ကြောင်း ကို ရိုက်ကူးထားတဲ့ The Iron Lady က ရရှိ ခဲ့ ပါတယ်။
Sunday, February 26, 2012
5.9-magnitude earthquake strikes southern Taiwan(ထိုင်ဝမ်မှာ ၅.၉ ပြင်အား အဆင့် ရှိ ငလျှင် လှုပ်)
ထိုင်ဝမ်မှာ ၅.၉ ပြင်အား အဆင့် ရှိ ငလျှင် လှုပ် (ထိုင်ဝမ်မှာ မြန်မာ နဲ့  မြန်မာ ပြည်ဖွား-တရုတ် တစ်သောင်း ခန့် ရှိ )
5.9-magnitude earthquake strikes southern Taiwan
By the CNN Wire Staff
February 26, 2012 -- Updated 0305 GMT (1105 HKT)
(CNN) -- A 5.9-magnitude earthquake struck southern Taiwan on Sunday, the U.S. Geological Survey reported.
The quake's epicenter was located 35 miles east of Kaohsiung and had a depth of 2.9 miles, according to USGS.
There were no immediate reports of injuries.
Saturday, February 25, 2012
အီရန် နျူကလီးယား ကိစ္စ အနောက်အုပ်စုကို ပူတင်ဝေဖန်
ရုရှားက ဆောက်ပေးတဲ့ အီရန်က နျူကလီးယား စက်ရုံ
အီရန် နိုင်ငံက နျူကလီးယား အစီအစဉ်ကို အကြောင်းပြပြီး အီရန် အစိုးရ အပြောင်းအလဲ ဖြစ်သွားအောင် အနောက်အုပ်စုက ကြိုးစားနေတယ်လို့ ရုရှား ဝန်ကြီးချုပ် Vladimir Putin ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြား လိုက်ပါတယ်။
ရုရှား ရပ်တည်ချက်က အနောက်အုပ်စုနဲ့ ကွဲပြားပြီး အနောက်အုပ်စုရဲ့ ကြိုးပမ်းချက် တွေကိုလည်း ဆန့်ကျင်တယ်လို့ မစ္စတာ ပူတင်က ဆိုပါတယ်။
ဒီနျူကလီးယား အစီအစဉ်ဟာ အရပ်ဖက်မှာ အသုံးချဖို့ပါလို့ အီရန်ရဲ့ တစိုက်မတ်မတ် ပြောနေပေမယ့် စစ်ဖက် အတွက် ပြောင်းလဲ အသုံးချမှာကို အလွန်အမင်း ဆက်ပြီး စိုးရိမ်မိတယ်လို့ နိုင်ငံတကာ အနုမြူ အေဂျင်စီ IAEA က ပြောကြား ခဲ့ပြီးတဲ့နောက် မစ္စတာ ပူတင်ရဲ့ အနောက်အုပ်စု အပေါ် ဝေဖန်ချက် ထွက်လာတာ ဖြစ်ပါတယ်။
အီရန် အစိုးရဟာ IAEA နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက် လုပ်ဆောင်သွား ပါလိမ့်မယ်လို့ IAEA အရာရှိက ပြောပါတယ်။
အီရန် နျူကလီးယား အစီအစဉ်ကို အရပ်ဖက်အတွက်သာ အသုံးချ စေချင်တဲ့ နိုင်ငံတကာရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို လိုက်လျောဖို့ အီရန်ဖက် က ပျက်ကွက်နေတယ်လို့ ကုလသမ ဂ္ဂက ဆိုပါတယ်။
BBC
တရုတ်နဲ့ ရုရှား ဗီတိုသုံးတာ စက်ဆုပ် ရွံ့စရာကောင်းတယ်လို့ ကလင်တန်ပြော
ဆီးရီးယား မိတ်ဆွေများ ညီလာခံက ကလင်တန်
ဆီးရီးယား နိုင်ငံမှာ စစ်တပ်က လူထုကို သတ်ဖြတ်နေချိန်မှာ ကုလသမ ဂ္ဂရဲ့ ဆီးရီးယား အစိုးရ အပေါ် အရေးယူမှုကို ရုရှားနဲ့ တရုတ်နိုင်ငံ က ဆန့်ကျင်တာဟာ စက်ဆုပ် ရွံ့ရှာစရာ ကောင်းတယ်လို့ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေ ၊ ရဲရင့်ရဲ့ လူငယ်တွေ အသတ်ခံရပြီး အိမ်ယာတွေ မီးရှို့ခံနေရ ချိန်မှာ ကုလသမ ဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံက သူတို့ရဲ့ ဗီတိုကို သုံးပြီး မျက်ကွယ်ပြုနေတာကို ကြည့်ရတာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စက် ကလင်တန်က ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားဟာ ဆီးရီးယားကို လက်နက် ထောက်ပံ့နေတာကြောင့် ရုရှားရဲ့ လက်မှာ သွေးတွေ စွန်းထင်းနေတယ်လို့ သူက ပြောပါတယ်။
ဆီးရီးယားရဲ့ မိတ်ဆွေများ လို့ အမည်ရတဲ့ အဖွဲ့ထဲမှာ နိုင်ငံပေါင်း ခြောက်ဆယ်လောက် ပါဝင်ကြပြီး တူးနစ်မြို့မှာ ကျင်းပတဲ့ အဲဒီအဖွဲ့ အစည်းအဝေးမှာ မစ္စက် ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီညီလာခံကို ရုရှားနဲ့ တရုတ် နိုင်ငံ ကိုယ်စားလှယ်တွေ တက်ရောက်တာ မရှိခဲ့ပါဘူး။
BBC
Sunday, February 19, 2012
အီရန် နယူးကလီးယား အစီအစဉ် တိုးချဲ့မယ့်ပုံရှိ
အီရန် သမ္မတ နယူး ကလီးယား စက်ရုံတွေ လှည့်လည် ကြည့်ရှု
အီရန်က ယူရေနီယံ သန့်စင်ရာမှာ မရှိ မဖြစ် လိုအပ်တဲ့ စက်ပစ္စည်းအမြောက် အမြားကို ကွမ်းမြို့နားက မြေအောက် နယူး ကလီးယား စက်ရုံ တခုမှာ တပ်ဆင်ဖို့ အသင့် ဖြစ်နေပြီလို့ အိုင်အေအီးအေ သံတမန် တယောက်က ပြောလိုက်ပါတယ်။
ရာနဲ့ချီတဲ့ စင်ထရီဖြူကိရိယာတွေကို တပ်ဆင် ပြီးတဲ့ အခါ အီရန် အနေနဲ့ ယူရေနီယံ သြဇာ ဖြည့် လုပ်ငန်းတွေကို သိသိသာသာ အရှိန်မြှင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အစောပိုင်းကတော့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က အီရန်မှာ နယူးကလီး ယား နည်းပညာ ရှိသွားပြီ ဆိုရင် အရှေ့ အလယ်ပိုင်းက တခြား နိုင်ငံတွေကလည်း နယူးကလီးယား အပြိုင် တပ်ဆင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
သန့်စင်ထားတဲ့ ယူရေနီယံဟာ စွမ်းအင် ထုတ်လုပ်တဲ့ နေရာမှာ သုံးနိုင်သလို လက်နက် ထုတ်လုပ်ဖို့လည်း သုံးနိုင်ပါတယ်။
တဘက်မှာ ခုရက်ပိုင်းတွေ အတွင်းမှာ အီရန် သမ္မတ အာမက် ဒီနေဂျက်က အီရန်ဟာ တိုးတက်မှုကြီးတွေ ရနေပြီဆိုပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာက အီရန်ကို နယူးကလီးယား သန့်စင်မှုတွေ ရပ်ဖို့ ဖိအား ပေးနေပေမယ့် ခု ရထားတဲ့ စင်ထရီဖြူ ကိရိယာတွေ တပ်ဖို့ ပြင်နေပြီဆိုတဲ့ သတင်းတွေ အတည်ဆိုရင် အီရန်ဟာ နိုင်ငံတကာက ဖိအားပေးမှုတွေကို နားထောင်ပုံ မရတာကို ပြနေပါတယ်။
အီရန် နိုင်ငံသား အများ အပြားကတော့ သူတို့ နိုင်ငံ နယူးကလီးယား နည်းပညာ ပိုင်တဲ့ နိုင်ငံ ဖြစ်လာမှာကို ဂုဏ်ယူနေပါတယ်။
တခိျု့ကလည်း ဂျပန်ပုံစံမျိုး၊ နယူးကလီးယားလက်နက် လက်ဝယ်ပိုင်ဆိုင်တာမျိုး မဟုတ်ပဲ နည်းပညာ ပိုင်ထားပြီး ထုတ်ချင်တဲ့ အချိန် ကောက်ထုတ်လို့ ရတဲ့ အနေ အထားကိုလည်း စဉ်းစားကောင်း စဉ်းစားနေနိုင်ပါတယ်။
Ref: BBC
ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့အတွက် စစ်ရေးပြပွဲပြုလုပ်
ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်က စစ်ရေးပြပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်
လုပ်ကြံခံရပြီး သေဆုံးသွားပြီဟုသတင်းများ ထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်က ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။
လူထောင်ပေါင်းများစွာ ပြည့်နှက်နေသောရင်ပြင်ကို ကြည့်ရှုနေသော ကင်ဂျုံအီလ်အငယ်ဆုံးသား ကင်ဂျုံအွန်နှင့် အကြီးတန်းတာဝန်ရှိသူများပုံကို နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့သည်။ ပြုံးနေသော ကင်ဂျုံအီလ် ပုံတူရုပ်ကြီးကို ချိတ်ဆွဲထားပြီး စစ်သားများက ကင်ဂျုံအီလ်နှင့် ၎င်း၏ ဖခင်ကင်အီဆွန်းတို့ကို အလေးပြုခဲ့သည်။
သေဆုံးခဲ့ပြီးဖြစ်သော ကင်အီဆွန်းနှင့် ကင်ဂျုံအီလ်တို့ကို စစ်သားများက လေးစားမှုရှိကြောင်း၊ လက်ရှိခေါင်းဆောင်ကင်ဂျုံအွန်ကို သစ္စာရှိမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် ဗဟိုသတင်းဌာနအေဂျင်စီ (KCNA) က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားတွင်မူ မြောက်ကိုရီးယားမှထွက်ပြေးလာသူ နှစ်ဒါဇင်ခန့်သည် ပန်းခြံတစ်ခုတွင် တွေ့ဆုံခဲ့ပြီး ကင်ဂျုံအီလ်ကို ဝေဖန်ထားသည့်စာများ၊ ကင်ဂျုံအီလ်သည် ပြည်သူသုံးသန်းခန့်ကို ငတ်ပြတ်သေဆုံးစေကြောင်း ရေးထားသောစာများ၊ ဒီဗီဒီများ ပါဝင်သည့် ပူဖောင်းများအား လွှတ်တင်ခဲ့ကြောင်း သိရသည်။
လုပ်ကြံခံရပြီး သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်
ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်းဖြစ်
လုပ်ကြံခံရပြီး သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန် ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်းဖြစ်
၂၀၁၂ ခုနှစ်တွင် နျူလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၌ နိုင်ငံထူထောင်သူ ကင်အီဆွန်းမွေးနေ့ ရာပြည့်ကို ဧပြီလ ၁၅ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး ယခုဖေဖော်ဝါရီလ ၁၆ ရက်မှာ ကင်ဂျုံအီလ်၏ အနှစ် ၇၀ ပြည့်မွေးနေ့ ဖြစ်သည်။ ကင်ဂျုံအီလ်နေရာ ဆက်ခံခဲ့သော ကင်ဂျုံအွန်လက်ထက်တွင် မြောက်ကိုရီးယားမူဝါဒများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြုံယမ်းက သတိပေးခဲ့ပြီး တောင်ကိုရီးယား လက်ရှိသမ္မတ လီမြောင်ဘတ် အစိုးရကို ဝေဖန်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများဖြစ်နေသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်ဖြစ်လာသူ ကင်ဂျုံအွန်ကလည်း ဆိုးလ်၏ လက်ရှိအစိုးရနှင့် သဘောတူညီမှုများ ပြုလုပ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
Ref: CNN
အမေရိကန်နှင့် တောင်ကိုရီးယား မြစ်ဝါမြစ်အတွင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်
အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားမှ ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို တန်ပြန်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လာမည့်အပတ်တွင် မြစ်ဝါမြစ်အတွင်း စတင်မည်ဖြစ်ကြောင်း ဖေ ဖော်ရီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက် အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်မှ Aegis အမျိုးအစား သင်္ဘောနှစ်စီးနှင့် တောင်ကိုရီးယား တစ်စီးအပါအ၀င် စုစုပေါင်းသင်္ဘော အစီး၂၀ နှင့် Lynx ရဟတ်ယာဉ်များ၊ P3-C ရေငုပ်သင်္ဘောဖျက် လေယာဉ်များလည်း ပါဝင်မည်ဖြစ်သည်။
အဆိုပါပူးပေါင်းစစ်ရေး လေ့ကျင့်မှုသည် အကြီးမားဆုံး မဟာမိတ်နိုင်ငံများအချင်းချင်းပူးပေါင်းကာ ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်မတ်လက မြစ်ဝါမြစ်ထဲတွင် မြောက်ကိုရီးယားမှ တောင်ကိုရီးယားစစ်သင်္ဘောတစ်စီးအား တော်ပီဒိုဖြင့် ပစ်ခတ်၍ လူပေါင်း ၄၆ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုးလ်ဘက်မှ စွပ်စွဲခဲ့သည်။ ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် တောင်ကိုရီးယားသည် အမေရိကန်နှင့်ပူးပေါင်း၍ ရေငုပ်သင်္ဘောများဖျက်စီးရန် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။
အဆိုပါစွပ်စွဲချက်အား မြောက်ကိုရီးယားမှငြင်းဆန်ခဲ့သောလည်း နှစ်နိုင်ငံနယ်စပ်ရှိ ကျွန်းတစ်ကျွန်းအား ယင်းနှစ်နိုဝင်ဘာလတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ တောင်ကိုရီးယား လူလေးဦး သေဆုံးခဲ့ရသည်။ အဓိက စစ်ရေးလေ့ကျင့်ခြင်းသည် ဖေဖော်ရီလ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ်ပြီးမတ်လ ၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
Foal Eagle ဟု အမည်ပေးထားသော နှစ်နိုင်ငံ လေတပ်၊ရေတပ်နှင့် ကြည်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းသည် မတ်လ ၁ ရက်နေ့တွင်စတင်၍ ဧပြီလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် စစ်ဖြစ်စေရန် လှုံ့ဆော်မှုများသာဖြစ်သည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ထားသည်။
Ref: AFP
တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်း မတော်တဆဖြစ်မှုကြောင့် လူ ၁၅ ဦးသေဆုံး
ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ ကျောက်မီးသွေးတွင်းသို့ ရဲများလာရောက်စစ်ဆေးနေစဉ်
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် လေးယန်းမြို့အနီးရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ ဖေဖော်ရီလ ၁၆ ရက်နေ့က ဓာတ်ရထားတိမ်းမှောက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၅ ဦး သေဆုံး၍ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ကျောက်မီးသွေးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ရာဒေသတွင် လုပ်ငန်းရှင်များသည် အကျိုးအမြတ်ရရှိရေးသာ ရှေ့တန်းတင်၍ ကျောက်မီးသွေးလုပ်သားများ၏ လုံခြုံရေးအား အလေးအနက်မထားမှုများကြောင့် ဤကဲ့သို့သော မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
အလုပ်သမားများ အခွင့်အရေးအဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ ကျောက်မီးသွေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ စီးပွားရေးထိခိုက်နစ်နာမှုနှင့် ပြစ်ဒဏ်များအား တိမ်းရှောင်လို၍ လုပ်သားများ၏ မတော်တဆဖြစ်မှုများအား ဖုံးကွယ်ထားမှုများအပါ အ၀င် အခြားသောအကြောင်းအရာများကြောင့် ကျောက်မီးသွေးလုပ်သားများ၏ သေဆုံးမှုနှုန်းသည် နှစ်စဉ်
တိုးမြှင့်လျှက်ရှိသည်။ ၂၀၁၀ တွင် လုပ်သားပေါင်း ၂၄၃၃ ဦး သေဆုံးခဲ့သည်။ အစိုးရ စာရင်းဇယားများ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် ကျောက်မီးသွေးလုပ်သားများသည် ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ခြောက်ယောက်နှုန်းမျှ သေဆုံးနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးသည် လျှင်မြန်စွာတိုးတက်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်များသည်လည်း တစ်ဟုန်ထိုး တိုးတက်လျှက်ရှိသည်။ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းအား ကမ္ဘာပေါ်တွင် ကျောက်မီးသွေးအများဆုံးထုတ်နိုင်သော အာရှနိုင်ငံများပေါ် တွင် မှီခိုလျှက်ရှိသည်။
Ref: AFP
Friday, February 17, 2012
လေယာဉ် ဗုံးခွဲသမား ထောင် တသက် ကျ
စွဲချက် ၈ ခု အတွက် အပြစ်ရှိကြောင်း ဝန်ခံ
အမေရိကန် လေယာဉ် တစင်းကို အတွင်းခံ ဘောင်းဘီထဲ ဗုံးထည့်ပြီး ဖောက်ခွဲဖို့ ကြံတဲ့ နိုင်ဂျီးရီးယား လူမျိုး အစ္စလာမ် ဘာသာဝင် တဦးကို ထောင် တသက် အများဆုံး ပြစ်ဒဏ် အဖြစ် အမေရိကန် ဖက်ဒရယ် တရားသူကြီး တဦးက ချမှတ်ခဲ့ပါတယ်။
လူ ၂၉၀ လောက်ကို သတ်ရန် ကြံစည်မှု အပါအဝင် စွဲချက် ၈ ခု အတွက် အပြစ်ရှိကြောင်း ဖောက်ခွဲရေး သမား အူမာ ဖာရွတ် အဗ္ဗဒူလ် မူတာလဘ်က တရားခွင်မှာ ဝန်ခံ ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာက အမ်စတာဒမ် လေဆိပ်မှာ အနောက်မြောက် လေကြောင်းပိုင် လေယာဉ်တစင်းမှာ လိုက်ပါလာပါတယ် ။
ခရစ္စမတ်နေ့မှာ လေယာဉ် ခရီးဆုံး ဒက်ထရွိုက်မြို့ကို ရောက်ခါ နီးလာတဲ့အခါ သူက ဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
သူလည်း ဆိုးဆိုးရွားရွား မီးလောင်ခံခဲ့ရပါတယ်။ လေယာဉ်ပေါ် ပါသူများတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။
BBC