ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပွဲစဉ်အများစု၌ ဆန္ဒပြမှုများ ရှိခဲ့သည့် အမျိုးသမီး သမီးများ အဖွဲ့တစ်ခုဖြစ်သော Femen သည် ယမန်နေ့က ယူကရိန်း အသင်းနှင့် ပြင်သစ် အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင် ဆန္ဒပြရန်အတွက် ဒိုးနက်မြို့သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ အဖွဲ့ဝင် ၃ ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ အဖွဲ့ဝင် ၃ ဦးမှာ အလက်ဇန္ဒရား ရှက်ဗ်ချန်ကို၊ ရာနာဇဟာဒါနိုဗာနှင့် အန်နာဘောရှာကိုဗာတို့ ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ အင်နာရှက်ဗ်ချန်ကိုက အဆိုပါ အဖွဲ့သည် ဒိုးနက်မြို့သို့ ရောက်ရှိစဉ်တွင် အမျိုးသား ၁၅ ဦးပါဝင်သည့် နောက်ယောင်ခံလိုက်ခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ပျောက်ဆုံးသွားသည့် အဖွဲ့ဝင်များမှာ တစ်ဦးတစ်ယောက်မျှ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။ Femen အဖွဲ့သည် ပိုလန်နှင့် ယူကရိန်း နိုင်ငံအတွင်း အခြားသော ကိစ္စများကို လိုက်လံ၍ ကန့်ကွက် ဆန္ဒပြလေ့ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယူကရိန်း အစိုးရအနေဖြင့် အဆိုပါ အမျိုးသမီး အဖွဲ့အစည်းကို တရားဝင် နိုင်ငံရေး ဆိုင်ရာ အဖွဲ့အဖြစ် အသိအမှတ် ပြုခြင်းမရှိသလို ယင်းနှင့် ပတ်သက်၍ မြောက်များ စွာသော အမျိုးသမီး များမှာလည်း ဖမ်းဆီးခံနေရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ရှက်ဗ်ချန်ကိုက ဆိုရာတွင် မိမိတို့ အနေဖြင့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ဆက်လက်၍ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မိမိတို့၏ အစီအစဉ်မှာ ယူရို ပြိုင်ပွဲနှင့် ဆက်စပ်သည့် မည်သည့် နေရာတွင်မဆို ဆန္ဒပြရန်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Welcome to SeekaHost
3 days ago
0 comments:
Post a Comment