မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်း Razali Ismail က မြန်မာနိုင်ငံအနေနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မှာ အစွန်းမရောက်ဘဲ ဖေါ်ဆောင်နေပုံကို သူ့ အနေနဲ့  ကျေနပ် အားရကြောင်း ချီးမွမ်းပြောဆို လိုက်ပါတယ်။
အခုအခါ GMMF ခေါ် ကမ္ဘာ့မစ္ဇျိမပဋိပဋာ နည်းကျ လှုပ်ရှားမှု အဖွဲ့  ရဲ့ ဥက္ကဋ္ဌ
ဖြစ်သူ့ မစ္စတာ Razali Ismail က မြန်မာနိုင်ငံ ဟာ ခေါင်းဆောင်ကောင်းတွေ ရဲ့ ဦးဆောင်မှု အောက်မှာ ပွင့်လင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး သူ့ အနေနဲ့  ဒီဖြစ်စဉ်မှာ ပါဝင်နိုင်တဲ့ အခွင့်အရေးရခဲ့တဲ့ အတွက် ၀မ်းမြောက်ကြောင်း ပြောပါတယ်။
အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက တကမ္ဘာလုံးကအသိအမှတ်ပြု
လာအောင်ဆောင်ရွက်နိုင်ခွင့်ရပြီဖြစ်ပါတယ် လို့  ပြောသွားပါတယ်။
RFA
0 comments:
Post a Comment