
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ခေတ္တ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန် စံတော်ချိန် ဒီကနေ့ ညနေပိုင်းမှာ ဗြိတိန် ဝန်ကြီးချုပ် ဟောင်း ဂေါ်ဒွင်ဘရောင်းနဲ့
တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မနက်ဖြန် ၂၆ ရက်နေ့မှာ
ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့မှာ ပြင်သစ်
နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမယ်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေကို စီစဉ် ဆောင်ရွက်နေတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက်မှာ ဗြိတိန်နိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Welcome to SeekaHost
11 months ago










0 comments:
Post a Comment