စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 28, 2012

သတိမူ မိသော မြန်မာ့အလင်းသတင်းစာပါ အမှားအယွင်းများ




(ဂျွန် ၂၆) ထုတ် မြန်မာ့အလင်းသတင်းစာပါ အိုင်တီနည်းပညာကဏ္ဍတွင် အောက်တွင်ဖော်ပြ ထားသည့်အတိုင်း သတိလေးမူမိလိုက်သည်ကို မျှဝေလိုက်ပါသည်။

ပထမပုံမှာ - ကမ္ဘာကျော် အက်ပဲလ်ကုမ္ပဏီက နောက်ဆုံးပေါ် iPhone 4 နှင့် 4S ကို လာမည့် ဇွန် ၂၉ မှစပြီး ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။ မှားနေသည်ကတော့ ထပ်လောင်းပြောစရာ လိုမည်ပင်မထင်။

ဒုတိယပုံမှာ - ဆမ်ဆောင်းကုမ္ပဏီက Galaxy Note 10.1 ကို လာမည့် ဇူလိုင် ၃၀ ရက်နေ့တွင် စတင်ပြီး ထုတ်လုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပုံအားလည်း ဖော်ပြထားခဲ့သည်။ မှားနေသည်ကတော့ "အပေါ်ပုံ" ဟု စာတမ်းထိုးထားသည့် ပုံသည် Galaxy S III ပုံဖြစ်ပြီး Galaxy Note 10.1 မဟုတ်ပေ။

တတိယပုံကတော့ Facebook က ဂျွန် ၉ ရက်နေ့က လွှင့်တင်ခဲ့သည့် Facebook AppCenter သတင်းကို ဖော်ပြထားခြင်းဖြစ်သည်။ မြန်မာဘာသာပြန်အရ "အေပီပီစင်တာ" သို့ သွားရောက်ကြည့်ရှု သုံးစွဲနိုင်မည်ဟု သိရှိရသည်။

0 comments: