စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 29, 2012

လူတစ်သန်းကြိုဆိုရေး (သီချင်း)

လေဘာပါတီ ရုံးချုပ်သစ် ဖွင့်ပွဲကို ဇွန် ၂၆ က လန်ဒန်မြို့မှာ ကျင်းပခဲ့ရာ တက်ရောက် ဖွင့်လှစ်ပေးတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို လေဘာပါတီ ခေါင်းဆောင် Ed Miliband က ကြိုဆို နှုတ်ဆက် (BBC)
မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။




မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများ
ကို ဆောင်ယူပြီး နိုင်ငံ အနာဂတ် ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်း အတွင်း ဆိုက်ရောက်တော့မည်ဖြစ်ပါသည်။ လာမည့် 30 ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ လူထုခေါင်းဆောင်ကြီး ရောက်ရှိ ခြေချတော့မည်ဖြစ်ပါသည်။

သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခု ကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန် အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံ အပြန်ခရီးကို မြန်မာပြည်ကိုချစ်သော မြန်မာ့ အနာဂတ် အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများ အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလို ဟု ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။

by myherosukyi

0 comments: