စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 27, 2012

စစ်တွေမြို့၏ ဇွန်လ ၂၇ ရက်နေ့ နောက်ဆုံးအခြေအနေ

Waiyan's Photos - FACEBOOK


စစ်တွေမြို့မဈေးကြီးကို ယနေ့ (ဇွန် ၂၇ ရက်)မှစ၍ ၃ ရက်အတွင်းပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောကြားခဲ့သည်။ ဇွန်လ ၂၆ ရက်က ပြုလုပ်သည့် စစ်တွေမြို့မိမြို့ဖများနှင့် ရန်ကုန်မှရောက်ရှိလာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၇ ရက် (ယနေ့)တွင် စစ်တွေမြို့ကုန်တန်းရပ်ကွက်ရှိ ဘင်္ဂါလီ ၆၀၀ ကျော်အား သဲချောင်းကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ရန် အစိုးရအဖွဲ့တာဝန်ရှိသူများက စီစဉ်နေကြောင်းသိရှိရသည်

ဘင်္ဂါလီများကို ရခိုင်တိုင်းရင်းသားများနှင့် သီးသန့်ခွဲခြားနေရာချထားပေမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက စစ်တွေမြို့မိမြို့ဖများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


စစ်တွေမြို့မဈေးအတွင်းရှိ ဘင်္ဂါလီလူမျိုးများပိုင်ဆိုင်သော ဆိုင်ခန်းများမှ
ပစ္စည်းများအားလုံးကို ဈေးသာယာရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင်
စတင်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း စစ်တွေမြို့ရှိ 7Day News သတင်းထောက်က ပေးပို့သည်။ ဘင်္ဂါလီတို့၏ ပစ္စည်းများကို လက်ရှိ ၎င်းတို့တည်ရှိရာ ဒုက္ခသည်စခန်းကျေးရွာများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြစ်ရေလျှံတက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်များရှိ ရပ်ကွက်များအတွင်းသို့ ရေများ ၀င်ရောက်လာခဲ့၍ ဇွန်လ ၂၇ ရက်နေ့ (ယနေ့) နံနက် ၃ နာရီမှစ၍ ရေမြုပ်ရပ်ကွက်များရှိ ဒေသခံများ ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့နေရကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က(၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု (၄၀) ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တော မေယုတောင်ပေါ်ကားလမ်းရှိ မြေသားလမ်းပြိုကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားကာ ခရီးသည်တင်ယာဉ်များ ရှေ့ဆက်လက် မသွားနိုင်ဘဲ ဖြစ်နေရကြောင်း၊ ဘူးသီးတောင်-စစ်တွေ ရေယာဉ်များလည်း ထွက်ခွာနိုင်ခြင်း မရှိကြောင်း သိရသည်။

ကျောက်တော်မြို့တွင်လည်း ယိုးချောင်းရေ မြင့်တက်မှုကြောင့် ကမ်းအနီးရှိ ရွာများသို့ ရေ၀င်ရောက်ကာ ရေအမြင့် သုံးပေအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြထားပါတယ်။

US Department of State

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးကြဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့ရာမှာ -

မိမိတို့ အနေနဲ့ နှစ်နိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ထားပါတယ်။ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေတာပါပဲ။ အခု အခါ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ဟာ မြန်မာအစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေပြီး ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံအားပေးပါတယ်။ အလားတူ ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့လည်း သွားရောက်တွေ့ဆုံ မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့တွေ့ ဆုံ ဆွေးနွေးကြမယ် ဆိုတာလည်း အင်မတန်ကောင်းပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Victoria Nuland က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြ ရတဲ့ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF စတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ ပြင်ဆင်နေ ကြပါတယ်။

0 comments: